Published 27 March 2023
လေယာဉ်ပျံကိုရူးသွပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံက အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင်က လေယာဉ်ပျံတစ်ခါမျှမစီးဖူး သော်လည်း သူ့ရဲ့အိမ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးဒီဇိုင်းနှင့် တည်ဆောက်ခဲ့ပါတယ်။
သူဟာ ခရတ်ပေါင် ဆိုတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ သူဟာ သူတစ်သက်တာ လုံးစုဆောင်းလာခဲ့တဲ့ ဒေါ်လာ နှစ်သောင်းခန့်ကိုအသုံးပြုပြီး ကွန်ကရစ်နှင့်ပြုလုပ်ထားတဲ့ လေယာဉ်ပျံအိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ပျံအိမ်ကလေးဟာ တောင်ပံတွေ၊အမြီး၊ လေယာဉ်ဆင်းဂီယာနှင့်အင်ဂျင်တွေပါ ပုံစံထုတ်တပ်ဆင်ထားပါတယ်။ သူ့ရဲ့အိမ်ဟာ နာမည်ကျော် အန်ကာဝပ်ဘုရားကျောင်းတော်ကြီးတည်ရှိရာ ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ယိမြို့အနီးမှာတည်ရှိပါတယ်။
Source AFP
#လေယာဉ်ပျံစွဲလမ်းသူကမ္ဘောဒီးယားအမျိူးသား
#ဂျက်လေယာဉ်အိမ်
#YangonMediaGroup
#LocalNews
Published_ 27 March 2023
ပြည်တွင်းမှာ ဆန်စပါးဈေးတွေမြင့်တက်လာလို့ ပြည်ပကိုဆန်နဲ့ဆန်ကွဲတွေတင်ပို့ရာမှာ ခွဲတမ်းအကန့်အသတ်စနစ် (Quota)နဲ့တင်ပို့ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 27 March 2023
မဟာသင်္ကြန်ကာလအတွင်း YRTC အောက်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေထဲက လမ်းကြောင်းတူယာဉ်လိုင်းအချို့ ခေတ္တရပ်နားမှာဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေတဲ့ခရီးသွားပြည်သူတွေ အခက်အခဲ မရှိအောင်စီစဉ်ထားတယ်လို့ YRTC ကသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 27 March 2023
ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ (၁၄)ရက်ကြာကျန်းမာရေးစစ်ဆေးမှုနဲ့ဆေးကုသမှုခံယူနေတယ်လို သိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 27 March 2023
၁။ဗန်းမော်ဆရာတော်ဘုရားကြီးထိုင်းနိုင်ငံဘန်ကောက်တွင်(၁၄)ရက်ကြာဆေးကုသမှုခံယူနေ
၂။သင်္ကြန်ကာလ YBS ယာဉ်လိုင်းအချို့ရပ်နားထားမည်
၃။ ဆန်ကို အကန့်အသတ်စနစ်(Quota)နဲ့ ပြည်ပပို့ရန်ပြောင်းလဲသတ်မှတ်
၄။အသက်(၇၃)နှစ်ထိတိုင် ကြိုးတန်းလမ်းလျှောက်ချင်သေးသည့် ပြင်သစ်ကြိုးတန်းလမ်းလျှောက်သမား... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 27 March 2023
မတ်လ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့်ခေတ္တာပိတ်ထားတဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)၊(၂)ကို မတ်လ ၂၆ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ မြဝတီမြို့ဒေသခံတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 26 March 2023
အခုနှစ်အတွင်း မြန်မာကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးကို အိန္ဒိယနိုင်ငံရဲ့တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ Scholarshipပညာသင်ဆုပေးသွားဖို့ရှိတယ်လို့ India Education Fair ပွဲမှ သိရပါတယ်။India Education Fairပွဲကို အိန္ဒိယနိုင်ငံသံရုံးနဲ့ SAPE Events and Media Ltd ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မတ်လ(၂၄)ရက်မှ(၂၅)ရက်အထိရွှေဘုံသာလမ်းရှိ India Centerမှာကျင်းပခဲ့တာဖြစ်ပါတယ်၊၊
#YMG#Yangon_Media_Group
Page 575 of 992