#Local_News
Published - 5 September 2022
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၂၂၀ ကျပ်အဖြစ် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ကြေညာထားပါတယ်။
#Yangon_Media_Group
Published 5 Sept 2022
(၇)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့တွင် စက်တင်ဘာ (၅)ရက် တနင်္လာနေ့က” ဝင်ရိုးစုံကမ္ဘာသို့ ဝင်ပေါက်လမ်း”ဆိုတဲ့ အာဘော်နှင့် ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံပေါင်း ၆၀ကျော်နှင့် ဒေသတွေက ကိုယ်စားလှယ်တွေ ဖိုရမ်တက်ရောက်လာကြတယ်လို့ ကြီးမှူးကျင်းပသူက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်တက်ရောက်ဖို့ရှိပါတယ်။
EEF ဟာ ၂၀၁၅ခုနှစ် မေလမှာပူတင်ရဲ့ အမိန့်ဒီကရီနှင့် တည်ထောင်ခဲ့ပါတယ်။ အဲဒီအမိန့်ဒီကရီအရ ဗလက်ဒီဗိုစတော့ခ်မှာ နှစ်စဉ်ကျင်းပရမှာဖြစ်ပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နှင့် အာရှပစိဖိတ်ဒေသမှာ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Source CCTV+
#Eastern_Economic_Forum_(EEF)
#7th_EEF
#Vladivostok_Russia
#Local_News
Published - 5 September 2022
လတ်တလောမှာ ဟိုတယ်လုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေအတွက် မီးစက်တွေမဖြစ်မနေဝယ်ယူနေရတဲ့အတွက် လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်းတွေ မြင့်တက်လာတယ်လို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုညီညီထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 5 September 2022
ကြက်သွန်နီလက်လီရောင်းဈေးနှုန်းတွေဟာ ဒိုင်လက်ကားဈေးတွေနှင့် ကွာဟမှုတွေရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 5 September 2022
၁။ ကြက်သွန်နီ လက်လီဈေးများ ဒိုင်လက်ကားဈေးများနှင့် ကွာဟမှုတွေရှိနေ
၂။ မီးစက်များ မဖြစ်မနေဝယ်နေရ၍ လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်း မြင့်တက်နေ
၃။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ၅၂၂၀ ကျပ်ဟု တိုးမြှင့်သတ်မှတ်ထား
၄။ နယူးယော့ခ်မှ မြင်းလှည်းရထားလုံးများကို ဆန့်ကျင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 5 September 2022
အရင်ကာလတွေအတိုင်း ဆေးဝါးတင်သွင်းတယ့်အခါ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါက ပြည်တွင်းမှာ နိုင်ငံခြားဆေးတွေဈေးမြင့်တက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
#Yangon_Media_Group
Published: 4 Sept 2022
အစ္စရေး ရှေးဟောင်းသုတေသနပညာရှင်တွေဟာ နှစ်သန်းဝက်သက်တမ်းတဲ့ ရှားပါး ဆင်စွယ် တစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီ ဆင်စွယ်ကြီးဟာ ယခုမျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အလွန်ကြီးမားတဲ့ ဆင်ကြီးတစ်ကောင်ထံမှဖြစ်ပြီး သမိုင်းမတင်မိ လူသားတွေရဲ့ လူမှုအလေ့အထတစ်ခုရဲ့ အထောက်အထားတစ်ခုလို့လည်း ပညာရှင်တွေက မြင်နေကြပါတယ်။
အဲဒီ ၈.၅ပေခန့်ရှည်ပြီး ပေါင် ၃၃၀ခန့် အလေးချိန်ရှိတဲ့ ဆင်စွယ်ကြီးကို တောင်ပိုင်း အစ္စရေးက ရာဗာဒင်းရွာကလေးအနီးမှာ တူးဖော်ရင်း ဇီဝဗေဒပညာရှင် အီတန်မောက တွေ့ရှိခဲ့တာပါ။
အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ရဲ့ အစီအစဉ်နှင့် အဲဒီတူးဖော်မှုမှာ တွေ့ရှိရတဲ့ အဲဒီဆင်စွယ်ရုပ်ကြွင်းဟာ အရှေ့ပိုင်းအနီးမှာ ရှာတွေ့သမျှထဲ အကြီးဆုံးဖြစ်ပါတယ်။
မူလအခြေအနေကို အများကြီးထိန်းထားနိုင်တဲ့ ဒီဆင်စွယ်ကြီးရှာတွေ့တာဟာ အင်မတန် ဆန်းပြားလှတယ်လို့ တူးဖော်မှုဆိုင်ရာ ညွှန်ကြားရေးမှူး အေဗီလီဗိုင်းက ပြောပါတယ်။
“ ဆင်က အဖြောင့်အစွယ်ဆင်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း လေးသိန်းဝန်းကျင်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်” လို့လည်း သူကဆက်ပြောပါတယ်။
ဆင်စွယ်အနားတွေ့ရတာက သမိုင်းမတင်မီလူသားသုံးခဲ့တဲ့ မီးခတ်ကျောက်လက်နက်တွေဖြစ်တယ်။ အဲဒီလက်နက်နှင့် ဒေသထဲက တိရိစ္ဆာန်တွေကို လှီးဖြတ်အရေခွံခွာခဲ့ကြတယ်။ အဲဒီအထဲမှာ ဆင်တွေလည်းပါတယ်” လို့ သူကပြောပါတယ်။
အာဖရိကနှင့် အာရှဥရောပကို ကုန်းကြောင်းချိတ်ဆက်ပေးတဲ့ အဲဒီဒေသရဲ့ သမိုင်းမတင်မီလူသားတွေရဲ့ သရုပ်သကန်ဟာလျှို့ဝှက်ဆန်းကြယ်လှတယ်လို့ လီဗိုင်းကပြောပါတယ်။
“ လူတွေရဲ့ရုပ်ကြွင်းတွေကို ဒီမှာရှာမတွေ့ဘူး။ သူတို့ရဲ့အသုံးအဆောင်ယဉ်ကျေးမှုပဲရှာတွေ့တယ်။ တိရိစ္ဆာန်အရိုးတွေ ဒါမှမဟုတ် ကျောက်လက်နက်တွေဖြစ်ဖြစ် သူတို့သုံးပြီးရင် လွှင့်ပစ်ကြတယ်” လို့ လည်းသူကဖြည့်စွက်ပြောပါတယ်။
ဆင်စွယ်ရဲ့ အရွယ်အစားကိုကြည့်ပြီး ဆင်ဟာ မတ်ရပ်အနေအထားမှာ အရပ် ၁၆ပေခွဲလောက်မြင့်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီနေ့တွေ့ရတဲ့ အာဖရိကဆင်တွေထက် အများကြီး မြင့်ပါတယ်။
မုဆိုးအုပ်စုတွေဟာ တစ်ချိန်ချိန်မှာ ဒီကိုရောက်လာကြလိမ့်မယ်။ အဲဒီမှာ သူတို့ဟာ မိန်းမတွေနှင့် သတင်းအချက်အလက် တွေ ရောင်းဝယ်ကြလိမ့်မယ်။ နှစ်များစွာအားနည်းခဲ့တဲ့လူမှုဆက်ဆံရေးပြန်လုပ်ကြလိမ့်မယ်။ ဆင်တွေကိုအမဲလိုက်လိမ့်မယ်။ ဒါဟာ အမှတ်သညာတစ်ခုဖြစ်တယ်” လို့ တဲလ်အဗစ်တက္ကသိုလ်က ဇီဝမနုဿဗေဒပညာရှင် အစ္စရေးဟတ်ရှ်ကိုဗစ်က ပြောပါတယ်။
ဆင်စွယ်ဟာ အဓိကသင်္ကေတစ်ခုပဲ။ သူတို့ရဲ့ အရွယ်အစားနှင့်အလေးချိန်ကြောင့် သူတို့ဟာ လှည့်လည်သွားလာနေတဲ့ သူတွေနှင့်အတူ လိုက်ပါ သွားလာဖို့မရှိခဲ့ဘူး လို့လည်း သူကပြောပါတယ်။
ဒီဆင်စွယ်တွေ အနားတစ်ဝိုက်မှာ သူတို့ဟာ ရိုးရာပွဲတစ်မျိုးမျိုးလုပ်ခဲ့ကြလိမ့်မယ်။ တစ်ချိန်ကျတော့ သူတို့ ရွှေံပြောင်းဖို့ဖြစ်လာတယ်။ မိသားစုတွေဟာ နောက်ထပ်နေစရာအသစ်တွေရှာဖို့ ခြေဦးတည့်ရာသွားကြရတယ်” လို့ သူကဆက်ပြောပါတယ်။
ယခုရှေးဟောင်းတူးဖောက်မှုကို တဲလ်အဗစ်နှင့် ဘင် ဂူရီယွန် နီဂက်တက္ကသိုလ်က ပညာရှင်တွေဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး အဲဒီဆင်စွယ်ကို အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်ဌာနကို လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။
Source AFP
#Rare_elephant-tusk
Page 791 of 997