#TV Yangon Times Matters အစီအစဉ်
Published - 25 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အသက် (၁၄)နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာစွမ်းထက်နိုင်နှင့်အတူ
-"အသက် ၃ နှစ်သားလောက်က ပန်းချီစဆွဲခဲ့ပြီး အချိန်တိုအတွင်းမှာ ပန်းချီကားပေါင်း ၆၀ ကျော်ရေးဆွဲခဲ့ပြီးကြောင်း
-မော်ဒန်ပန်းချီဆိုတာ ဆန်းသစ်ပြီး ကိုယ်ဖန်တီးချင်တိုင်း ဖန်တီး၍ရသောကြောင့် မော်ဒန်ပန်းချီရေးဆွဲခဲ့တာဖြစ်ကြောင်း
-ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိလောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published-25 Setember 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာကာလအတွင်းမှာ ကန်ဒေါ်လာ ၁၁၂၄၅ ဒသမ ၄၇၈ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အသက် (၁၄)နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာစွမ်းထက်နိုင်နှင့်အတူ
-"အသက် ၃ နှစ်သားလောက်က ပန်းချီစဆွဲခဲ့ပြီး အချိန်တိုအတွင်းမှာ ပန်းချီကားပေါင်း ၆၀ ကျော်ရေးဆွဲခဲ့ပြီးကြောင်း
-မော်ဒန်ပန်းချီဆိုတာ ဆန်းသစ်ပြီး ကိုယ်ဖန်တီးချင်တိုင်း ဖန်တီး၍ရသောကြောင့် မော်ဒန်ပန်းချီရေးဆွဲခဲ့တာဖြစ်ကြောင်း
-ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိလောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 25 Sept 2022
ဖို့ဒ်ကားကုမ္ပဏီရဲ့ ရုချ် လျှပ်စစ်ကားထုတ်လုပ်ရေးဌာနဟာ မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့က ကုမ္ပဏီရဲ့ ယခင် ရာစုနှစ် သက်တမ်းရှိပြီဖြစ်တဲ့ စက်ရုံအတွင်းထဲမှာရှိပါတယ်။ အဲဒီစက်ရုံကနေ ယခု ဖို့ဒ်ရဲ့ အလုံးစုံလျှပ်စစ်ပထမဆုံးထရပ်ကား F-150 Lightning ကားတွေကို ထုတ်လုပ်နေပါတယ်။
“ကျွန်တော်တို့မျှော်လင့်ထားတာထက် ဝယ်လိုအားက ပိုများနေတယ်” လို့ တိုးချဲ့ လျှပ်စစ်ကားစက်ရုံရဲ့ ဝါရင့် လုပ်ငန်းလည်ပတ်ရေး မန်နေဂျာတစ်ဦးဖြစ်တဲ့ ခရစ် စကက်ခ်က ပြောပါတယ်။
“ ကျွန်တော်တို့ကို ကြိုမှာထားတာ အစီး နှစ်သိန်းရှိနေပါတယ်။ အဲဒါတွေ အချိန်မီရရှိအောင် ကျွန်တော်တို့ ခပ်မြန်မြန်ထုတ်လုပ်နေပါတယ်” လို့လည်း သူကပြောပါတယ်၊
အခုဆို ကျွန်တော်တို့ထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆတိုးထုတ်နေတာကို ကြေညာထားပါတယ်။ ဒီနှုန်းနှင့်ဆို တစ်နှစ်ကို ကားပေါင်း တစ်သိန်းခွဲထုတ်လုပ်နိုင်မှာပါ လို့လည်းသူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်ရုံတွေ အများကြီးထပ်တိုးထားတယ်။ လူတွေထပ်တိုးထားတယ်။ဝယ်ယူသူတွေရဲ့ လိုလားမှုတွေပြည့်မီစေဖို့အတွက် လိုင်းတွေမှာ ထုတ်လုပ်မှုနှုန်းတွေတိုးမြှင့်နိုင်ပါတယ်။ အဲဒီအပြင် တင်နက်ဆီမှာ နောက်ထပ် စက်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီမှာ လျှပ်စစ်ကားတွေ ပိုကောင်းကောင်းထုတ်နိုင်မယ်” လို့ သူကပြောပါတယ်။
ဒီထူးခြားတဲ့အခြေအနေကြောင့် အခြေခံအားဖြင့် တစ်နှစ်အတွက် ထုတ်လုပ်မှုလေးဆတိုးရမယ်။ ကျွန်တော်တို့ ခပ်မြန်မြန်တုန့်ပြန်နေပါတယ်။ ကျွန်တော်တို့ဟာ ထရပ်ကားကျွမ်းကျင်သူတွေပါ။ ကျွန်တော်တို့ဘယ်လိုအတိုင်းအတာတိုးမြှင့်ရမယ်ဆိုတာနှင့် ဝယ်သူရဲ့လိုအပ်ချက်ကို ဘယ်လိုပြည့်မီအောင်လုပ်ရမယ်ဆိုတာ သိပါတယ် လို့လည်း သူကဆက်ပြောပါတယ်။
ဒီအခြေအနေမရောက်ခင် ကျွန်တော်အငြိမ်းစားယူရမယ် ထင်ထားတာ။ လုပ်ငန်းက ခပ်မြန်မြန်ကြီးပြောင်းလဲနေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းကြိုခန့်မှန်းနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမြန် တုန့်ပြန်ပြီး ဘက်ထရီတွေတည်ဆောက်ဖို့ မှန်ကန်တဲ့အရင်းအမြစ်တွေကို ရယူနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားကိုထုတ်နိုင်အောင် ကျွန်တော်တို့ လုပ်ငန်းအတိုင်းအတာကိုတိုးမြှင့်နေပါတယ် လို့ သူကပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံနှင့်ကပ်လျက်မှာ ဒီယာဘွန် ထရပ်ကားစက်ရုံရှိပါတယ်။ အဲဒီမှာတော့ ဓာတ်ဆီထရပ်ကားတွေ ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ အဲဒီမှာ ၅၃စက္ကန့်တိုင်းမှာ ပစ်ကားကာတစ်စီထွက်ရှိနေတာဖြစ်ပါတယ်။
Source AFP
#Ford’s_All_Electric_truck
#F-150_Lightning
#Battery_Electric_Vehicles
#Local_News
Published _ 24 september 2022
အခါကြီးရက်ကြီးတွေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေရှိနေပေမယ့် ခရီးသွားလာရေးလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်းလည်ပတ်လျှက်ရှိနေပြီး ပိတ်ရက်တွေကြောင့် ထူးထူးခြားခြားအရောင်းသွက်တာမျိုးတွေ မရှိသေးဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 September 2022
ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေအတွက် isolation Wards နဲ့ ကုတင်တွေပြင်ဆင်ထားပြီး လူနာဦးရေ(၁၅၀၀)စာ လောက်ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ယခင်ကိုဗစ် လှိုင်းတွေနှင့် ယခုကူးစက်မှုတွေ ဘာကွားခြားပါသလဲ။ ထိခိုက်မှုအနည်းဆုံး ဘယ်လိုကျော်လွှားဖြတ်သန်းကြမလဲ??
#Yangon_Media_Group
Page 767 of 997