#Daily_News
Published_ 17 June 2024
၁။ ပဲစင်းငုံဈေးများ စံချိန်တင်မြင့်တက်လာ
၂။ လာမည့်တောင်ပြုန်းပွဲ၊ အဘထွက်ပွဲများအတွက် အိုးစည်ဒိုးပတ်များ စုဆောင်းထုတ်လုပ်နေ
၃။ ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တတ်ပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်အေးနေ
၄။ အစ္စရေးလ်-ဟားမတ်စ်တို့၏ ပဋိပက္ခစစ်ပွဲကြား ဒုက္ခခံစားနေရတာတွေကို တေးသီချင်းများဖြင့် ထုတ်ဖော်ပြသနေသည့် ဂါဇာမိန်းကလေးငယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
၅၂ ကြိမ်မြောက် အောင်ဘာလေထီဆုထုတ်ယူဖို့ ကျန်ရှိနေတဲ့ ဆုမဲပေါင်း ၁၃၀၀၀ကျော်ကို ဇွန်လ ၂၈ ရက်မှာ ေနာက်ဆုံးထား ထုတ်ယူဖိုနှင့် ဇွန် လ၂၈ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဇူလိုင် ၃ ရက်နေ့ဟာ 'မြန်မာအမျိုးသမီးများနေ့' ဖြစ်ပြီး ဓာတ်ပုံပြိုင်ပွဲမှာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၂ လက်မ x ၁၈ လက်မဆိုဒ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်တယ်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဈေးကွက်အတွင်း ကုန်အဝင်နည်းလာတဲ့အတွက် ကြက်သွန်ဖြူဈေးကွက်မှာ ဈေးတဖြည်းဖြည်းမြင့်လာကာ ရန်ကုန်ဈေးကွက်မှာတော့ အရောင်းဝယ်အေးနေတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
လာမယ့်တောင်ပြုန်းပွဲ၊ အဘထွက်ပွဲအတွက် အိုးစည်ဒိုးပတ်တွေ စုဆောင်းထုတ်လုပ်နေတယ်။ ကုန်ကြမ်းဈေးတက်လို့ ရှမ်းအိုးစည်တစ်လုံးကို (၃)သိန်း(၈)သောင်း၊ အိုးစည်ဒိုးပတ်တစ်ဆက်ကို (၃)သိန်းသုံးသောင်းလောက်နဲ့ ရောင်းချပေးနေပါတယ်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
ပဲစင်းငုံဈေး တစ်တန်ကို ကျပ် ၄၆သိန်း ကျော်အထိ စံချိန်တင် တက်လာတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဇွန် ၂၀၂၄
တရုတ်နိုင်ငံမှ ပုဂ္ဂလိက အာကာသကုမ္ပဏီတစ်ခုဟာ ထိုင်းတက္ကသိုလ်တစ်ခုနှင့် ပုးပေါင်းပြီး ပတ်လမ်းနိမ့် ဂြိုဟ်တု အင်တာနက် လှိုင်းကျယ်ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ပတ်လမ်းနိမ့် လှိုင်းကျယ် ဂြိုဟ်တုအင်တာနက်စနစ်တစ်ခုကို နိုင်ငံရပ်ခြားမှာ ပထမဦးဆုံးအဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV+
Page 72 of 889