#Local_News
Published_13 December 2022
၂ နှစ်ကျော်ကြာပိတ်ထားတဲ့ တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင်တံတားကို ပြန်ဖွင့်လိုက်တာကြောင့် ယင်းနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ပွင့်လာနိုင်တယ်လို မူဆယ်နယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Sports
Published 13 December 2022
အာဖရိကအမြင့်ဆုံးတောင်အနီးရှိ ကင်ညာဘေးမဲ့တောတစ်နေရာမှာ မာဆိုင်းလူငယ်တွေက သူတို့ရဲ့ အစွမ်းသတ္တိနဲ့ ခွန်အားကို သက်သေပြဖို့အတွက် ရိုးရာခြင်္သေ့အမဲလိုက်ပွဲများအစား အားကစားပြိုင်ပွဲများပြုလုပ်လာကြပါတယ်။
#Yangon_Media_Group
Published 13 Dec 2022
မော်ရိုကိုနှင့်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ အမ်ဘာပီရဲ့ ပြင်သစ်အသင်းက ကစားသမားတွေဟာ လေ့ကျင့်နေကြတာကို မြင်တွေ့ကြရပါတယ်။ လေ့ကျင့်တဲ့ ပထမ ၁၅မိနစ်ကို မီဒီယာတွေ သတင်းယူခွင့်ပေးခဲ့စဉ်မှာ Aurélien Tchouaméni နှင့် Dayot Upamecano တို့ လေ့ကျင့်ရာမှာ ရှိမနေခဲ့ကြပါဘူးလို့ အေအက်ဖ်ပီကပြောပါတယ်။
ထိုနည်းတူ ခရိုအေးရှားနှင့် ဆီမီးဖိုင်နယ်ပွဲကစားရမယ့် မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာလည်း ကာတာ တက္ကသိုလ်ကွင်းမှာ လေ့ကျင့်နေကြပါတယ်။
Source: AFP
#Mbappe's_France
#Messi's_Argentina
#World_Cup_2022
#Local_News
Published_13 December 2022
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်းဟာ ယမန်နှစ်ထက် ဈေးကပိုမြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ကိုဗစ်ကာလအပြီး အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့တွင်းမြို့နယ်တွေထက် ဒဂုံ(၄)မြို့နယ်နဲ့ မြေကွက်လုံးချင်းတွေက အရောင်းအဝယ်ပိုဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(MRPDA) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 December 2022
အသက်(၇၅)နှစ်အထက် သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးခန့်ကို အခုဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပူဇော်ကန်တော့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 13 December 2022
၁။ သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးကို ပူဇော်ကန်တော့သွားရန်ရှိ
၂။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း Down Town မြို့နယ်များထက် ဒဂုံမြို့နယ်များ၌ အရောင်းအဝယ်ပိုဖြစ်နေ
၃။ ပြည်ပဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်း ယခင်နှစ်ထက် ဈေးပိုမြင့်တက်လာ
၄။ ကင်ညာနိုင်ငံ မာဆိုင်းလူမျိုးတို့၏ ရိုးရာခြင်္သေ့အမဲလိုက်ပွဲအစား အားကစားပြိုင်ပွဲများဖြင့် အစားထိုးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 675 of 994