#Local_News
Published_26 December 2022
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 December 2022
နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးတဲ့ မိဘမဲ့နားမကြားသောကလေးငယ်တွေအတွက် လှူဒါန်းနိုင်တယ်လို့ မေရီချက်(ပ်) မင်း နားမကြားသောကလေးငယ်များကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သီတာညွန့်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 December 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုတင်ပို့နေတဲ့ ပို့ကုန်အမယ်တွေထဲမှာ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက အများဆုံးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 26 December 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်း အများဆုံးတင်ပို့ထား
၂။ နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးသည့် မိဘမဲ့နားမကြားသောကလေးငယ်များအတွက် လှူဒါန်းနိုင်
၃။ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကြက်သွန်ဝယ်လိုအားလျော့နည်းလာ
၄။ တူရကီငွေကြေးတန်းဖိုးကျဆင်းလာသော်ငြား ဆံပင်အစားထိုးခွဲစိတ်လုပ်ငန်းကျယ်ပြန့်အောင်မြင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 December 2022
သထုံဆေးရုံနဲ့မော်လမြိုင်ဆေးရုံတွေမှာ ကျောက်ကပ်သန့်စင်တာနဲ့ အစာအိမ်မှန်ပြောင်းကြည့်တာတွေကို ပြန်လည်ဆောင်ရွက်နိုင်ပြီလို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 25 December 2022
ကြောက်စရာကောင်းလှတဲ့ ဆောင်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ နေရာအစိတ်အပိုင်းတွေကို ဆက်လက် ထုထောင်းနေပါတယ်။
အင်အားပြင်းလှတဲ့ အာတိတ်လေတွေကြောင့် စနေညနေခင်းမှာ လူသန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲနေထိုင်နေကြရပါတယ်။
ဆောင်းမုန်တိုင်းနှင့်အတူ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့တစ်လျောက်မှာ ထူထပ်တဲ့ နှင်းတွေ ကျဆင်းနေပါတယ်။အရေးပေါ်လုပ်ငန်းတွေကို မြူနီစပါယ်ဒေသ(၈)ခုမှာ လုပ်ဆောင်လို့မရဘဲဖြစ်နေပြီး ဒေသခံတွေ အိမ်ထဲမှာပဲနေကြဖို့ ဘတ်ဖလိုအများကောင်စီက တွစ်တာမှာကြေညာထားပါတယ်။
Source AFP
#US_Winter_Storm
#Climate_Change
Published 25 December 2022
၁၂၄ကြိမ်မြောက်မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုကို တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ အဲဒီပူးတွဲကင်းလှည့်ရာမှာ ပါဝင်ခဲ့တဲ့ တရုတ်ရေယာဉ် လေးစီးဟာ အနောက်တောင်ယူနန်ပြည်နယ်က ကွမ်လေးဆိပ်ကမ်းကို ပြန်လည်ဆိုက်ကပ်ရောက်ရှိခဲ့ပါတယ်။
အဆိုပါ (၄)ရက်ကြာ ပူးတွဲကင်းလှည့်လည်ရာမှာ နိုင်ငံပေါင်းလေးနိုင်ငံမှ ရေယာဉ်(၆)စီးဖြင့် ကွမ်လေဆိပ်ကမ်းမှ ရွှေတြိဂံအနီးရေပြင်အထိ ၅၂၀ကီလိုမီတာကို ခုတ်မောင်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေရာတစ်ဝိုက်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ကုန်ကူးမှု နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့နေရာတွေပါ။
ကင်းလှည့်ခရီးအတွင်း အဆိုပါနိုင်ငံလေးနိုင်ငံမှ အဖွဲ့တွေဟာ "Watch-2022" လေ့ကျင့်ခန်းတွေကိုပါပူးတွဲဆောင်ရွက် ခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေမှာ ပူးတွဲစစ်ဆင်ရေးကို ကျယ်ပြန့်စွာ စစ်ဆေးခြင်း၊တိုးမြှင့်ဆောင်ရွက်ခြင်း၊ အရေးပေါ် တုန့်ပြန်ခြင်းနှင့် တိုက်ပွဲအသင့် စွမ်းရည်တွေပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ခဲ့ပါတယ်။
မဲခေါင်မြစ်ဟာ တရုတ်တို့က လန်ချန်းလို့ခေါ်တဲ့မြစ်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ရေကြောင်းသွားလားမှုအတွက် အရေးပါတဲ့ ရေပြင်တစ်ခုဖြစ်ပါတယ်။
၂၀၁၁ခုနှစ် ဒီဇင်ဘာလကတည်းက အဆိုပါနိုင်ငံလေးနိုင်ငံဟာ ပူးတွဲကင်းလှည့်မှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော် မဲခေါင် လေးနိုင်ငံ ဥပဒေစိုးမိုးရေးဌာနတွေရဲ့ ပူးတွဲကင်းလှည့်မှုတွေကြောင့် အမှားကင်းစင်ပြီး ထိခိုက်မှု၊ပြီးတော့ မြစ်ကြောင်းထဲအပိုင်စီးမှုတွေ တစ်ခုမှမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်တဲ့ ပုံစံတစ်ခုဖြစ်လာခဲ့ရပါတယ်။
Source: CCTV+
#The_124th_joint_Mekong_River_patrol
#Joint_patrol_Myanmar_Mekong
#Myanmar_Politics
Page 661 of 994