ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တွေကို လှော်ကားရေလှောင်ကန်အပါအဝင် ရေသန့်စင်စက်ရုံများမှ နေ့စဉ်ရေဂါလန် ၂၃၇ သန်း ဖြန့်ဝေပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က သိရပါတယ်။
#Local_News
Published 17 July 2024
#ရေသန့်စင်စက်ရုံ #နေ့စဉ်ရေဂါလန်၂၃၇သန်း
#NN #Yangon_Times
နယ်ကနေတိုက်ပွဲရှောင်ရင်း ရန်ကုန်ရောက်လာသူတွေရှိလို့ ရန်ကုန်မှာ ထူးထူးခြားခြား ဒီနှစ်မှာဝါမဝင်ခင် အိမ်ငှားရမ်းသူ၊ (၆)သောင်း(၇) သောင်းတန်အိမ်ထောင်သည် အဆောင်ငှားသူတွေ အပြည့်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 July 2024
#နေအိမ်နှင့်အဆောင်ငှားရမ်းသူ #အိမ်ခြံမြေအကျိုးဆောင်
#tthl #Yangon_Times
မြန်မာလှေလှော်အသင်းဟာ ရုရှားမှာကျင်းပခဲ့တဲ့ နဂါးလှေလှော်ပြိုင်ပွဲမှာ ရွှေဆုနှစ်ဆုနဲ့ နိုင်ငံအလိုက်ပထမဆု ဆွတ်ခူးခဲ့တဲ့ အတွက် တရုတ်မှာကျင်းပမယ့် 'ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ'မှာလည်း ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 July 2024
#'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ' #လက်ရည်စစ်ပွဲစပြိုင်
#tthl #Yangon_Times
မကွေးမှာ မိုးခေါင်တာ၊ မြစ်ရေနစ်မြုပ်တာတွေကြောင့် မိုးမြေပဲများ ဆုံးရှုံးမှုရှိလို့ ပြန်လည် စိုက်ပျိုးရမှာ ဖြစ်တယ်လို့ မြေပဲစိုက်တောင်သူတွေထံမှ သိရပါတယ်။
#Local_News
Published 17 July 2024
#မိုးမြေပဲနှင့်သီးနှံအချို့ #ဆုံးရှုံးမှုရှိ၍ပြန်စိုက်ပျိုးရ
#tthl #Yangon_Times
ဆေးကုမ္ပဏီတွေကနေပြည်သူတွေ လိုအပ်နေတဲ့ဆေးဝါးတွေကို တိုက်ရိုက်ရောင်းချပေးမှု ဒီကနေ့ ရန်ကုန်မြို့မှာစတင် ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြန်လာပါတယ်။
“ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်မှာရှိတဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦးမှာ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်ကစပြီး ပြုလုပ်သွားမှာပါ။
#Local_News
Published 17 July 2024
#ဆေးပစ္စည်းလုပ်ငန်းရှင်များ #တိုက်ရိုက်ရောင်းချမှုစတင်
#NN #Yangon_Times
ဂျပန်းယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာကာ ပြည်သူများနေထိုင်မှုဘဝဖိအားတိုးလာ
ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာတာကြောင့် ပြည်တွင်းဈေးနှုန်းများ တက်လာပြီး ဂျပန်ပြည်သူတွေရဲ့ နေထိုင်စားသောက်မှု ပိုမိုဖိအားများလာပါတယ်။
#World_Ecology
Published 16 July 2024
#ဂျပန်းယန်းငွေတန်ဖိုးကျဆင်း #ပြည်တွင်းဈေးနှုန်းများမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 July 2024
၁။ ပခုက္ကူချည်ထည်နှင့် သဘာဝဆိုးဆေးပါဝါများ ဈေးနှုန်းထောင်ဂဏန်းသာလိုက်တက်ရပေမယ့် အရောင်းအေးနေ
၂။ ကင်ဆာရောဂါအထိဖြစ်နိုင်သည့် တားမြစ်ထားပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ထုတ်လုပ်ရောင်းချပါက စိစစ်အရေးယူမည်
၃။ မြန်မာယူ-၁၉ အသင်း အာဆီယံချန်ပီယံရှစ်ပွဲ၌ ဗီယက်နမ်အသင်းနှင့်ပွဲဦးထွက်ကန်မည်
၄။ ဂျပန်းယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာကာ ပြည်သူများနေထိုင်မှုဘဝဖိအားတိုးလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 49 of 889