#DailyNews
Published _ 22 October 2022
၁။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မည်ဟု မျှော်မှန်းထား
၂။ ထိုင်းနိုင်ငံသို့စေလွှတ်မည့် မြန်မာ MOU လုပ်သားများ ယခုချိန်ထိ ပိတ်မိနေဟုဆို
၃။ ပုဂံဒေသကို ပြည်ပခရီးသွားအချို့ဝင်ရောက်မှုရှိသော်လည်း ဒေသခံဧည့်လမ်းညွှန်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေးဟုဆို
၄။ IS အကြမ်းဖက်များ ဖျက်ဆီးခဲ့သည့် အီရတ်သမိုင်းဝင်ဂိတ်တံခါး၌ ရှေးဟောင်းရုပ်ထုများတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံလို့ ဘာကြောင့်ခေါ်ကြတာလဲ။ ဘာဖြစ်လို့ ရောဂါတွေနှင့် တိရိစ္ဆာန်အမည်တွေ တွဲမှည့်တတ်ကြတာလဲ??
#Yangon_Media_Group
#Local_News
Published_ 22 October 2022
ဝေဖန်မှုတွေမြင့်တက်နေတဲ့ မယ်တော်ရုပ်ထုတွေ စေတီတော်ရင်ငွေ့လှုံ့ဖို့ကြိုတင်ခွင့်ပြုချက်တင်ထားခြင်းရှိ မရှိတာဝန်ကျဂေါပကထံမှစုံစမ်းနေတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 22-10-22
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း အောဂူအက်စကယ်လျန့်တေးစ်မြို့တွင် ဆီသယ်ထရပ်ကားတစ်စီးနှင့် ရထားတစ်စီးတို့ တိုက် မိခဲ့ပါတယ်။ပုံမှာ အဲဒီရထားက မီးလောင်နေတဲ့ ရထားလမ်းပေါ်ကနေ ဖြတ်သန်းခုတ်မောင်းသွားတာကို မြင်ကြရပါတယ်။ အဲဒီမတော်တဆမှုကြောင့် မိသားစုပေါင်း ၃၀၀ကျော်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ကြရပါတယ်။ အောဂူ အက်စကယ်လျန့်တေးစ်မြို့မှာ အိမ်ခြေ၁၅လုံးခန့်ဟာ မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ပါတယ်။ ကံကောင်း ထောက်မစွာ ဒီမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူတွေမရှိခဲ့ဘူးလို့ မြို့တော်ဝန်ကပြောပါတယ်။
Source AFP/ Diego Emilio Solis García
#Aguascalientes
#Mexico
#Train_collided_tanker_truck
#Local_News
Published_21 October 2022
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၂ ဘီလျံကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Health
Published 21 October 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော် စီတန်းလှည့်လည်ပွဲ မပြုလုပ်ခဲ့ရတဲ့ ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လီမာမြို့လမ်းတွေမှာ အံ့ဘွယ်အရှင်သခင်ပုံတော်နဲ့အတူ ဆုတောင်းသူများနဲ့ ထောင်ပေါင်းများစွာသော ပီရူးကက်သလစ်များဟာ ဖြည်းဖြည်းချင်းလှည့်လည်ခဲ့ကြပါတယ်။
#Yangon_Media_Group
Published 21 Oct 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် စစ်စည်းရုံးထားတဲ့ ရုရှားတွေအတွက် လေ့ကျင့်ရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ ၂၁ရက်မှာ ပူတင်က တစ်စိတ်တစ်ပိုင်းအနေအထား စစ်ထဲဝင်ရန်အမိန့်ထုတ်ပြန်ကြေညာအပြီး သွားရောက်ခဲ့တဲ့ခရီးဖြစ်ပါတယ်။
ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့တောင်ဖက် ရာဇန်ဒေသမှာရှိတဲ့ ပစ်ခတ်ကွင်းတစ်ခုကို သွားရောက်ခဲ့တာတွေ ရုရှား နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့်ပြသခဲ့ပါတယ်။ အနက်ရောင်ဝတ်ဆင်ထားတဲ့ ပူတင်ဟာ အသစ်ထုတ်လုပ်ထားတဲ့ လက်ဖြောင့် ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ခဲ့ပြီး စစ်သည်တွေကိုလည်း ပွေ့ဖက်ခဲ့ပါတယ်။
Source AFP
#Vladimir_Putin
#Mobilised_Russians_Training
#Russia_Military
Page 735 of 996