အစ္စရေးလ်-လက်ဘနွန်နယ်စပ်ကြားတင်းမာမှုမြင့်တက်ခဲ့သော်ငြား ဟက်ဇ်ဘိုလာအဖွဲ့စစ်ရေးလှုပ်ရှားမှုလျော့ပါးလာ
ပြီးခဲ့တဲ့ အောက်တိုဘာလ ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေးလ်နဲ့ လက်ဘနွန်စစ်သွေးကြွ ဟက်ဇ်ဘိုလာအဖွဲတို နယ်စပ်ကနေ ပစ်ခတ်နေကြရာ တင်းမာမှုမြင့်တက်နေပြီး လူထောင်သောင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ပွဲကြီးဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။
#World_News
Published 02 July 2024
#အစ္စရေးလ်-လက်ဘနွန် #စစ်ရေးလှုပ်ရှားမှုလျော့ပါးလာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 02 July 2024
၁။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ရှိကချင်ဒေသခံ ထောင်ချီရေဘေးသင့်နေ၊ ဖုန်းလိုင်းများပြတ်နေ၍ အကူအညီတောင်းခံရန်အခက်တွေ့နေ
၂။ ရန်ကုန်မှတရုတ်နိုင်ငံ နန်နင်းမြို့သို့ တိုက်ရိုက်ခရီးသွားနိုင်သလို ကုန်ပစ္စည်းများလည်းတိုက်ရိုက်ပို့ဆောင်နိုင်
၃။ မတ်ပဲဈေးအမြင့်တန်း၌ အတက်အကျဖြစ်နေ
၄။ အစ္စရေးလ်-လက်ဘနွန်နယ်စပ်ကြားတင်းမာမှု မြင့်တက်ခဲ့သော်ငြား ဟက်ဇ်ဘိုလာအဖွဲ့စစ်ရေးလှုပ်ရှားမှုလျော့ပါးလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီမြစ်ရေဟာ မြစ်အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ဗန်းမော်၊ ကသာ၊ သပိတ်ကျင်း၊ ရွှေကူ၊ မန္တလေး၊ စစ်ကိုင်း၊ညောင်ဦးတို့မှာ မြစ်ရေတွေကြီးနိုင်သလို ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်တို့မှာကြီးနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2024
#မြစ်အလယ်ပိုင်းဒေသ(၁၀)ခု #မြစ်ရေကြီးနိုင်
#tthl #Yangon_Times
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကစလို့ တဖြည်းဖြည်းကျဆင်းနေပြီး သက်ဆိုင်ရာကလည်း ရေဘေးရှောင်စခန်း ၃၀ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ပေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 02 July 2024
#ရေဘေးရှောင်စခန်း၃၀ဖွင့်လှစ် #ဧရာဝတီမြစ်ရေပြန်ကျလာ
#tthl #Yangon_Times
အိန္ဒိယနိုင်ငံရဲ့အဓိက ဝယ်ယူနေတဲ့ ပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ မတ်ပဲဈေးနှုန်းဟာ လက်ရှိမှာ ဈေးအမြင့်တန်းမှာရှိနေပြီး အတက်အကျဖြစ်နေတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 02 July 2024
#မတ်ပဲဈေးအမြင့်တန်း #အတက်အကျဖြစ်နေ
#NN #Yangon_Times
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နန်နင်းမြိုကြား တိုက်ရိုက်ပြေးဆွဲတဲ့ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို Ruili Airlines မှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2024
#ရန်ကုန်-နန်နင်း #ကုန်ပစ္စည်းများလည်းတိုက်ရိုက်ပို့ဆောင်နိုင်
#tthl #Yangon_Times
ကချင်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်းမော်က ရေဘေးသင့်ပြည်သူ ထောင်ချီကို ရေဘေးလွတ်ရာကို ရွေ့ပြောင်းပေးနေရတဲ့ ကယ်ဆယ်ရေးတွေလည်း မလုံလောက်သလို ရေသန့်နဲ့ စားနပ် ရိက္ခာတွေလည်း လိုအပ်နေတယ်လို သိရပါတယ်။
#Local_News
Published 02 July 2024
#ဖုန်းလိုင်းများပြတ်နေ #အကူအညီတောင်းခံရန်အခက်တွေ့
#tthl #Yangon_Times
Page 61 of 889