#Local_News
Published_ 22 December 2022
နာမကျန်းဖြစ်နေတဲ့ ချို့တဲ့နေတဲ့စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သတင်းစာဆရာအစရှိတဲ့ စာပေလောကသားတွေကို မျှတူမျှအစီအစဉ်နဲ့ ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 22 December 2022
လတ်တလောမှာ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကို နိုင်ငံခြားသားဧည့်သည်၊ ပြည်ပဘုရားဖူး(၁၀၀)မှ (၂၀၀)ခန့်ဝင်ရောက်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းထံမှသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 22 December 2022
၁။ ရွှေတိဂုံစေတီတော်သို့ တစ်ရက်ကိုနိုင်ငံခြားသားဧည့်သည် (၁၀၀)မှ (၂၀၀)ခန့် ဝင်ရောက်
၂။ နာမကျန်းနှင့်ချို့တဲ့သည့် စာပေလောကသားများကို မျှတူမျှအစီအစဉ်ဖြင့် ထောက်ပံ့ပေးနေ
၃။ မြဝတီအမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန် မသေချာသေးဟုဆို
၄။ အာရေဗျစာအုပ်များရောင်းချနေသည့် လန်ဒန်မှအထင်ကရစာအုပ်ဆိုင် ပိတ်သိမ်းတော့မည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 December 2022
အစ်မတော်မြနန်းနွယ်ရဲ့(၁၁၅)ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးမှာ ကျင်းပသွားဖို့ရှိတယ်လို့ ဂေါကပအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်မှာမီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ကြုံတွေ့နေရပြီး လတ်တလောမှာမီးဘေးသင့်လို့ အိုးအိမ်မဲ့သွားတဲ့အိမ်ထောင်စု(၁၃)စု ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Heritage
Published 21 December 2022
အီရတ်အမျိုးသားပြတိုက်ရဲ့ဘေးအခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်တစ်ဦးက ၁၇ ရာစုလက်ရေးစာမူကို အလေးထားပြီး အဖိုးတန်စာသားပေါင်း ၄၇,၀၀၀ ကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းရန် ပြန်လည်မွမ်းမံရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်။
#Yangon_Media_Group
Published 21 December 2022
ရုရှားရေတပ်ဟာ ဟိုက်ပါဆိုနစ် ဇိုင်ယာကွန် ခရုစ်ဒုံးကျည် အသစ်တွေကို လာမယ့် ဇန်နဝါရီလစောစောပိုင်းကနေ စတင်ပြီး ရရှိတော့မယ်လို့ သမ္မတဗလက်ဒီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်ကပြောပါတယ်။ အဲဒီလက်နက်ကို ရုရှားက သိပ်မကြာသေးခင်နှစ်တွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။
“ ဇန်နဝါရီကစပြီးတော့ အက်ဒ်မိုင်ရယ်လ် ဂေါ့ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောကြီးကို ဇိုင်ယာကွန်ဟိုက်ပါဆိုနစ်ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်နှင့် အဆင့်တူတာ ဒီကမ္ဘာမှာ မရှိသေးပါဘူး” လို့ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးတွေနှင့်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russsia_Military_Power
#New_hypersonic_Zircon_cruise_missiles
#Vladimir_Putin
Page 666 of 994