Published 19 February 2022
တရုတ်နိုင်ငံရဲ့ ဦဆောင် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ဖော First Automotive Works (FAW) က ဂျာမန်ကား ကုမ္ပဏီကြီး အော်ဒီ Audi နှင့်ပူးပေါင်းပြီး လျှပ်စစ်ကားတွေထုတ်လုပ်မယ့် စီမံကိန်းကို သောကြာနေ့က တရားဝင်စတင်လိုက်ပါတယ်။ အဲဒီလျှပ်စစ်ကားသီးသန့်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်မြို့တော် ချမ်းချွန်မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းရဲ့ရင်းနှီးမြှပ်နှံမှုတန်ဖိုးဟာ တရုတ်ယွမ်ငွေ ၃၅.၈ ဘီလီယံဖြစ်ပြီး အဲဒါဟာ အမေရိကန်ဒေါ်လာ ၅.၆၆ဘီလီယံခန့် နှင့်ညီမျှပါတယ်။
Source CMG
#Yangon_Media_Group
Published 19 February 2022
ယူကရိန်းနိုင်ငံထဲက ကိုယ့်ကိုကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံဒေသမှာရှိတဲ့ အရပ်သားတွေဟာ နေရပ်ကိုစွန့်ခွာပြီး ရုရှားနယ်စပ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ရုရှားကိုဝင်ရောက်ဖို့ တန်းစီနေကြပါတယ်။
ယူကရိန်းရဲ့ခွဲထွက်ရေးဒေသနှစ်ခုက ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၁၉ရက်စနေနေ့မှာ အဲဒီကအရပ်သားတွအပေါ် အထွေထွေစုရုံးခြင်းအမိန့် ကြေညာထားပြီးနောက် ယခင်ဆိုဗီယက်နိုင်ငံဟောင်းတစ်ခုမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်မှုကြီးထွားလာနေကြတာဖြစ်ပါတယ်
အရန်ထားထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ စစ်မှုထမ်းရုံးကိုလာရောက်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ယနေ့မှာ ကျွန်တော်ဟာ အထွေထွေ စစ်စည်းရုံးခြင်းအမိန့်ကိုထုတ်ပြန်ပါတယ် လို့ ကိုယ့်ဘာသာကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံရဲ့ခေါင်းဆောင်ဒင်းနစ်ပူရှီလင်ကရုပ်သံနှင့်သတင်းထုတ်ပြန်ပါတယ်
လုဂန့်စ်ခွဲထွက်ရေးဒေသခေါင်းဆောင် လီယိုနစ်ပါရှက်နစ်ခ်ကလည်း ကျူးကျော်ရန်စမှုကိုတွန်းလှန်ဖို့ ပြင်ဆင်ရေး အမိန့်တစ်ရပ်ကိုလည်းထုတ်ပြန်လိုက်ပါတယ်
ယူကရိန်းပြသနာကြောင့် ရုရှားနှင့် အနောက်အုပ်စုအကြား တင်းမာမှုတွေကြီးထွားနေပြီး ရုရှားဟာ ယူကရိန်းကို မကြာမီကျူးကျော်မှာသေချာတယ်လို့ အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က ပြောဆိုထားတဲ့အချိန်မှာပဲ ခွဲထွက်ရေး ခေါင်းဆောင် နှစ်ဦးရဲ့ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်နှင့် မော်စကိုကထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေအကြား ၂၀၁၄ခုနှစ်မှာ စတင်ခဲတဲ့ တိုက်ပွဲတွေကတည်းကနေ ယခုအထိ လူပေါင်း တစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 19 Feb 2022
မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်ခံရသူတွေ များပြားလာပြီး ထိရောက်တဲ့ကုသမှုတွေကို ပြုလုပ်ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ရှိ ကိုဗစ်ကုသရေးစင်တာတွေကို ယခုကာလမှာ ပြန်လည်ဖွင့်လှစ်ပေးထားတယ်လို့ ကိုဗစ်အ ရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -19 Feb 2022
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီလေတပ်စခန်းဌာနချုပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာလေတပ်စခန်းဌာနချုပ်တို့တိုက်ခိုက်ခံရတယ်လို့ သတင်းတွေပျံ့နှံ့ခဲ့ပြီး ယင်းဖြစ်စဥ်တွေဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published-19 Feb 2022
YPS ကတ်စနစ်အသုံးပြုမယ်ဆိုပါက ဝန်ဆောင်ခစရိတ်စကတွေရှိလာတာကြောင့် ယာဉ်စီးခကို မဖြစ်မနေ ၄၀၀ ကျပ်အောက်သတ်မှတ်ပေးမှသာ လက်ခံဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ယာဉ်လိုင်းကုမ္ပဏီတွေကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 19 Feb 2022
ပြည်တွင်း ကိုဗစ်ကူးစက်မှုအနေနဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တစ်ရက်တည်းကို ကိုဗစ်အတည်ပြုလူနာ သုံးထောင်ကျော်တွေ့ရှိလာရပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ တစ်နေ့ထက်တစ်နေ့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တတ်လာပါတယ်။
#Yangon_Media_Group
Page 943 of 962