ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တွေမှာရှိတဲ့ လှိုင်နဲ့သောင်းရင်းမြစ်ရေမြင့်တက်မှုတွေကြောင့်ဒေသခံတွေကို ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 26 July 2024
#လှိုင်နှင့်သောင်းရင်းမြစ်ရေ #ကူညီကယ်ဆယ်ရေး
#YMG/NN #Yangon_Times
ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦး ပျောက်ဆုံးပြီး၊ (၄)ဦးကယ်တင်နိုင်ခဲ့၊ MSF အကူအညီပေးမည်ဆို
ထိုင်ဝမ်မုန်တိုင်းအတွင်း မြန်မာသင်္ဘောသား(၉)ဦးပျောက်ဆုံးပြီး လတ်တလော(၄)ဦးကယ်တင်နိုင်ခဲ့ကြောင်းနဲ့ MSFမှ ပျောက်ဆုံးသွားတဲ့သင်္ဘောသား မိသားစုဝင်တွေကိုအကူအညီပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2024
#မြန်မာသင်္ဘောသား(၉)ဦးပျောက် #(၄)ဦးကယ်တင်နိုင်ခဲ့
#YMG/tthl #Yangon_Times
တရုတ်-မြန်မာနှစ်နိုင်ငံ မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာအစီအမံ (၃)ခုဆက်၍ ဖော်ဆောင်မည်
တရုတ်-မြန်မာနှစ်နိုင်ငံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ဆက်လက်ကျင့်သုံးပြီး ဖွံ့ဖြိုးရေးဆိုင်ရာအစီအမံ (၃)ခုဆက်ပြီး ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2024
#မူကြီး(၅)ရပ် #တရုတ်-မြန်မာနှစ်နိုင်ငံ
#YMG/tthl #Yangon_Times
၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
ဘေဂျင်းတွင်ပြုလုပ်သည့် ပါလက်စ်တိုင်းအဖွဲ့ခွဲများ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှုများရရှိ
ဇူလိုင် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဘေကျင်းမှာပြုလုပ်တဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲမှာ ပါလက်စ်တိုင်းအဖွဲ့ခွဲ ၁၄ ဖွဲ့ဟာ ဂိုဏ်းကဏကွဲပြားမှု အဆုံးသတ်ရေးနဲ့ စည်းလုံးညီညွတ်မှု အားကောင်းရေးတို့အတွက် လက်တွေ့ကျပြီး အသေးစိတ်ကျတဲ့ သဘောတူညီချက်တစ်ခုရရှိခဲ့ကြောင်း ပါလက်စ်တိုင်းအမျိုးသားအဖွဲ့အစည်း (PNI)မှ အထွေထွေအတွင်းရေးမှူး မူစတာဖာဘာဂေါ်တီက ပြောပြခဲ့ပါတယ်။
#World_News
Published 25 July 2024
#ပါလက်စ်တိုင်းအဖွဲ့ခွဲ #မူစတာဖာဘာဂေါ်တီ
#YMG #Yangon_Times #Yangon_Media_Group
၂၅ ဇူလိုင် ၂၀၂၄
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနှင်သံသယရှိနေတဲ့ တရုတ်နိုင်ငံသား (၃)ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်သို့ ဇူလိုင် ၂၄ရက်က လွှဲပြောင်းပေးလိုက်တယ်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံထဲ မြောက်ပိုင်းမှာ နှစ်ကာလရှည်ကြာ အခြေချနေထိုင်ခဲ့တဲ့ အဲဒီတရုတ်နိုင်ငံသား (၃)ဦးဟာ တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါး နှစ်ထောင် ကီလိုဂရမ်ကျော် မှောင်ခိုတင်ပို့ခဲ့တယ်လို့ ပြောပါတယ်။
Source CCTV+
#Daily_News
Published 25 July 2024
၁။ အပျော်စီးသင်္ဘောပေါ်၌ အသုံးပြုနိုင်မည့်လုပ်ငန်းသုံး အင်္ဂလိပ်စာအခမဲ့သင်တန်းဩဂုတ်လ၌ထပ်ဖွင့်မည်
၂။ စစ်ကိုင်းတိုင်းအတွင်းရှိ ယဉ်ကျေးမှုအခြေခံသည့် ဒေသများသို့ တစ်လတာအတွင်းပြည်တွင်း၊ပြည်ပခရီးသွားတစ်သောင်းကျော်ဝင်ရောက်ထား
၃။ သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေတက်နေ၍ ဘားအံနှင့်ဘီးလင်းမြို့သူမြို့သားများ သတိထားရန်လို
၄။ ဘေဂျင်းတွင်ပြုလုပ်သည့် ပါလက်စ်တိုင်းအဖွဲ့ခွဲများ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှုများရရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 41 of 889