ကိုဗစ်လူနာ၊ ဝမ်းရောဂါလူနာများတွေ့နေရသေးလို့ လုပ်ငန်းခွင်တွေအတွင်း ကိုဗစ်စစ်ဆေးပေးတာနဲ့ ဝမ်းရောဂါကာကွယ်ပေးတာတွေကို စည်ပင်မှဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 24 July 2024
#ကိုဗစ်နှင့်ဝမ်းရောဂါကာကွယ်ခြင်း #လုပ်ငန်းခွင်
#YMG/tthl #Yangon_Times
ယခုဘဏ္ဍာနှစ်၊ သုံးလတာကာလအတွင်း ပြည်ပနိုင်ငံတွေကို ပျားရည်တင်ပို့တာကနေ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်းရရှိထားတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 24 July 2024
#ပျားရည်တင်ပို့ #ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ
#YMG/NN #Yangon_Times
"ပရားပရွန်"မုန်တိုင်းအားလျော့သွားပေမယ့် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာတဲ့အတွက် ဒေသအလိုက်မိုးကြီးမယ့်ဒေသတွေ၊ နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေ ပိုများလာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 24 July 2024
#မုတ်သုံအားအလွန်ကောင်း #"ပရားပရွန်"မုန်တိုင်း
#YMG/tthl #Yangon_Times
နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ပြောင်းရွေ့နေထိုင်သူ migration ပြဿနာတွေဖြစ်လာပြီး တိုက်ပွဲရှောင်တွေအနေနဲ့ ရန်ကုန်ကိုအဓိက ဆင်းလာတယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ)က ပြောပါတယ်။
#Local_News
Published 24 July 2024
#တိုက်ပွဲရှောင်တွေ #ရန်ကုန်မြို့သို့ရွှေ့ပြောင်း
#YMG/NN #Yangon_Times
မြန်မာ့အုန်းလက်မှုထုတ်ကုန်တွေကို စင်ကာပူ၊ ဂျပန်၊ UKနဲ့ USတို့ကို လူကြုံနဲ့ပဲပို့ပေးနေရပြီး အခုရာသီမှာ ပြည်တွင်းအသုံးပြုသူတွေနည်းနေသေးလို့ အရောင်းအေးနေပေမယ့်လည်း ပွင့်လင်းရာသီ သီတင်းကျွတ်ပွဲတော်လောက်မှာရောင်းအားတွေ ကောင်းလာနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 24 July 2024
#မြန်မာ့အုန်းလက်မှု #အရောင်းအေးနေ
#YMG/tthl #Yangon_Times
ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ
ယီမင်နိုင်ငံ ဟိုဒဲဒါဆိပ်ကမ်းနေရာကို အစ္စရေးလ်တို့က စနေနေ့မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယီမင်နိုင်ငံသား အများအပြားဟာ လောင်စာဆီပြတ်တောက်မှာ စိုးရိမ်နေကြပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြပါတယ်။
#World_News
Published 23 July 2024
#လေကြောင်းမှတိုက်ခိုက် #လောင်စာဆီပြတ်တောက်
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
ယခုတစ်ပတ်ထဲ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနစက အစိုးရက အကြီး တန်းအရာရှိတစ်ဦးကို စေလွှတ်မယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျုတိုသတင်းဌာနက သတင်းဖော် ပြလိုက်ပါတယ်။
ဒါဟာ မြန်မာနစကအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တတိယ အကြိမ်မြောက်ဆက်တိုက်တက်ရောက်ခြင်းဖြစ်ပါတယ်။
@ymg/knl
Page 43 of 889