ပြည်ပနိုင်ငံတွေကို စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ထက်ဝက်ခန့်ရှိနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။ အလုပ်သမားတွေရဲ့အချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကိုလုပ်ငန်းဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေးပါ ကောက်မယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#ကိုယ်ရေးအချက်အလက်မပေး #အေဂျင်စီတွေကိုလုပ်ငန်း
#YMG/NN #Yangon_Times
မိုးရွာသွန်းမှုသည်းထန်ပြီး ရေတိုက်စားတာကြောင့် ကရင်ပြည်နယ်၊ ဘားအံ-ထီလုံ-သရက်တော-နဘူး-ထိုကော်ကိုး-မြဝတီလမ်းပေါ်ရှိ နောင်ခွီးချဉ်ကပ်တံတားကျိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 25 July 2024
#ဘားအံ-မြဝတီလမ်း #နောင်ခွီးတံတားကျိုးကျ
#YMG/NN #Yangon_Times
သံလွင်မြစ်ရေနဲ့ဘီးလင်းမြစ်ရေတက်နေလို့ ဘားအံနဲ့ မော်လမြိုင်၊ ဘီးလင်းမြို့သူမြို့သားများသတိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#သံလွင်မြစ်ရေ #ဘီးလင်းမြစ်ရေတက်
#YMG/tthl #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုအခြေခံတဲ့ ဒေသတွေကို တစ်လတာအတွင်းပြည်တွင်း၊ ပြည်ပခရီးသွားတစ်သောင်းကျော်ဝင်ရောက်ထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 25 July 2024
#ယဉ်ကျေးမှုအခြေခံ #ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု
#YMG/NN #Yangon_Times
အပျော်စီးသင်္ဘောပေါ်မှာ အလုပ်လုပ်ကိုင်လိုတဲ့ အမျိုးသားအမျိုးသမီးသင်္ဘောသား
တွေအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်း အပတ်စဉ် (၃)ကို ဩဂုတ်လမှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#အပျော်စီးသင်္ဘော #အင်္ဂလိပ်စာအခမဲ့သင်တန်း
#YMG/tthl #Yangon_Times
ဆန်က ဖိလစ်ပိုင်လူမျိုးတွေရဲ့ အဓိကစားသောက်ကုန်ဖြစ်တာကြောင့် ဆန်ဈေးနှုန်းမြင့်တက်လာတဲ့အခါ ပြည်သူအများ မကျေမနပ် ဖြစ်နေကြပြီး စီးပွားရေးကြပ်တည်းတဲ့ အိမ်ထောင်စုတွေမှာ စားနပ်ရိက္ခာ မလုံမလောက် ဖြစ်လာမှာကို စိုးရိမ်လာကြပါတယ်။
#Asia_News
Published 24 July 2024
#ဆန်ဈေးမြင့်တက် #ဖိလစ်ပိုင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 July 2024
၁။ မြန်မာ့အုန်းလက်မှုထုတ်ကုန်များ အရောင်းအေးနေ၊ ပွဲတော်ရာသီ၌ အရောင်းပြန်ဖြစ်ထွန်းနိုင်ဟုဆို
၂။ တိုက်ပွဲများကြောင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသူများလာ
၃။ မုတ်သုံအားအလွန်ကောင်းလာ၍ မိုးကြီးမည့်ဒေသများပိုများလာ
၄။ ဖိလစ်ပိုင်တွင်ဆန်ဈေးဆက်တိုက်မြင့်တက်နေသဖြင့် အများပြည်သူမကျေမနပ်ဖြစ်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 42 of 889