#Local_News
Published _ 14 November 2022
လက်ရှိတွင် ကြက်သွန်ဈေးက ပုံမှန်အတိုင်း အတက်အကျမရှိပဲ ငြိမ်သက်နေပြီး ကြက်သွန်အသစ်တွေဝင်ရောက်မှုကလည်း အခုရက်ထဲ အဝင်စိပ်လျက်ရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အထိကို ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထားတယ်လို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 November 2022
၁။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထား
၂။ ကြက်သွန်အသစ်များအဝင်စိပ်လာ၍ ဈေးကွက်ထဲ၌ အရောင်းအဝယ်အေးနေဟုဆို
၃။ အမျိုးသမီးများ လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်သော လုံခြုံရေးသုံးပစ္စည်းများကို ဆောင်ထားနိုင်
၄။ တရုတ်လေကြောင်းနှင့်အာကာသပြပွဲအတွင်း ကင်းထောက်နှင့်တိုက်ခိုက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်စက်ရုပ်ခွေးအားဖော်ထုတ်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ တစ်ပါတ်ထက် ၂၀ ကျော်မြင့်တက်လာတာဖြစ်ပါတယ်။
#Yangon_Media_Group
Published 13 Nov 2022
အာဂျင်တီးနား၊ဘရာဇီးလ်နှင့် အင်္ဂလန်တို့ရဲ့ အရောင်တွေ ဝတ်ဆင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမား ထောင်ပေါင်းများစွာဟာ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ကမ္ဘာ့ဖလားအထိမ်းအမှတ် စုရုံးလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ကမ္ဘာ့ဖလားကျင်းပဖို့ (၁၀)ရက်ခန့်အလိုမှာ ယခုပွဲကို ကျင်းပခြင်းဖြစ်ပြီး လီယွန်နယ်မက်ဆီ၊ နေမာနှင့် ဟာရီကိန်းတို့ရဲ့ ပရိဿတ်တွေဟာ ဒိုဟာမှာ ပင်လယ်ကိုမျက်နှာမူပြီး စုရုံးဆင်နွှဲခဲ့ကြပါတယ်။
ဒီလိုပွဲမျိုးကို ကာတာမှာ အရင်က ခွင့်ပြုလေ့မရှိပါဘူးလို့ အေအက်ဖ်ပီသတင်းထောက်ပြောပါတယ်။
ပရိဿတ်အများစုဟာ အိန္ဒိယနိုင်ငံရဲ့ ဘောလုံးခံတပ်ကြီးဖြစ်တဲ့ ကာရီလာပြည်နယ်က လာကြသူတွေဖြစ်ပြီး ကာတာမှာ အိန္ဒိယကရွှေ့ပြောင်းအလုပ်သမားအသိုက်အဝန်းဟာ ၇၅၀.၀၀၀ ခန့်ရှိနေပါတယ်။
ကာတာဟာ စုစုပေါင်းလူဦးရေး ၂.၈ သန်းရှိပါတယ်။
Source AFP
ရုပ်သံကြည့်ရန်>>>> https://fb.watch/gMyqsxrW1H/
#Qatar_Doha_World_Cup
#Qatar_World_Cup_rally
#FIFA_World_Cup_2022
Published 13 Nov 2022
ကင်ညာနိုင်ငံမှာ ကာလရှည်ကြာ မိုးခေါင်ရေရှားဖြစ်နေတဲ့အတွက် မြစ်တွေခမ်းခြာက်ပြီး မြက်ခင်းပြင်တွေလည်း ရှုံ့တွလာနေပါတယ်။ နိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် အန္တရာယ်ကြုံနေရပြီး ဆင်အကောင် ၁၀၀ကျော်ခန့်ဟာလည်း ခြောက်သွေ့နေတဲ့ ဘေးမဲ့တောထဲမှာ သေအံ့မူးမူးဖြစ်နေကြပါတယ်။
ကင်ညာနိုင်ငံမြောက်ပိုင်းမှာ မိုးရာသီလေးရာသီဆက်တိုက် မိုးမရွာခဲ့တဲ့အကျိုးဆက်ကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးနေရပါတယ်။ ဆမ်ဘူရူး အမျိုးသားဘေးမဲ့တောမှာ မိုးမရွာပဲပူပြင်းခြောက်သွေ့နေခဲ့တာကြပါပြီ။ အဲဒီ့အပြင် အပူလှိုင်းတွေကလည်း ကျရောက်ပြီး အင်အားအကြီးမားဆုံးသတ္တဝါဖြစ်တဲ့ ဆင်တွေကိုပါ ထိခိုက်နေတာဖြစ်ပါတယ်။
အသက် ၆၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆင်ကြီး မုတ်သုံဟာ အစားအစာ မလုံလောက်တဲ့အတွက် ကြုံလှီလာပြီး လဲကျသွားခဲ့ပါတယ်။ အဲသလိုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကင်ညာ တောရိုင်းတိရိစ္ဆာန်လုပ်ငန်းက အဖွဲ့တစ်ဖွဲ့နှင့် “ ဆင်များကိုကယ်တင်ပါ” ဆိုတဲ့ အဖွဲ့က အဖွဲ့သားတွေဟာ ရောက်ရှိလာကြပြီး ဆင်ကြီးမုတ်သုံကို ပြန်ထူထလာနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ဆင်ကြီးမုတ်သုန်ဟာ ဒီဘေးမဲ့တောထဲမှာတွေ့ရတဲ့ နာမည်ကြီး ဆင်မိသားစုရဲ့ မျိုးနွယ်စုမိခင်ကြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့အခါမှာတော့ သူ့မိသားစုတွေဟာ ပိုမိုစိမ်းလန်းတဲ့နေရာကို အတင်းရွှေ့ပြောင်းပေးလိုက်ပြီးဖြစ်တဲ့အတွက် သူမတစ်ကောင်တည်း ဆာလောင်ငတ်မွတ်မှုကြောင့်ခံစားရတဲ့ ဝေဒနာနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။
“ မုတ်သုန်ဟာ တကယ်တမ်းတော့ အကျန်းမာဆုံးတွေရှင်ကျန်ရစ်ပြီး မကျန်းမာသူတွေ သေကြေစေတဲ့ ဒီအုပ်စုထဲမှာ ရှိနေတာပါ။ သူမဟာ တကယ်တမ်းတော့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အကေရှားပင်တစ်ပင်ကို ပစ်လှဲရမယ်၊ မာကျောနေတဲ့ သစ်ကိုင်းတွေကို ကြိတ်ဝါးရမယ်။ သူမရဲ့ အံသွားတွေ မကောင်းတော့ဘူး ဒါမှမဟုတ် မရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်” လို့ “ ဆင်များကိုကယ်တင်ပါ” အဖွဲ့ရဲ့ သိပ္ပံပညာရှင် ဒေးဗစ်ဒီဘာလန်က ပြောပါတယ်။
သားရဲတွေမရှိတဲ့ အရွယ်ရောက်ဆင်တွေဟာ ခြေဦးတည့်ရာသွားလာရင်း စားသုံးဖို့အတွက်တစ်ရက်ကို ရေဂါလံ ၅၂ ဂါလံလောက်နှင့် မြက်တွေ၊သစ်ရွက်နှင့်သစ်ခက်တွေ ၃၀၀ ကီလိုဂရမ်လောက်ရရှိဖို့ လိုပါတယ်။
ဒါပေမယ့် ဒီတောရိုင်းထဲမှာတော့ ရေတွေက ပျောက်ကွယ်သွားပြီး မြက်တွေလည်း ကုန်နေပါပြီ။
ကင်ညာရဲ့ အပူပိုင်းမြက်ခင်းပြင်ကို နှစ်စဉ် ကမ္ဘာလှည့် သန်းချီလာစေဖို့ ဆွဲဆောင်ထားတဲ့ တိရိစ္ဆာန်တွေကို မိုးခေါင်ခြောက်သွေ့မှုက ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။
“ ကျွန်တော်မြင်တွေ့ဖူးသမျှထဲမှာ ဒီတစ်ခါ မိုးအခေါင်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ မိုးမရွာပဲ သုံးလေးနှစ် ရှိခဲ့တာပဲ” လို့ ဒီဘာလန်ကပြောပါတယ်။
ဒီမြေတွေမှာ စားကျက်မြေတွေက အထိခိုက်ဆုံးဖြစ်နေပါတယ်။ အာဖရိကမှာ ကြောက်စရာအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ ကျွဲတွေဟာ အစားအစာရှာဖွေရင်း လူတွေနေထိုင်ရာဘက် ပိုပြီးကပ်လာခဲ့ကြပါတယ်။
အဲဒါကြောင့် အရင်းအမြစ်တွေအားလုံး ရှားပါးလာတဲ့အလျောက် လူသားနှင့် တောရိုင်းတိရိစ္ဆာန်တွေရဲ့ ပဋိပက္ခဖြစ်ပွားမယ့် အန္တရာယ်ကလည်း မြင့်မားလာနေတာဖြစ်ပါတယ်။
Source CCTV+
ရုပ်သံကြည့်ရန်>>>>>https://fb.watch/gMz-ZpN-Kg/
#Kenya_drought
#Kenya_Wildlifes
#Kenya_climate_Change
#TV Yangon Times Matters အစီအစဉ်
Published - 13 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေလဲ့(မြွေမင်းသမီး)နှင့်အတူ
-"မြွေတွေအများကြီးသေရင် ဂေဟစနစ်တွေပျက်စီးလာပြီး ကြွက်တွေပေါများလာမှာဖြစ်ကြောင်း
-မြွေဖမ်းတဲ့အခါ မေတ္တာပို့တယ် ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီးဖမ်းရမယ်ဆိုတာမျိုးက သေချာသင်ထားလို့ အခုထိအန္တရယ်ကင်းနေတာဖြစ်ကြောင်း " စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
ရုပ်သံကြည့်ရန်...https://fb.watch/gMf_zqRD5y/
#Yangon_Media_Group
Page 708 of 995