#DailyNews
Published_ 23 February 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကန့်သတ်ချိန်အတွင်းလျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြား
၂။ အခေါက်ရွှေ ၂၇ သိန်း ၉ သောင်းသတ်မှတ်ထားပေမယ့် ပြင်ပရွှေဈေးတွင် ၂၈ သိန်း ၅ သောင်းဝန်းကျင်ဖြစ်ပေါ်နေ
၃။ ဝိဇ္ဇာတွဲသင်ကြားပေးသည့် ကျောင်းများနည်းလာ၍ မျက်မမြင်ကျောင်းသားများ အခက်ကြုံနေ
၄။ မက္ကဆီကို စီးတီးရဲများ သုံးဖက်မြင် 3D ပုံဖော်ကွန်ပျူတာစနစ်ဖြင့် မှုခင်းဖြစ်ရပ်များလေ့ကျင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 February 2023
ကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက် လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီ လောက်ကကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေရင်း မေ့လဲကျခဲ့တာကြောင့် သျှင်ပါကူဆေးခန်းကို ယူတဲ့အခါ ဆေးခန်းကို မရောက်ခင်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ အဲ့ဒီအမျိုးသားကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ကိုကျော်မျိုးနိုင်က ပြောပါတယ်။
#Local_News #ကန်တော်ကြီးပန်းခြံ #Crime
#YMG #Yangon_Media_Group
#Local_News
Published-22 February 2023
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို လာရောက်တဲ့ ရဟန်းသံဃာ၊ သီလရှင်၊ ကလေး၊ ကျောင်းသား၊ ကျောင်းသူတွေကို အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားတယ်လို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) က သိရပါတယ်။
#Local_News #ပုဂံရှေးဟောင်းသုတေသနပြတိုက်
#YMG #Yangon_Media_Group
#World_Entertainment
Published 22 February 2023
ဆူဒန်နိုင်ငံမှာ ပြုလုပ်တဲ့ အပတ်စဉ်ဟာသပြဇာတ်ဟာ အကျော်ကြားဆုံးဖျော်ဖြေရေးဏ္ဍတစ်ခု ဖြစ်လာပါတယ်။
#World_Entertainment #စစ်ဘေးဒဏ်ခံစား#ဆူဒန်
#YMG#Yangon_Media_Group
#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်၊၊
#Education #Exam #YMG
#Yangon_Media_Group
#Local_News
Published_ 22 February 2023
ရခိုင်ရိုးရာသင်္ကြန်ဟာ အရှေ့တောင်အာရှမှာ အစောဆုံးကျင်းပခဲ့တဲ့သင်္ကြန်ဖြစ်ပြီး မြတ်စွာဘုရားပွင့်တော်မူချိန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ကာလကတည်းက စတင်ကျင်းပလာတဲ့ သင်္ကြန်ပွဲတော်ဖြစ်တယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရပါတယ်၊၊
#ရခိုင်ရိုးရာသင်္ကြန် #သက်တမ်း၂၀၀၀#Local_News
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ အစပိုင်းကစပြီး ဈေးဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေးဟာ လက်ရှိအချိန်အထိ ဈေးမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Rice #Business# ပြည်တွင်းဆန်ဈေးကွက်
#YMG #Yangon_Media_Group
Page 598 of 993