#Local_News
Published_ 3 October 2022
ရန်ကုန်တိုင်းအတွင်းမှာ ခွေးကိုက်ခံရသူတွေကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 3 october 2022
ဂျပန်နိုင်ငံက ပြည်ပခရီးသွားတွေကို အခုလကစပြီး အကန့်အသတ်မရှိ ဝင်ခွင့်ပြုတော့မှာဖြစ်တဲ့အတွက် စားသောက်ဆိုင်နဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ပြည်ပလုပ်သား လိုအပ်ချက်များနေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ သင်တန်းကြောင်းတွေကနေ တဆင့်သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 3 October 2022
၁။ ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများ၌ ပြည်ပလုပ်သား လိုအပ်ချက်များနေနေ
၂။ ခွေးကိုက်ခံရသူများကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနိုင်ရန် စီစဉ်ပေးနေ
၃။ ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာ
၄။ ကင်မရွန်းတွင် အသားဖြူအလှကုန်ပစ္စည်းများ ဘေးထွက်အန္တရာယ်ရှိသော်ငြား ဆက်လက်အသုံးပြုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_3 October 2022
အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၀၂၀ ကျပ်ဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ထက် ၆၀၀ ကျော်ကျဆင်းခဲ့တာဖြစ်ပါတယ်။
#Yangon_Media_Group
Published 3 Oct 2022
ဟာရီကိန်း အိုင်ယန်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ သေဆုံးသူပေါင်း ၇၇ ဦး အထိရှိပြီလို့ စီအင်န်အင်န်က ပြောပါတယ်။ အင်အားအကြီးမားဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟာရီကိန်းအိုင်ယန်ဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်ကို ပြင်းထန်စွာတိုက်ခတ်ခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူတွေကို အစွမ်းကုန်ကူညီဖို့ သူစိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ် မက်လာချာ ကျွန်းပေါ်မှာ ကြောက်မက်ဘွယ်ဟာရီကိန်းတိုက်ခတ်ပြီးနောက် မြင်တွေ့ရတဲ့ အပျက်အစီးတွေက ကြီးမားလှပါတယ်။ ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၃.၈ ဘီလျံကျော်ခန့်ရှိမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
အမေရိကန်ကမ်းခြေစောင့်တပ်ကတော့ သူတို့ဟာ ဟာရီကိန်းမုန်တိုင်းအတွင်းနစ်မြုပ်သွားတဲ့ လှေတစ်စီးပေါ်က ပျောက်ဆုံးသွားတဲ့ ရွှေ့ပြောင်းလာသူ ၁၆ ဦးကို ရှာဖွေတဲ့အလုပ်တွေ ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။
Source: AFP
#Hurricane_Ian
#Florida_Ian
#US_Hurricane
Published 2 Oct 2022
“ပန်းရောင်နတ်ဆိုး” တစ်ကောင် ဟာ ဘန်ကောက်ရဲ့ ရှုပ်ထွေးလှတဲ့ လမ်းတွေပေါ် ဒေါသတကြီးသွားနေပါတယ်။ သူဟာ တုတ်တုတ် လို့ခေါ်ကြတဲ့ သုံးဘီးကားတွေနှင့် မော်တော်ဆိုင်ကယ်တွေကို သည်းကြီးမည်းကြီး ပွတ်ကာသီကာ ကျော်ဖြတ်နေပါတယ်။ မြို့တော်ရဲ့ အလုပ်များလှတဲ့ ယာဉ်ကြောထဲ ချိုးမကွေ့ခင် ခရီးသည်တွေတက်ဆင်းလို့ရအောင် သူက အရှိန်လျှော့လိုက်ပါတယ်။ နံပါတ်(၈) ဘတ်စ်ကားလိုင်းကို စီးနင်းလိုက်ပါကြဖို့ ကြိုဆိုပါလိုက်ပါတယ်။
ထိုင်းမြို့တော်မှာ နာမည်ဆိုးနှင့်ကျော်ကြားလှတဲ့ ဘတ်စကား နံပါတ်(၈)လိုင်းကြောင့် တစ်တော့ခ်ပေါ်မှာ ယင်းကို လှောင်ပြောင်တဲ့ သီချင်းများစွာ ထွက်ပေါ်လာပါတယ်။ ယူကျုမှာလည်း အသည်းတစ်ယားယား ဗွီဒီယိုတွေကို မြင်တွေ့ရပါတယ်။ Fast & Furious လို ဇာတ်ကားတစ်ကားတောင်ထွက်လာပါတယ်။ အခုတော့ အဲဒီ ခေတ်ဟောင်းစတိုင် ဒီဇယ်ဘတ်စ်ကားကြီးတွေဟာ ရုပ်သိမ်းခံလာရပြီး သူ့နေရာမှာ သန့်ရှင်းတဲ့ လျှပ်စစ်ကားတွေ အစားထိုးပေးနေပါပြီ။
ဒါပေမယ့် အဲဒီပန်းရောင်နတ်ဆိုးလို့ခေါ်ကြတဲ့ ပန်းရောင်ဘတ်စ်တွေမှာ အခေါက်ရေများများရဖို့ လုပ်နေကြရတဲ့ အလုပ်ပိနေတဲ့ ယာဉ်မောင်းတွေအတွက် ခက်ခဲတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
“ ပြိုင်ဆိုင်နေကြရတာဗျ” လို့ ယာဉ်မောင်း အဖီဆက် ဆိုမွီက ပြောပါတယ်။ သူဟာ လေအေးစက်မရှိတဲ့ ပူလောင်နေတဲ့ သူ့ကားကြီးကို မောင်းနှင်နေပါတယ်။ ယခင် ဆယ်စုနှစ်တွေက ပြတင်းဖွင့်စီးရတဲ့ ဘတ်စ်ကားတွေလိုတွေပါပဲ။
ဒီလိိုမျိုး ဘတ်စ်ကား အစီး ၆၀ခန့်ဟာ တစ်ခေါက်ကို ၁၈မိုင်ရှိတဲ့ လမ်းကြောင်းမှာ မောင်းနှင်ပေးနေကြပါတယ်။ ခရီးသည်တစ်ဦးကို ဘတ်စကားခ ၁၀ဘတ်( ဒေါ်လာ ၀.၂၇ဆင့်) ကောက်ပါတယ်။ ဘန်ကောက်ကို မြောက်ကနေ တောင် ပြေးဆွဲပေးနေပါတယ်။ ဒီလမ်းကြောင်းဟာ တစ်ရက်ကို လူခုနှစ်သိန်းသယ်ဆောင်ပေးနေတဲ့ ဘန်ကောက်ရဲ့ ကျယ်ပြန်တဲ့ဘတ်စ်ကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း လိုင်းနံပါတ်(၈)ကြောင့် ဆက်တိုက်လိုဖြစ်နေတဲ့ သေဆုံးမှုတွေကြောင့် လိုင်းကို ပြုပြင် ပြောင်းလဲမှုတွေလုပ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ အခုဆို ကုမ္ပဏီအသစ်တွေဟာ စနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။ ဝန်ဆောင်မှုပိုကောင်းစေရပါမယ်လို့ ကတိတွေပေးထားပြီး အဲဒီဘတ်စ်အဟောင်းတွေနေရာမှာ လျှပ်စစ်ကားတွေအစားထိုးပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ယာဉ်မတော်တဆမှုတွေထဲမှာ ကိုးနိုင်ငံမြောက် အများဆုံး ဖြစ်နေတဲ့ အလျောက် ဘန်ကောက်ရဲ့ မြို့တော်ဝန်အသစ် ချက်ချတ်ဆစ်တီပန့်အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေနှင့် မွန်းကြပ်နေတဲ့ မဟာမြို့တော်ကို သန့်ရှင်းအောင် ကြိုးစားဆောင်ရွက်ဖို့ ခရီးရှည်ကြီးဖြစ်နေပါတယ်။
ပြီးတော့ (၈)လိုင်းအနေနှင့်လည်း နာမည်ကောင်းပြန်ရလာဖို့ဆိုတော့ သိပ်တော့ မလွယ်လှပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အစာထိုးထားတဲ့ ဘတ်စ်ကားအသစ်ကြီး သိပ်မကြာသေးခင်က တိုက်မှုဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့တာပါ၊
ပြဿနာက တကယ်တမ်းတော့ ဘန်ကောက်ရဲ့ ခရီးသည်ပို့ဆောင်ရေးအာဏာပိုင်ဆီကနေ ဘတ်စ်လမ်းကြောင်းတွေ အငှားချခွင့်ရရှိထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ်ပဲမူတည်နေတယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆူမက် အွန်ကစ်တီကူကပြောပါတယ်။ သူတို့ရဲ့ စီမံခန့်ခွဲမှုပုံစက ယာဉ်မောင်းတွေဟာ သူတို့လစာအပြင် လက်မှတ်ရောင်းလို့ရတဲ့အပေါ် အကျိုးခံစားခွင့်ပေးထားပါတယ်။ အဲဒါကြောင့် ယာဉ်မောင်းတွေက ခရီးသည်တွေ သူ့ထက်ငါပိုရအောင် အလုအယက်တင်ကြတာပဲ” လို့ သူကရှင်းပြပါတယ်။
(၈)လိုင်းက ယာဉ်မောင်း အာဖီဆက်က သူဟာ နေ့စဉ်လုပ်ခက ဘတ်၁၅၀ကနေ ၂၀၀အကြား (ငါးဒေါ်လာခန့်)ရပြီး နေ့စဉ်လက်မှတ်အရောင်းရဲ့ ၁၀ရာခိုင်နှုန်းရတယ်လို့ြောပါတယ်။
“ကျွန်တော်တို့ လုံလောက်တဲ့ဝင်ငွေရဖို့ တစ်ရက်ကို အနည်းဆုံးလေးခေါက်လောက် အပြိုင်မောင်းကြရတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုပြုပြင်ပြောင်းလဲရေးကြောင့် ဒီလိုအပြူအမူမျိုး မရှိနိုင်တော့ဘူးလို့ သူက ထင်နေပါတယ်။ ကုမ္ပဏီအသစ်ဟာ ယာဉ်မောင်းတွေကို သင်တန်းပေးတာတွေကို ပိုအာရုံစိုက်သင့်တယ်။ ဒါမှ သူတို့ရဲ့ အပြုအမူတွေတိုးတက်လာမှာ လို့ သူကထပ်ပြောပါတယ်။
ဒါပေမယ့် (၈)လိုင်းရဲ့ နာမည်ဆိုးအပေါ် ယိုသင်ဝတ်တီဆက်ချိုင်ကူက ခုခံပြောဆိုပါတယ်။ သူ့မိသားစုဟာ နံပါတ်(၈)လိုင်းရဲ့ ခရီးစဉ်လမ်းကြောင်းတစ်ခုကို စီမံလုပ်ကိုင်နေတာပါ။ ဒီလိုမျိုးဝန်ဆောင်မှုမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့တဲ့ အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကန်ကွက်ပြောဆိုပါတယ်။
“ (၈)လိုင်းမှာ တကယ်ဖြစ်နေတာတွေကို တကယ်စီးတဲ့သူတိုင်းသိကြပါတယ်။ ပြိုင်ကြဆိုင်ကြတယ်ဆိုတာလည်း အန္တရာယ်ဖြစ်လောက်တဲ့အထိမဟုတ်ပါဘူး” လို့သူကပြောလိုက်ပါတယ်။
Source: AFP
#Pink_Devils
#Bangkok_Bus_No_8
#Public_Transport_Thailand
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 757 of 996