#World_Innovation
Published 30 November 2022
အဏ္ဏဝါအပင်များမှ ဇီဝချေဖျက်ခြင်းထုပ်ပိုးမှုများ ဖန်တီးနေတဲ့ ဗြိတိန်လုပ်ငန်းတစ်ခုကို ပြင်သစ်နဲ့စပိန်မှ ကျောင်းသားဟောင်းနှစ်ဦးက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 30 Nov 2022
ရုရှားလေတပ်နှင့် တရုတ်လေတပ်တို့ဟာ အာရှပစိဖိတ်မှာ ပူးတွဲ လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပူးတွဲ လေ့ကျင့်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ (၃၀)ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ “ ရုရှား လေတပ်ရဲ့ Tu-95ms မဟာဗျူဟာမြောက် ဒုံးကျည်တင် လေယာဉ်တွေနှင့် တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ Xian-6k အပါအဝင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ လေယာဉ်အုပ်စုဟာ ဂျပန်နှင့် အရှေ့ တရုတ်ပင်လယ်အပေါ်ကနေ ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ခဲ့ကြတယ်”လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Source: AFP
#Joint_air_patrols_Strategic_Planes
#Russia_China_Joint_Air_Patrols
#Asia_Pacific_Politics
#Local_News
Published_ 30 November 2022
အခုဆောင်းတွင်းကာလမှာ ဝေးလံခေါင်သီတဲ့ကချင် ပြည်နယ်ကကျေးလက်နေပြည်သူတွေအတွက် အနွေးထည်၊ စောင်နဲ့ကျောင်းသုံးစာအုပ်တွေအပါ အဝင်စာအုပ်စာပေတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာမှာ တီဗွီအဟောင်းအကျွမ်းတွေကို အုတ်အစားအသုံးပြုကာ စေတီတည်ထားကိုကွယ်ရန် ပြုလုပ်နေပြီး လိုအပ်တဲ့ တီဗွီအဟောင်းတွေကို အလှူခံနေတယ်လို့ တီဗွီစေတီတည်ထားဖို့ ဆောင်ရွက်နေသူထံက အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 November 2022
၁။ အုတ်အစား တီဗွီအဟောင်းများအစားထိုး၍ စေတီတည်ထားကိုးကွယ်မည်
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရရှိထား၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုတင်ပို့နိုင်
၃။ ကချင်ကျေးလက်နေပြည်သူများအတွက် ဆောင်းတွင်းကာလအနွေးထည်နှင့် စာအုပ်စာပေများလိုအပ်နေ
၄။ ရေညှိအခြေပြုထုတ်လုပ်ထားသည့် ထုပ်ပိုးမှုစနစ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆုရရှိရန် ယူကေကုမ္ပဏီမျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကနေစပြီး မတ်ပဲဈေးနှုန်းတွေက တစ်တင်းကို ကျပ် ၆၀၀၀၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေခဲ့ပြီး အခု နိုဝင်ဘာလ တတိယအပတ်တွင် ၅သောင်း၇ထောင်ကျပ်နဲ့ ဒီကနေ့ နိုဝင်ဘာလ နောက်ဆုံးရက်ဖြစ်တဲ့ ၃၀ရက်နေ့မှာတော့ ငွေကျပ် ၅သောင်း၅ထောင်အထိကျဆင်းခဲ့တယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Page 689 of 994