#Daily_News
Published_11 June 2024
၁။ တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးသူဈေးသား၊ လုပ်သားများနှင့် ကယ်ရီသမားများ၏ သားသမီးများအတွက် ကျောင်းသုံးပစ္စည်း သိန်း၄၀၀ ကျော်ဖိုး MAEX မှ ထောက်ပံပေးအပ်
၂။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၇)သောင်း (၄)ထောင်ကျော်ရှိ၊ (၆)ဘာသာဂုဏ်ထူး ထွက်သူများရှိ
၃။ ရက်ပိုင်းအတွင်း ရွှေဈေး ကျပ်တစ်သိန်းကျော်အထိ ကျဆင်း ၊သတ်မှတ်ဈေးဖြင့် မရောင်းချသောရွှေဆိုင်များအား တိုင်ကြားနိုင်
၄။ ဘက်တစ်ခုတွင်မရပ်ဘဲ လူသားချင်းစာနာထောက်ထားကူညီမှုကိုသာ အစဥ်ရည်ရွယ်ကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီဥက္ကဌပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ရန်ကုန်၊ ပဲခူး၊ ရှမ်း(အရှေ့ပိုင်း) ကရင်နှင့် မွန်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်တယ်။ ဧရာဝတီမြစ်ရေဟာ (၅)ပေမှ (၉)ပေအထိ၊ ချင်းတွင်းမြစ်ဟာ (၇)ပေကနေ (၁၀)ပေခန့်နဲ့ ကျန်မြစ်တွေလည်း မြစ်ရေတိုးနိုင်တယ်။ ပြီးခဲ့တဲ့ရက်က သောင်ရင်းမြစ်ကြောင့် မြဝတီမြို့ ရေကြီးရေလျှံခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) မှာ အစုရှယ်ယာတွေ ဝယ်ယူထားတဲ့ ရှယ်ယာရှင် တွေထံကနေ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ကုမ္ပဏီကနေ ပြန်လည်ဝယ်ယူမယ်လို့ ကုမ္ပဏီရဲ့ ကြေညာထားချက်အရ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း ရွှေဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိ ကျဆင်းလာပြီး ၊ သတ်မှတ်ဈေးနဲ့ မရောင်းချတဲ့ ရွှေဆိုင် တွေကို တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်ရှင်များအဖွဲ့ချုပ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၇၄၅၉၂)ဦး အောင်မြင်တယ်။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ဂုဏ်ထူး(၆)ဘာသာဖြင့် အောင်မြင်သူ(၂)ဦး၊ ဂုဏ်ထူး(၅)ဘာသာဖြင့် အောင်မြင်သူ(၂)ဦး ရှိခဲ့ပါတယ်။
Yangon_Times/tthl
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group
တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးသူဈေးသားများ၊ ဝန်ထမ်းများ၊ ကုန်တင်ကုန်ချလုပ်သားများ နဲ့ကယ်ရီသမားများရဲ့ ကျောင်းနေအရွယ် သားသမီးများ အတွက် မြန်မာအက်ဂရို အိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက် (MAEX) က
သိန်း၄၀၀ကျော်ဖိုး ကျောင်းသုံးပစ္စည်းနဲ့ထောက်ပံငွေတို့ကို ဇွန်လ ၉ရက်နေ့မှာ အခမ်းအနားနဲ့တကွ ထောက်ပံပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_11 June 2024
တရုတ်စွမ်းအင်သစ် ကားကုမ္ပဏီကြီး BYD မှ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် နှစ်ထပ်ဘတ်စ်ကားကို ဗြိတိန်ရှိ လန်ဒန်ဘတ်စ်ပြတိုက်မှာ ပြသလိုက်ပါတယ်။
#World_Industry
Published 10 June 2024
#တရုတ်လျှပ်စစ်ကားကုမ္ပဏီ #နှစ်ထပ်ဘတ်စ်ကားအသစ် #လန်ဒန်ပြတိုက်တွင်ပြသ
#YMG #Yangon_Times #Yangon_Media_Group
Page 77 of 889