#Daily_News
Published 10 December 2024
၁။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသူ ယမန်နှစ်ဖြေဆိုသူထက် တစ်သိန်းကျော်များပြား
၂။ YGEA က နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးနေသည့် ရွှေပေါက်စျေးကို ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ပေးမည်
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်ရှစ်ခု၌ မိုးရွာနိုင်
၄။ တတိယအကြိမ်မြောက် သိပ္ပံပညာရှင်များဖိုရမ်အား ယူနန်တွင်ကျင်းပရာမြန်မာနိုင်ငံမှတက်ရောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့ရိုးရာနှစ်သစ်ကူးရိုးရာ အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ်သတ်မှတ်ခံရအောင်တင်သွင်းနိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို
ရန်ကုန်မြို့ရှိ စိမ်းလမ်းစိုပြေမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်နေ့က ကြိုဆိုဂုဏ်ပြုပွဲပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 10 December 2024
#မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် #ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့အကြီးမားဆုံး အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး Yangon_Pet_Expo_2025ကို တတိယအကြိမ်အဖြစ်ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2024
#အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး #Yangon_Pet_Expo_2025
#YMG/SW #Yangon_Times
ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာ မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှစ်ခုမှာ နေရာကွက်ပြီး မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့
ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 10 December 2024
#လေဖိအားနည်းရပ်ဝန်း #မိုးရွာနိုင်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA )က နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးနေတဲ့ရွှေပေါက်စျေးကို ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ပြောင်းလဲထုတ်ပြန်ပေးလျှက်ရှိပြီး ဒီလိုပြောင်းလဲထုတ်ပြန်ပေးခြင်းကို အခုလ ၆ရက်က စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 December 2024
#ရွှေလုပ်ငန်းရှင်များအသင်း #ရည်ညွှန်းဈေးသတ်မှတ်
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ ခုနှစ်မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ဦးရေဟာ ၂၀၂၄ခုနှစ်ဖြေဆိုခဲ့သူ ဦးရေထက်တစ်သိန်းကျော်အထိများပြားနေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 10 December 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #စာရင်းပေးသွင်းသူများပြား
#YMG/NN #Yangon_Times
ရာစုနှစ်သက်တမ်းရှိတရုတ်ပြည်မှသစ်သားပေါင်းကူးတံတား၏ ရှေးဟောင်းအင်ဂျင်နီယာပညာကို ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ်စာရင်းထဲထည့်သွင်း
တရုတ်ပြည် ဖူကျန်ပြည်နယ် နင်ဒီမြို့မှ ဆောက်လုပ်ရေးလက်သမားဆရာတွေဟာ ရိုးရာလက်မှုပညာများ အသုံးပြုပြီး ရာစုနှစ်သက်တမ်းရှိတဲ့ တရုတ်သစ်သား ပေါင်းကူးတံတားကို ထိန်းသိမ်းနေကြပါတယ်။
#World_Culture
Published 09 December 2024
#ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ် #သစ်သားပေါင်းကူးတံတား
#YMG #Yangon_Times #Yangon_Media_Group
Page 95 of 1045