#Local_News
Published _ 31 October 2022
တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်ရန်နဲ့ ပို့ကုန်၊ သွင်းကုန် ကုန်ပစ္စည်းတင်ယာဉ်တွေကို ခွဲခြားသိရှိနိုင်ဖို့ ယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ပုံစံကို လာမယ့်နိုဝင် ဘာလ ၁ ရက်နေ့ကစပြီးအကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနမှ ကုန်စည်ပို့ဆောင်ရေး အသင်းတွေဆီ အသိပေးအကြောင်းကြားထားရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 31 October 2022
ဆောင်းအဝင်ကာလတွေမှာ ကလေးငယ်တွေမှာ ဆောင်းတုပ်ကွေးဖြစ်တာ၊ဝမ်းပျက်ဝမ်းလျောဖြစ်တာနဲ့ ကိုဗစ်ကူးစက်တာတွေကိုသတိပြုဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာခင်ခင်ထား ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 31 October 2022
၁။ ဆောင်းအဝင်ကာလတွင် ဆောင်းတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောနှင့် ကိုဗစ်ဖြစ်ပွားမှုများ သတိပြုရန်လို
၂။ တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်ရန် ယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ပုံစံပြုလုပ်ရမည်ဟုဆို
၃။ ရွှေဈေးကွက်အတွင်း မှောင်ခိုဈေးကွက်မရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်သာရှိဟုဆို
၄။ ဒိုင်နိုဆောင်အရိုးစုလေလံတင်ရောင်းချခြင်းအပေါ် သိပ္ပံပညာရှင်များစိုးရိမ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 31 October 2022
လာမယ့်နိုဝင်ဘာလလယ်မှာ မြောက်ပြန်လေတွေတိုက်လာမှာဖြစ်ပြီး ဆောင်းစဝင်ကာ ရာသီဥတုအေးမြလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Published 30 Oct 2022
ကမ္ဘာ့အရှည်လျားဆုံး ခရီးသည်တင်ရထားတစ်စီးအဖြစ် ကမ္ဘာ့စံချိန်ချိုးလိုက်ပြီလို့ ရီယက်ရှန်ရထား (RhB) က ကြေညာပါတယ်။ ဆွစ်ရထားစနစ်ရဲ့ ၁၇၅ နှစ်မြောက်အထိမ်းအမှတ်ပွဲတစ်ခုမှာ ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ရထားဟာ ရထားတွဲပေါင်း ၁၀၀အထိပါဝင်ပြီး စုစုပေါင်း ၁၉၁၀ မီတာ ရှည်လျားပါတယ်။
ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဂရော့ဘန်ဒန် ဒေသစိတ်အတွင်းမှာ ရထားဟာ ၂၅ ကီလိုမီတာ ခုတ်မောင်းပြသခဲ့ပါတယ်။
Source AFP
#World's_longest_passenger_train
#The_Rhaetian_Railway
#Swiss_railway_system
Published 30 October 2022
တရုတ်နိုင်ငံ တောင်ပိုင်းကကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟိုင်နန်းပြည်နယ်မှာ သောကြာနေ့က အကောက်အခွန်မဲ့ မြို့တစ်မြို့ကို ဖွင့်လှစ်လိုက်ကြောင်း ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောပါတယ်။
ဟိုင်းနန်းပြည်နယ်ရဲ့ မြို့တော်ရဲ့ မြို့လယ်မှာတည်ရှိတဲ့ ဟိုင်ခိုနိုင်ငံတကာ အကောက်အခွန်မဲ့ Duty-Free မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၃၀,၀၀၀ ရှိပါတယ်။ ဈေးဝယ်သူတွေအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အမှတ်တံဆိပ် အကောက်အခွန်မဲ့ ကုန်စည်ပေါင်း ၈၀၀ ကျော်ကို ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။
ဖောက်သည်တွေကိုပိုပြီး ဆွဲဆောင်ဖို့အတွက် အကြိုက်တွေ့စရာ မူဝါဒတွေနှင့်အတူ လေဆိပ်တွေ၊ဆိပ်ကမ်းတွေနှင့် ကမ်းလွန်ကျွန်းတွေမှာရှိတဲ့ အကောက်အခွန်မဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ယခု မြို့တွင်း အကောက်အခွန်မဲ့ ဆိုင်တွေဟာ စိတ်ဝင်စားမှု သိသိသာသာရရှိနေပါတယ်။
ကြီးမားတဲ့ အကောက်အခွန်မဲ့ ဈေးဝယ်စင်တာကြီးတစ်ခုဟာ ဟိုင်းနန်း လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုရဲ့ နောက်ထပ် အထိမ်းအမှတ်သင်္ကေတ တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ ဟိုင်နန်းကျွန်း ပြည်နယ်မှာ အကောက်အခွမဲ့ဆိုင်တွေ ၁၁ဆိုင်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ တန်ဖိုးကြီး ပစ္စည်းတွေ သွားရောက်ဝယ်ယူစီးဆင်းမှု နောက်ကြောင်းပြန်စီးဆင်းဖို့နှင့် စားသုံးမှုကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး အကောက်အခွန်မဲ့ လုပ်ငန်းတွေတိုးချဲ့နေတာဖြစ်ပါတယ်။
Source: CCTV+
#Duty_Free_Town_China
#Hainan’s_duty_free_town
#China_Economy
#TV Yangon Times Matters အစီအစဉ်
Published - 30 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဇော်ထက်ဟန်(အဆိုတော်)နှင့်အတူ
-"ငယ်စဉ်ကတည်းက သီချင်းတွေကိုကြိုက်နှစ်သက်ပြီး တူရိယာ ၇ မျိုးကို တီးခတ်တက်သူဖြစ်ကြောင်း
-တစ်ကိုယ်တော်အယ်ဘမ် ၅ ခုနှင့် စုပေါင်းအခွေ ၄ ခုထွက်ရှိခဲ့ပြီး နောက်ပိုင်းတွင်ကိုယ်ပိုင်တီးဝိုင်းဖြင့် သီချင်းတွေဖန်တီးလျှက်ရှိကြောင်း အခွင့်အခါသင့်ရင် တစ်ကိုယ်ဖျော်ဖြေပွဲလုပ်ချင်တဲ့ဆန္ဒရှိကြောင်း
-၁၂ နှစ်သားအရွယ်ကတည်းက ပန်းချီစဆွဲခဲ့ပြီး ပုံတူပန်းချီများစွာရေးဆွဲဖြစ်ခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 724 of 995