မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မြစ်ရေတွေတိုးပြီး ဇူလိုင်လမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စတဲ့ မြစ်တွေဟာ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိလာဖို့ရှိလို့မြစ်နားကမ်းနားနေထိုင်သူတွေ၊ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့သိရပါတယ်။
#Local_News
Published 30 June 2024
#စိုးရိမ်ရေအမှတ်အထက်ကျော် #မိုးသည်းထန်စွာရွာသွန်း
#tthl #Yangon_Times
အမေရိကန်လေယာဥ်မှချသွားသည့် ရေငုပ်သင်္ဘောရှာဖွေရေးကိရိယာများကို တရုတ်ကြားဖြတ်ဆယ်ယူ
တောင်တရုတ်ပင်လယ်ထဲက လင်းပိုင်များကျက်စားရာနေရာ အနီးနားရေပြင်မှာ အမေရိကန်လေယာဥ်မှ ကျဲချသွားတဲ့ ရေငုပ်သင်္ဘော ရှာဖွေရေးကိရိယာတွေကို တရုတ်က ကြားဖြတ်နှောင့်ယှက်ခဲ့ပါတယ်။
#World_News
Published 29 June 2024
#အမေရိကန်လေယာဥ် #ရေငုပ်သင်္ဘောရှာဖွေရေးကိရိယာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 29 June 2024
၁။ မူးယစ်ဆေးစွဲသွားသူများအတွက် ဥပဒေအရပြစ်ဒဏ်မရှိတော့၍ ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်ဟုဆို
၂။ ဂျပန်ဗီဇာလျှောက်ထားခြင်းများ ဇူလိုင်လအတွင်းအွန်လိုင်းဘိုကင်စနစ်ကျင့်သုံးမည်
၃။ ရန်ကုန်တွင်အခုရက်ပိုင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ရန်ရှိ
၄။ အမေရိကန်လေယာဥ်မှချသွားသည့် ရေငုပ်သင်္ဘောရှာဖွေရေးကိရိယာများကို တရုတ်ကြားဖြတ်ဆယ်ယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရှိမြို့နယ်အချို့မှာ အခုရက်ပိုင်းတွေမှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်တာတွေရှိနိုင်တယ်လို့သိရပါတယ်။ (၁)230kVမန်စံ - ရွှေစာရံလိုင်းအမြဲတမ်းအပြစ်ဖြစ်လို့နဲ့ (၂)အရှေ့ဒဂုံဓာတ်အားခွဲရုံလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ဓာတ်အားပိတ်ဆောင်ရွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published 29 June 2024
#လျှပ်စစ်ဓာတ်အား #ယာယီပြတ်တောက်
#tthl #Yangon_Times
ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် ဗီဇာလျှောက်ထားတာတွေကို ဇူလိုင်လအတွင်းမှာ အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမယ်လို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဇွန်လ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်က စတင်ပြီး တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားတာကို အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမှာဖြစ်ပြီး အဖွဲ့လိုက်လျှောက်ထားတာနဲ့ ပတ်သက်လို့လည်း ဇူလိုင်လ အလယ်ပိုင်းမှာ အွန်လိုင်းဘိုကင် စတင်လက်ခံမယ့် ရက်အတည်ပြုပြီးပါကလည်း ထပ်မံအသိပေးကြေညာပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published_ 29 June 2024
#ဂျပန်ဗီဇာ #အွန်လိုင်းဘိုကင်စနစ် ကျင့်သုံး
#NN #YMG #Yangon_Times #Yangon_Media_Group
အသစ်ပြဌာန်းမယ့်ဥပဒေမှာ မူးယစ်ဆေးစွဲသမားတွေအတွက်ပုဒ်မ(၁၅)ရှိပေမယ့် ပြစ်ဒဏ်မရှိတော့ဘဲ ပြန်လည်ထူထောင်ရေးအနေနဲ့ ဆေးဖြတ်ရမှာဖြစ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)မှ သိရပါတယ်။
#Local_News
Published_ 29 June 2024
#မူးယစ်ဆေးစွဲလူနာ #ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်
#tthl #Yangon_Times
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
Page 63 of 889