အခုလအတွင်းဖြေဆိုကြမယ့် တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေ သွားလာရေးအဆင်ပြေစေဖို့ YBS ယာဉ်တွေထပ်တိုးပြေးဆွဲတာ၊ မီနီဘတ်(စ်) ၁၀ စီးကိုအသင့်ပြင်ထားတာ၊ ဝန်ထမ်းတွေဆီအကူအညီ တောင်းလာပါက တက်စီအငှားယာဉ်ငှားရမ်းပေးတာ စတာတွေအပါအဝင် အကူအညီတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကအများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Local_News
Published 10 March 2025
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ #YRTC
#YMG/NN #Yangon_Times
ပြည်တွင်းထုတ်သံထည်ထုတ်ကုန်ပစ္စည်းတွေကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်သွားမယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 March 2025
#သံထည်ထုတ်ကုန်ပစ္စည်း #စက်မှုဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ အသင်းအဖွဲ့နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှု စာချွန်လွှာ(MOU)ကို မတ်လ ၄ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 March 2025
#ရုပ်ရှင်အစည်းအရုံး #ဆောက်လုပ်ရေးအသင်းချုပ်
#YMG/SW #Yangon_Times
အဆိုပါ EV Charging Station နှစ်ခုကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် (၃၉)ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းနဲ့ မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နားစခန်းတို့မှာ တိုးချဲ့တည်ဆောက်နေတာဖြစ်ပြီး သုံးလအတွင်း အပြီးသတ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
#Local_News
Published 10 March 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #EV_Charging_Stationနှစ်ခုထပ်တိုး
#YMG/NN #Yangon_Times
အစောဆုံးဒီဇင်ဘာ နေက်ဆုံးပတ် နောက်အကျဆုံး ဇန်နဝါရီဒုတိယပတ်တွင် ရွေးကောက်ပွဲများကျင်းပမည်
၉ မတ် ၂၀၂၅
၂၀၂၅ဒီဇင်ဘာနောက်ဆုံးပတ် အစောဆုံးနှင့် ၂၀၂၆ ဇန်နဝါရီ ဒုတိယပတ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိူင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနှင့်ဘီလာရုစ်နိုင်ငံများမှ ချစ်ကြည်ရေးခရီး ပြန်ရောက် လာစဉ် နေပြည်တော်လေဆိပ်၌ သတင်းထောက်များကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာ့ရွေးကောက်ပွဲကို ရုရှားနှင့်ဘီလာရုစ်တို့က ထဲထဲဝင်ဝင်ထောက်ခံမည့်အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်း ထွန်းကဆက်လက်ပြောကြားခဲ့ပါတယ်။
#ymg/knl
ပနားမားတူးမြောင်းနဲ့ ဂရင်းလန်းတို့ကို ထိန်းချုပ်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို ပနားမားနဲ့ ဒိန်းမတ်ခေါင်းဆောင်တို့က ဗုဒ္ဓဟူးနေ့မှာ ငြင်းဆန်လိုက်ကြပြီး ထိုကဲ့သို့ မျက်နှာပြောင်တိုက်ပြောဆိုမှုကို ဘယ်နိုင်ငံကမှ အရှုံးပေးမှာမဟုတ်ဘူးလို့ ခုခံပြောဆိုနေကြပါတယ်။
#World_News
Published 8 March 2025
#ပနားမားတူးမြောင်း #ပနားမားနှင့်ဒိန်းမတ်ခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 March 2025
၁။ ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်နှင့်အညီထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည်
၂။ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးမည်
၃။ ယခုနှစ်မိုးရာသီ အကျစောနိုင်ပြီး မိုးကောင်းနိုင်
၄။ ပနားမားတူးမြောင်းနှင့် ဂရင်းလန်းတို့ကိုထိန်းချုပ်သွားမည့်ဒေါ်နယ်ထရမ့်၏အဆိုအား ပနားမားနှင့်ဒိန်းမတ်ခေါင်းဆောင်တို့ ငြင်းဆန်တုန့်ပြန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 16 of 1033