#Local_News
Published _15 September 2022
ပြီးခဲ့တဲ့ ရက်ပိုင်းက မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ မော်တော်ယာဉ်ကြီးတွေ လမ်းခရီးအဆင်မပြေတဲ့ အကြောင်းတွေကြောင့် ကုန်သွယ်လုပ်ငန်း နည်းနည်းတုန့်ဆိုင်းသွားရာကနေ အခုဆိုရင် နဂိုအတိုင်းပုံမှန် ပြန်ဖြစ်နေပါပြီ။
#Yangon_Media_Group
#Local_News
Published_ 15 September 2022
ဗုဒ္ဓဂါယာခရီးစဉ်တွေ ပြန်လည်စတင်သွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့အမီ ဗုဒ္ဓဂါယာကို ဘုရားဖူးခရီးသွားလိုသူတွေများပြားနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်း
နောင်းဟန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 15 September 2022
မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတီတစ်ဆူ မိုးကြိုးပစ်ခံရပြီး စိန်ဖူးတော်မြေခပျက်စီးခဲ့ကာ စေတီကိုယ်လုံးတော်တွင် အက်ကြောင်းတွေ ပေါ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 15 September 2022
၁။ သထုံမြို့နယ်ရှိ သုဝဏ္ဏ၀တီမြို့၊ သိမ်ဆိပ်တောင်လေးကုန်းစေတီ မိုးကြိုးပစ်ခံရသဖြင့် စိန်ဖူးတော်မြေခခဲ့
၂။ သီတင်းကျွတ်လပြည့်နေ့အမီ ဗုဒ္ဓဂါယာကိုဘုရားဖူးခရီးသွားရောက်လိုသူများ များပြားနေ
၃။ တရုတ်-မြန်မာနယ်စပ် မူဆယ် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်
၄။ အမှိုက်ပုံးဖွင့်ပြီး အမှိုက်ဖွသည့် ကတ္တဝါငှက်များကြောင့် ဆစ်ဒနီမြို့နယ်ခံများ စိတ်အနှောင့်အယှက်ဖြစ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 15 Sept 2022
၂၀၂၂ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာများ ဖိုရမ်ကို စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပရာ နိုင်ငံပေါင်း ၇၀ကျော်မှ ဧည့်သည် ၁၈၀ကျော် အွန်လိုင်းနှင့် ကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။
“အသိဉာဏ်၊ပူးပေါင်းဆောင်ရွက်မှု၊ပေါင်းစည်းညီညွတ်မှု” ဆိုတဲ့ အာဘော်နှင့် ပြုလုပ်တဲ့ ဒီနှစ်ဖိုရမ်ကို တရုတ်မီဒီယာအုပ်စု CMG နှင့် ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ CMG နှင့် အာဆီယံမီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်တွေဖြစ်တဲ့ “ဇီ မျိုးဆက် ဩဇာလွှမ်းမိုးသူများ လေ့ကျင့်ရေးစင်တာ” နှင့် “ တရုတ်-အာဆီယံ မီဒီယာ အရေးပေါ်လိုင်း” စီမံကိန်းနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဖိုရမ်နှင့်အတူ CMG နှင့် ကွမ်ရှီကျင်းအစိုးရတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအပြင် တရုတ်-အာဆီယံ မီဒီယာကွန်ပလက်စ် ဖွင့်ပွဲကိုပါ တစ်ပါတည်းကျင်းပခဲ့ကြပါတယ်။
Source CCTV+
#ASEAN_China_Media_Partners_Forum
#Guangxi_Zhuang
#China_media
#Local_News
Published - 15 September 2022
ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စားအုန်းဆီတစ်ပိဿာကို ကျပ် ၈၀၀၀ အထိကျဆင်းသွားတယ်လို ဝယ်ယူသုံးစွဲသူထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာရှိတဲ့ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင်ဘုရားရဲ့ အရှေ့ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်က အုတ်ချပ်တွေကွာကျခဲ့တာကြောင့် ဒါကို ရှေးမူအတိုင်းပြန်ပြီး ပြုပြင်ဖို့ စီစဉ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 779 of 997