#Local_News
Published_ 16 March 2023
နွေရာသီကာလ ရပ်ကွက်အချို့မှာ ရေတွင်းတွေခမ်းခြောက်မှု စတင်ဖြစ်ပေါ်လာတဲ့အတွက် သောက်သုံးရေလှူဒါန်းတာတွေ ဆောင်ရွက်ပေးနေရတယ်လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက် အကူပြုအဖွဲ့မှ သိရပါတယ်၊၊
#Local_News #Summer #ရေတွင်းခမ်းခြောက်ခြင်း #ရေရှားပါးမှု
#YMG #Yangon_Media_Group
#Local_News
Published_ 16 March 2023
သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်များ အနေနဲ့ သတ်မှတ်နှုန်းထားထက် ပိုမိုမကောက်ခံဖို့ တိုးမတောင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ပိုမိုမကောက်ခံဖို့ #YBS
#YMG #Yangon_Media_Group
#DailyNews
Published_ 16 March 2023
၁။ သင်္ကြန်တွင်းကာလ YBS ယာဉ်များ ယာဉ်စီးခ ပိုမိုမကောက်ခံဖို့ ညွှန်ကြားထားဟုဆို
၂။ နွေရာသီကာလရေတွင်းများ ခမ်းခြောက်ခြင်းနှင့် ရေရှားပါးမှုစတင်ဖြစ်ပေါ်လာ
၃။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးမြင့်တက်
၄။ ဂျပန်နိုင်ငံ၏ ဘူမိအပူစွမ်းအင်စီမံကိန်းအလားအလာကို ရေပူစမ်းလုပ်ငန်းရှင်များ ကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 16 March 2023
ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ စီးတီးတက်စီတွေထဲက တက်စီအစီးရေ ၅၀၀ ကို Pilot Project အနေနဲ့ ခေတ်မီတဲ့ စမတ်မီတာစနစ်တပ်ဆင်သွားမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်၊၊
#Local_News #စီးတီးတက်စီ #Smart_Meter
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
မတ်လ ၁၅ရက်နေ့မှာဖြေဆိုရတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာတွဲကို ကျောင်းသားအများစုဖြေဆိုနိုင်တယ်လို့ စာမေးပွဲလာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
#Local_News #ဘောဂဗေဒ #ဇီဝဗေဒဘာသာတွဲ #Exam
#YMG #Yangon_Media_Group
#Asia_News
Published 14 March 2023
အင်ဒိုနီးရှားနိုင်ငံ ဝါဝိုနီကျွန်းရှိ လယ်ယာမြေတွေဟာ အင်ဒိုနီးရှားသတ္တုတူးဖော်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး လျှပ်စစ်ကားဘက်ထရီတွေမှာ အသုံးပြုတဲ့ အရေးကြီးပစ္စည်းဖြစ်တဲ့ နစ်ကယ်သတ္တုတွေကို တူးဖော်ရန်ဖြစ်ပါတယ်။
#Asia_News #နစ်ကယ်သတ္တု #အင်ဒိုနီးရှား #တောင်သူလယ်သမား
#YMG #Yangon_Media_Group
#Local_News
Published_ 15 March 2023
မတ်လ ၁၃ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၁၃၀ ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၂,၀၂၁ အထက်နှုန်းထားဖြင့် ဈေးတက်လာကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #ဓာတ်ဆီ #ပြန်လည်ဈေးတက်
#YMG #Yangon_Media_Group
Page 586 of 992