#Daily_News
Published_ 21 April 2023
၁။ သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးမှာယာဉ်မတော်တဆမှု ၃၄ မှုဖြစ်ပွားပြီး ၁၆ ဦးသေဆုံး
၂။ ပြင်ပရွှေပေါက်ဈေး ၂၉သိန်း ၈ သောင်းကျော်ရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၃သိန်းကျော် ပေါက်ဈေးရှိနေ
၃။ နေပြင်း၍ အပူကြောင့် ကလေးငယ်များဖျားနာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများအဖြစ်များနေ
၄။ တရုတ်-အာဂျင်တီးနားပူးပေါင်းဆောင်ရွက်မှုများတွင် အမေရိကန်ဝင်ရောက်နှောင့်ယှက်နေခြင်းအား အာဂျင်တီးနားမီဒီယာများဝေဖန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 21 April 2023
အပူဒဏ်ခံရသည့် Heat stroke လူနာတွေရောက်ရှိလာပါက အရေးပေါ်ကုသမှုတွေပေးနိုင်ဖို့ ဆေးရုံတွေမှာ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားတာတွေ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #Heat_stroke #အရေးပေါ်ကုသမှု #အသင့်ပြင်ဆင်
#YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ပြည်မြို့ တက္ကသိုလ်ကျောင်းရှေ့ ရွက်နုလက်ဖက်ရည်ဆိုင်အနီး ဓာတ်ကြိုးလိုင်းပေါ်တွင် ဧပြီလ ၁၉ရက်နေ့ ညပိုင်းက မျောက်မျိုးနွယ်ဝင် ( မျောက်လေပွေ) slow loris တစ်ကောင်တွေ့ရှိခဲ့လို့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီအဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။
#Local_News #ပြည်မြို့ #တက္ကသိုလ်ကျောင်းရှေ့ #ရှားပါးမျောက်မျိုးစိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ကမ္ဘာ့ရွှေဈေးဟာလည်း ဧပြီလ ၁၉ ရက်နေ့မှာတစ်အောင်စကို ၂၀၀၄ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး အခု ဧပြီလ ၂၀ ရက်နေ့မှာ ၁၉၉၂ ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးပြန်ကျဆင်းလာပါတယ်။
#Local_News #ကမ္ဘာ့ရွှေ #ရွှေဈေးအနည်းငယ်ပြန်ကျ #YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ နီးပါးကျဆင်းနေပြီး တစ်လီတာ ၂,၁၂၅ ဝန်းကျင် ဈေးဖြင့်တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #စက်သုံးဆီ #ဈေးကျဆင်း #YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
အခုနှစ်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဒေသအသီးသီးက ရိုးရာသင်္ကြန်ပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ရိုးရာသင်္ကြန်ပွဲတော်တွေကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တင်သွင်းနိုင်ဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး မှတ်တမ်းများ ရယူတင်ထားတယ်လို့ သိရပါတယ်၊၊
#Local_News #သင်္ကြန်ပွဲတော် #YMG #Yangon_Media_Group
#Daily_News
Published_ 20 April 2023
၁။ ဒေသအသီးသီးမှ သင်္ကြန်ပွဲတော်များ၊ တိုင်းရင်းသားရိုးရာသင်္ကြန်ပွဲတော်ဓလေ့များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် မှတ်တမ်းတင်ထားဟုဆို
၂။ စက်သုံးဆီဈေးကျဆင်းလာ ၉၂ဓာတ်ဆီတစ်လီတာ ၂၁၂၅ ကျပ်ရောက်ရှိ
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၉၉၂ ဒေါ်လာပေါက်ဈေးရှိနေပြီး ပြည်တွင်းရွှေဈေးအနည်းငယ်ပြန်ကျ
၄။ ပျောက်ကွယ်လာသည့်နီယွန်ဆိုင်းဘုတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 553 of 992