#Local_News
Published_ 4 April 2023
ဧပြီလ ၆ရက်နေ့မှ ၁၁ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးအချိုမှာ လက်ရှိအပူချိန်ထက် 5C° လောက် ရုပ်ချည်းမြင့်တက်လာဖို့ရှိနေတယ်လို့ခန့်မှန်းပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
#Local_News #ရန်ကုန်တိုင်းဒေသကြီး #နေ့အပူချိန်များ5C°ခန့်ပိုမိုမြင့်တက်လာနိုင် #YMG#Yangon_Media_Group
#Daily_News
Published_4 April 2023
၁။လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ 5C° ခန့်ပိုမိုမြင့်တက်လာနိုင်
၂။အသားတိုးကြက်ဈေး တစ်လကြာအတွင်း ကျပ် ၁၇၀၀ အကျော် ဈေးပြန်တက်လာ
၃။သင်္ကြန်ကာလတွင်း မျက်လုံးနှင့်နားမထိခိုက်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၄။ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ရန် နိုင်ငံအများအပြားကြိုးစားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 April 2023
ဧပြီလ ၄ရက်နေ့မှာ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း၄သောင်း ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေကပြောပါတယ် မတ်လနောက်ဆုံးအပတ်မှာ ဈေးအနည်းငယ် ကျဆင်းခဲ့တဲ့ရွှေဈေးဟာ အခုဧပြီလ လဆန်းပိုင်းမှာ ဈေးပြန်တက်လာတာ ဖြစ်ပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #ဈေးပြန်တက်
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ဧပြီလ ၃ ရက်နေ့ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း Grab မိုဘိုင်း application နဲ့ ပြေးဆွဲနေတဲ့ Taxi ယာဉ်များမှလွဲ၍ တခြား taxi ယာဉ်တွေကို ပြေးဆွဲခွင့်မပြုတော့ဘူးလို့ လေဆိပ်အတွင်းပြေးစွဲနေတဲ့ taxi ယာဉ်မောင်းတစ်ဦးက YMG ကိုပြောပါတယ်။အရင်က လေဆိပ်အတွင်းရှိ Taxi ယာဉ်ရပ်နားစခန်းမှာ ပြင်ပ Taxi တွေရပ်နားခွင့် ပြေးစွဲပြုထားပေမယ့် အခု ဧပြီလ ၃ ရက်နေ့မနက်ပိုင်းကစပြီး ကန့်သတ်လိုက်တာဖြစ်တယ်လို့ Taxi ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
#Local_News #Grab #Taxi #Grabမိုဘိုင်းapplication
#YMG#Yangon_Media_Group
#Asia_Trade
Published_ 3 April 2023
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)ကို ပြဌာန်းပြီးနောက်ပိုင်း ဗီယက်နမ်မှာစိုက်ပျိုးပြီး တင်ပို့လိုက်တဲ့ဒူးရင်းသီ ပထမအသုတ်ဟာ တရုတ်နိုင်ငံတောင်ပိုင်းရှိ လေဆိပ်တစ်ခုသို့ ကြာသပတေးနေ့က ရောက်ရှိလာပါတယ်။
#Asia_Trade #ဗီယက်နမ် # ဒူးရင်းသီး #တရုတ်လေဆိပ်
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ဧပြီလ ၃ရက်နေ့ရန်ကုန်ရွှေအသင်းရဲ့ ရွှေအဖွင့်ဈေးဟာ ၂၂သိန်း၉သောင်းနှုန်း ဈေးဖွင့်လာပြီး ရွှေဈေးအတွင်းအရောင်းဝယ်အေးနေတယ်လို့ ရန်ကုန်ရွှေအသင်းကသိရပါတယ်။ မတ်လတစ်လလုံးရွှေဈေးဟာ အမြင့်ဘက်ရှိနေပြီ အနည်းငယ်သာပြန်ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဈေးနူန်းမတည်ငြိမ်မူတွေကြောင့် ပြည်တွင်းဈေးကွက်ထဲမှာအရောင်းအဝယ်အေးနေတာဖြစ်တယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌကပြောပါတယ်။
#Local_News #ရန်ကုန်ရွှေအသင်း #ဈေးကွက် #အရောင်းအဝယ်အေးနေ
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
လက်တလောရက်ပိုင်းအတွင်းပြင်ပစားသုံးဆီဈေးကွက်မှာစားအုံးဆီတစ်ပိသာကို ၇၀၀ကျပ်ကျော်အထိရောက်ရှိနေပါတယ်။
သင်္ကြန်ကာလ စားသုံးဆီဈေးမတက်အောင် အလုံအလောက်တင်သွင်းဆောင်ရွက်ထားတယ်လို့ ဆီကုန်သည်အသင်းနဲ့ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနက ပြောကြားထားပေမယ့် ပြင်ပလက်လီဈေးကွက်မှာ စားအုန်းဆီတစ်ပိဿာ ကျပ်၇၀၀၀ ကျော်ထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
#Local_News #သင်္ကြန်ကာလ #စားသုံးဆီဈေး
#YMG#Yangon_Media_Group
Page 567 of 992