#LocalNews
Published-10 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ယာဉ်လိုင်းအသီးသီးက ယာဉ်အချို့က ယာဉ်တွေကို ယာဉ်စီးခပိုမိုတောင်းခံတာကြောင့် ပြေးဆွဲခွင့် ပိတ်ပင်ထားတာကြောင့် လတ်တလော ပြည်သူတွေကြုံတွေ့နေရတဲ့ စီးပွားရေးနဲ့ကျန်းမာရေးအခြေအနေတွေအရ ပြန်လည်ပြေးဆွဲခွင်ရဖို့ ကုမ္ပဏီတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကြား ညှိနှိုင်းမှုတွေပြုလုပ်ခဲ့သော်လည်း အဆင်မပြေသေးဘူးလို့ သိရပါတယ်။
#Yangon_Media_Group
Published 10 Feb 2022
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားက မီးသတ်သမားတွေဟာ ဖေဖော်ဝါရီ(၈)ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံကြီးတစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေတာကို ကြိုးစားငြှိမ်းသတ်ခဲ့ကြရပါတယ်။ အိုကလာဟိုးမား အနောက်မြောက်ပိုင်းက ဆောက်လုပ်ဆဲ ဟိုတယ်နှင့်အိမ်ခန်းတွဲများ အဆောက်အအုံမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 10 Feb 2022
မွန်ပြည်နယ် မော်လမြိုင်မှာ တည်ဆောက်နေတဲ့ မြိုင်ရတနာ ကုန်စိမ်းဈေးမှာ နဂိုကရောင်းချခဲ့တဲ့ ဈေးသည်တွေအတွက် နေရာပြန်ချပေးနိုင်ဖို့ ဈေးရဲ့ အောက်ထပ်ကို အပြီးသတ်လုပ်ငန်း လုပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 10 Feb 2022
ယခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလကို ငါးမဖမ်းရ ရာသီလို့ သတ်မှတ်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းတာကို တားမြစ်ပိတ်ပင်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 10 Feb 2022
၁။ ၂၀၂၂ ခုနှစ် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလ သတ်မှတ်မည်။
၂။ မြိုင်ရတနာ ကုန်စိမ်းဈေး၏ မူလဆိုင်ခန်းပိုင်ရှင်များအား နေရာချပေးနိုင်ရန် ယခုလကုန်တွင် စည်ပင်သို့အခန်းများအပ်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ၅ နှစ်ကြာသည့်တိုင်အောင် လည်ပင်းမှာဘီးတာယာစွပ်မိနေခဲ့သည့် မိချောင်းတစ်ကောင်ကို ကယ်တင်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldInnovation
Published 09 February 2022
အကြွေးပြန်မဆပ်နိုင်တာကြောင့် အကျဉ်းထောင်များအတွင်း ကျရောက်နေခဲ့ရတဲ့ အကျဉ်းသားများကို လွတ်မြောက်စေရန်ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတွေရရှိအောင် အီရန်အကျဉ်းသားဟောင်းနှစ်ဦးဟာ အကျဉ်းထောင်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 Feb 2022
စီးပွားရေးကို မြှင့်တင်ဖို့နဲ့ ပြည်တွင်းငွေပေးချေမှုကို ပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်ထားတဲ့ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးကိစ္စ နဲ့ အွန်လိုင်းက ထီရောင်းမယ့်ကိစ္စတွေကို လုပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
Page 1000 of 1009