#Local_News
Published_21 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး ပြီးခဲ့နှစ်ထက် ၈ သန်းကျော်လျော့ကျထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 November 2022
၁။ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထား၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၂။ လျှပ်စစ်မီးပျက်တောက်မှုများနေ၍ အအေးခန်းငါးဈေးကွက် ဝယ်လိုအားကျဆင်းနေ
၃။ အားသွင်းမီးလုံးနှင့်ဆိုလာမီးလုံးများနယ်မှာရော ရန်ကုန်မှာပါရောင်းအားတက်
၄။ကိုလံဘီယာအမေဇုန်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းအဖြစ်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 November 2022
ဈေးကွက်တွင် မြေထောက်ပဲကို ဝယ်လက်တွေက ဝယ်ယူမှုများလာတာကြောင့် သုံးတင်းဝင်တစ်အိတ်လျင် ကျပ် ၂၄၀၀၀၀ ထိဈေးကောင်းရလာတယ်လို့ မန္တလေးကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
Published 20 Nov 2022
၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ကာတာနိုင်ငံ အယ်လ်ဘတ်အားကစားရုံကြီးတွင် နိုဝင်ဘာ ၂၀ ရက်ညက ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် မီးရှုးမီးပန်းများ လွှတ်တင်၍ ဖွင့်လှစ်လိုက်ပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#FIFA_WorldCup_2002
#Qater_World_Cup
#Al_Bayt_stadium
Published 20 Nov 2022
၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားကျင်းပတဲ့အချိန်မတိုင်ခင် ကြာသပတေးနေ့က ဒိုဟာမြို့တော်မှာ ပထမဆုံး ပန်ဒါအိမ်ကလေးကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ပန်ဒါအိမ်ဟာ အယ်ဘတ်အားကစားရုံအနီး မယ်ခါပန်းခြံမှာ တည်ရှိပါတယ်။ အဲဒီပန်ဒါအိမ်မှာ တရုတ်ပန်ဒါဝက်ဝံကြီး စုံတွဲရဲ့ နေအိမ်ဖြစ်ပါတယ်။ သူတို့ကလေးတွေကတော့ အသက်၃နှစ်အရွယ်ရှိပန်ဒါမလေး ဆီဟိုင်းနှင့် အသက် ၄နှစ်အရွယ် ပန်ဒါထီးကလေး ကျင်ကျင်တို့ဖြစ်ကြပါတယ်။
ဒီပန်ဒါအတွဲဟာ အရှေ့အလယ်ပိုင်းဒေသအတွက် ပထမဆုံးပန်ဒါတွေဖြစ်ကြပါတယ်။ သူတို့ကို အာရပ်အမည်လည်း ပေးထားပါတယ်။ ကျင်ကျင့်ကို ဆူဟေးအမည်၊ ဆိုဟိုင်းကို ဆိုရာယာအမည် အသီးသီးပေးထားကြပါတယ်။ အဓိပ္ပါယ်ကတော့ ကောင်းကင်ကကြယ်ပွင့်များလို့ဆိုပါတယ်။
ကာတာဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ရှိတ်ခါလစ်ဘင်ကာလီဖာဘင်အက်ဘ်ဒူလာဇစ်အယ်သန်နီက ပန်ဒါအိမ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ကာတာဆိုင်ရာ တရုတ်သံအမတ် ကျုံးကျန့်လည်း တက်ရောက်ခဲ့ပါတယ်။ပန်ဒါကိုချစ်တဲ့ မြို့က ကလေးငယ်တွေကိုလည်းအခမ်းအနားဖိတ်ခဲ့ပါတယ်။
“ ပန်ဒါကို သားချစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သားရဲ့အိပ်မက် တကယ်ဖြစ်လာတာလေ။ ပြီးတော့ ပန်ဒါကို အခုမှ အပြင်မှာ မြင်ဖူးတာ။ သားက ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကို သဘောကျတယ်” လို့ ကလေးငယ်တစ်ဦးက ပြောပါတယ်။
ပန်ဒါအိမ်ဟာ ဒိုဟာမြို့တော်မြောက်ပိုင်း ၅၀ကီလိုမီတာအကွာအရပ်မှာရှိပြီး ၂၀၂၁ က တည်ဆောက်ခဲ့ပါတယ်။ ပန်ဒါလေးတွေ ကျန်းကျန်းမာမာဘေးကင်းကင်းနေနိုင်ဖို့ ပန်ဒါအိမ်နှင့်အတူ ပြုစုရေးအခန်း၊ကုသရေးအခန်း၊ အစားအစာ ပြင်ဆင်ရေးအခန်းနှင့် လေအေးစက်တပ်ပေးထားတဲ့ ကစားကွင်းကလေးကိုပါ ပူးတွဲတည်ဆောက်ပေးထားပါတယ်။
အဲဒီအပြင် ပန်ဒါအိမ်အတွက် အတွေ့အကြုံရှိတဲ့ မျိုးဖောက်သူတွေနှင့် တိမွေးကုဆရာဝန်တွေကို အလုပ်ခန့်ထားပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံ စောင့်ရှောက်ထိန်းသိမ်းရေးနှင့်သုတေသနဌာနက မျိုးဖောက်သူနှစ်ဦးနှင့် တိမွေးကုဆရာတဝန်တစ်ဦးတို့ကို အလွှဲအပြောင်းကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒိုဟာကိုစေလွှတ်ထားပါတယ်။
ပန်ဒါဟာ ဝါးတွေအပြင် မုန်လာဥ၊ပန်းသီးနှင့် တရုတ်ရိုးရာပန်ကိတ်တွေကို စားသုံးပါတယ်။
၂၀၂၀ပြည့်နှစ်မှာ တရုတ်နှင့် ကာတာတို့ချုပ်ဆိုတဲ့ စာချုပ်အရ ဒီပန်ဒါကလေးနှစ်ကောင်ဟာ ကာတာမှာ ၁၅နှစ်ကြာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။
ဆီဟိုင်းနှင့် ကျန်ကျန်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ပေါက်ဖွားခဲ့ပါတယ်။ ဆီဟိုင်းဟာ သစ်ပင်တက်ရတာသိပ်ပျော်တဲ့ ပန်ဒါသမီးကလေးဖြစ်ပြီး ကျန်ကျန်ကတော့ အစားသိပ်ပုတ်တဲ့ ကောင်ကလေးဖြစ်ပါတယ်။
ဆီဟိုင်းနှင့် ကျန်ကျန်တို့ဟာ အောက်တိုဘာ ၁၉ရက်နေ့က ကာတာကိုရောက်ရှိခဲ့ကြပြီး ပြည်သူတွေကိုမပြသခင်မှာ သူတို့ကလေးတွေလည်း ၂၁ရက် ကွာရန်တင်းဝင်ခဲ့ကြရသေားကြောင်းသိရပါတယ်။
Source: CCTV+
#Giant_Panda_Couple_House_Doha
#2022_World_Cup_Panda_House
#Jing_Jing_Si_Hai
#Local_News
Published_20 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀ ဘီလီယံရရှိထားပြီး ပြီးခဲ့တဲ့နှစ်ထက် ၁ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 November 2022
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ International School တွေမှာ သင်ကြားပေးနိုင်မယ့် ပြည်တွင်း၊ ပြည်ပကဆရာ၊ ဆရာမတွေရှားပါးနေတဲ့အတွက် ဆရာ၊ ဆရာမ လိုအပ်ချက်တွေများပြားနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 700 of 995