#Daily_News
Published 31 August 2024
၁။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် နည်းပညာဆိုင်ရာနှင့်စက်ပစ္စည်းများထောက်ပံ့ကူညီပေးရန်ရှိဟုဆို
၂။ ဒေါ်လာဈေးများ ကျဆင်းနေသော်လည်း ဆေးဝါးဈေးနှုန်းများအတက်ဈေး၌သာရှိနေ
၃။ ရွှေရည်ညွှန်းဈေး ကျပ်သိန်း ၅၀ ကျော်လာသော်လည်း ပြင်ပဈေး ကျပ်သုံးသိန်းခွဲကျော်ကျဆင်းလာ
၄။ တရုတ်နှင့်အမေရိကန်ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ရေး တည်မြဲရန်အရေးကြီးဟု ရှီကျင့်ဖင်နှင့်အမေရိကန်ပြည်ထောင်စုလုံခြုံရေးထိပ်သီးအရာရှိ တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဝင်ရောက်လာမှာကို ကြိုတင်ကာကွယ်ဖို့ ကာကွယ်ရေး အတိုင်းအတာများ တိုးမြှင့်လုပ်ဆောင်လာကာ အဓိကလေဆိပ်ကြီး ၂ ခုမှာ အပူချိန်စစ်ဆေးခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခြင်းတို့ ပြုလုပ်လာပါတယ်။
#World_News
Published 30 August 2024
#စင်ကာပူနိုင်ငံ #မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 August 2024
၁။ ရွှေအခွန်အကောက်ဥပဒေပြင်ဆင်မှုကြောင့် ဈေးကွက်အတွင်းအစပိုင်းခက်ခဲလာနိုင်သော်လည်း နောက်ပိုင်းတွင်ရွှေစျေးများ တည်ငြိမ်သွားနိုင်
၂။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်၏သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင် မြန်မာပြည်အနှံ့မိုးသည်းထန်မည်
၃။ ကမ္ဘာ့ရွှေဈေးတက်သလို မြန်မာ့ရွှေဈေး YGEA ဈေးလည်း သိန်း(၅၀)ကျော်လာ
၄။ စင်္ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး မြှင့်တင်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့တွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေက ယာဉ်စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်သူ ယာဉ်မောင်းတွေကို မူးယစ်ဆေးသုံးစွဲခြင်းရှိ/မရှိစစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီYRTC က သိရပါတယ်။
#Local_News
Published 30 August 2024
#YBSယာဉ်မောင်း #မူးယစ်ဆေးသုံးစွဲခြင်းရှိ/မရှိစစ်ဆေး
#YMG/NN #Yangon_Times
ရန်ကုန်ဈေးကွက်အတွက်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ
တီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေ မြင့်တက်လာပြီး 92 တစ်လီတာ ၃၁၀၀ ကျပ်ဖြစ်လာတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#ဓာတ်ဆီ၊ဒီဇယ်ဈေးတက် #92တစ်လီတာ၃၁၀၀ကျပ်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဩဂုတ်လ(၃၀)ရက်မှာတစ်ရက်တည်း(၆)ဒေါ်လာတက်လာသလို မြန်မာ့ရွှေဈေးYGEAဈေးလည်း သိန်း(၅၀)ကျော်လာတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#ကမ္ဘာ့ရွှေဈေးတက်
#YMG/tthl #Yangon_Times
နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး ရန်ကုန်အပါအဝင်
မြန်မာပြည်အနှံ မိုးသည်းထန်လာဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2024
#လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ်၏သက်ရောက်မှု
#YMG/tthl #Yangon_Times
Page 103 of 974