Y
Published 21 July 2022
သီရိလင်္ကာရဲ့ ခြောက်ကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရာနီလ် ဝတ်ခ်ရီမက်ဆင်ဟီဟာ ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က အကျပ်အတည်းတွေနှင့်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာရဲ့ သမ္မတအဖြစ် ညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းခင်မ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အသက်၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝတ်ခ်ရီမက်ဆင်ဟီကို ဥပဒေပြုအမတ်တွေက ဗုဒ္ဓဟူးနေ့က သမ္မတအဖြစ်ရွေးချယ်ပေးခဲ့ လို့ ကြာသပတေးနေ့မှာ တင်းကြပ်တဲ့ အစောင့်အရှောက်တွေရှိနေတဲ့ ပါလီမန် အဆောက်အအုံတွဲထဲက တရားသူကြီးချုပ် ဂျာယန်သာ ဂျာယာဆူရီယာ ရှေ့မှောက်မှာ ကျမ်းသစ္စာပြုခဲ့တာပါ။
ကျမ်းကျိန်နေတဲ့အချိန်မှာ သီရိလင်္ကာရဲချုပ်နှင့် ထိပ်တန်းစစ်တပ်အရာရှိကြီးတွေက သူ့နောက်မှာ ရပ်နေကြပါတယ်။ ဒီအခမ်းအနားကို ရုပ်မြင်သံကြားတွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့် အခမ်းအနားမစခင်လေးတင် အစီအစဉ်က ပြတ်တောက်သွားခဲ့ရပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။
နိုင်ငံကို ထိန်းကျောင်းမောင်းနှင်ဖို့ ဝန်ကြီး ၃၀ ဦးထက်မများတဲ့ အစိုးရအဖွဲ့ကို ခေါင်းဆောင်သစ်က ဖွဲ့စည်းဖို့ရှိနေပါတယ်။ သီရိလင်္ကာဟာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အဆိုးရွာဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သီရိလင်္ကာမှာ ရှည်လျားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ခံစားနေရပြီး နိုင်ငံရဲ့ ၂၂သန်းသော လူဦးရေဟာ လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှုတွေကို လပေါင်းများစွာ ကြုံတွေ့ခံစားနေကြရပါတယ်။
ဆင်းရဲဒုက္ခတွေကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသထွက်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သမ္မတ ဂိုတာ ဘာရာ ရာဂျာပက်ဆာအိမ်တော်ကို ချင်းနင်းဝင်ရောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူဟာ ရာထူးမှဆင်းပေးခဲ့ရပြီး ဝတ်ခ်ရီမက်ဆင်ဟီအတွက် ရာထူးလမ်းရှင်းပေးသလိုဖြစ်ခဲ့ရပါတယ်။
#Source_AFP
#Sri_Lanka_new_president
#Wickremesinghe
#Sri_lanka_election
#Local_News
Published - 21 July 2022
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်နေတဲ့ ကာလမှာ ထိုင်းဘတ်ဈေးနှုန်းကလည်း မြင့်တက်နေတာကြောင့် ကုန်သည်တချို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 July 2022
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံအမှတ် ၂၁၆၂ အာနန္ဒာအုတ်ကျောင်းကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းကို ၁၉ လ အတွင်းမှာ အပြီးလုပ်ဖို့ လျာတား ထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 21 July 2022
၁။ ပုဂံအာနန္ဒာအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်း ၁၉ လ ကြာမည်ဟု ခန့်မှန်းထား
၂။ ထိုင်းဘတ်ဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းကုန်သည်အချို့ အခက်အခဲများရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြင်သစ်နိုင်ငံလိုင်ယွန်မြို့တွင် ရိုးလင်းစတုန်းစ်ရော့ခ်ဂီတအဖွဲ့ ဖျော်ဖြေပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Culture
Published 20 July 2022
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ရှီပြည်နယ် ရှီယန်မြို့မှာရှိတဲ့ နှစ် ၂ ထောင်သက်တမ်းရှိ ရွှံ့စေးရုပ် တပ်မတော်ကြီးဟာ နိုင်ငံရဲ့သမိုင်းအတွင်ဆုံး ရှေးဟောင်းလက်ရာတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့မှခရီးသွားဧည့်သည်များစွာကို နှစ်ပေါင်းများစွာတိုင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။
#Yangon_Media_Group
Published 20 July 2022
အနောက်ဥရောပတစ်ခွင်မှာ အပူလှိုင်းတွေရဲ့ ဒဏ်သင့်နေတဲ့အတွက် တောမီးတွေအကြီးအကျယ်လောင်ကျွမ်းလာစေ ပါတယ်။ ဗြိတိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ပထမဆုံးအကြိမ်အဖြစ် သမိုင်းမှာ စံချိန်ချိုးပြီးအပူချိန်မြင့်တက်ခဲ့ပါတယ်။
ယူကေရဲ့ အပူအိုက်ဆုံးညအဖြစ်စံချိန်တင်ပြီးတဲ့နောက် အင်္ဂလန်အရှေ့ပိုင်းမှာ နေ့အပူချိန်ဟာ ၄၀.၃ ဒီဂရီစင်တီဂရိတ်အထိစံချိန်ချိုးပူပြင်းခဲ့ပါတယ်။ ဒီလိုအပူချိန်မြင့်တက်ရတာဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့်လို့ ပညာရှင်တွေက အပြစ်တင်ကြပါတယ်။ အဆိုးရွားဆုံးရောက်မလာသေးဘူးလို့လည်း သူတို့က သတိပေးကြပါတယ်။
တောမီးတွေလောင်ကျွမ်းနေတဲ့ အင်္ဂလန်တောင်ပိုင်း ကင့်န်က ဝင်နင်တန်ဒေသခံတွေက ကူးစက်နေတဲ့တောမီးတွေကနေ တိရိစ္ဆာန်တွေကို ကယ်တင်ဖို့ ရဲတွေက တံခါးးတွေကို ဘယ်လို ကန်ပြီးဖွင့်ခဲ့ကြရတယ်ဆိုတာကို ပြောပြကြပါတယ်။
ဂရပ်စ်လန်းကနေ စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကို မီးသတ်သမား ၁၀၀ခန့်နှင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ကျွန်မရဲ့ ဥယျဉ်ထဲမှာ နေပူစာလှုံနေတုန်း မီးခိုးလုံးကြီးတွေ လိပ်တက်လာတာကိုတွေ့လိုက်ရတယ်။ ကြည့်လိုက်တော့ ဝင်နင်တန်ဘေးမှာ မီးလောင်နေပြီ။ တစ်နာရီအတွင်းမှာ မီးတွေက ကျွန်မတို့အိမ်ဘက်ကို ပျံ့နှံ့လာနေပြီ။ အဲဒါကြောင့် မီးလောင်နေတဲ့ အိမ်ကိုပစ်ပြီးကွင်းထဲထွက်လာခဲ့ရတယ်။ ကျွန်မတို့ကားတွေကတော့ မီးထဲပါသွားပြီ။ သူတို့က ကျွန်မတို့ တံခါးတွေ ရိုက်ဖွင့်ပြီး တိရိစ္ဆာန်တွေကို ကယ်ထုတ်တယ်။ ကျွန်မတို့ကို အပြင်ဘက်ကယ်ထုတ်ပြီးပြီမို့ အဲဒီနေရာ ကျွန်မ ပြန်သွားလို့မရဘူး။ အခု ကျွန်မတိရိစ္ဆာန်လေးတွေပြန်ရပြီ။အခု အိမ်အခြေအနေ နောက်ဆုံးသတင်းစောင့်နေတယ်လို့ အသက်၃၀ အရွယ် အိမ်ရှင်မ ဆီယာမီဒေါင်းက ပြောပါတယ်။
“မြေတော်တော်များများက အမှိုက်တွေပေါ်မှာ ရှိနေတာလေ။အဲဒါကြောင့် အပူတွေမြင့်တက်လာတာနှင့် မီးထလောင်တော့တာပဲ။ ဒါပေမယ့် အဲဒီလောက်ကျွန်မတို့ဆီကပ်လာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ တွေးမထားဘူး လို့လည်း သူမကဆက်ပြောပါတယ်။
အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ အသက်၅၄နှစ်အရွယ် ဒင်းနစ် ခရက်တာကလည်း “ ဒီလောက်အင်အားကြီးမားတာ အရွယ်အစားကြီးမားတာ ကျွန်တော် သတိကိုမထားမိလိုက်တာဗျ။ ဒါပေမယ့် တကယ်လည်းဖြစ်လာရော.. အိုသွားပြီ သွားပြီ..တကယ့်ကိုသွားပြီ” လို့ ပြောပါတယ်။
အင်္ဂလန်ရဲ့ နေရာတော်တော်များများမှာ မြင့်မားတဲ့ အပူလှိုင်းတွေဟာ မမျှော်လင့်ဘဲ ကျရောက်ခဲ့ရပြီး ကြိုတင်ကာကွယ်မှုယူတဲ့အနေနှင့် အချို့ ရထားလမ်းတွေ ပိတ်ပစ်လိုက်ကြပါတယ်။ ဒေသအချို့က ကျောင်းတွေလည်း ပိတ်ထားလိုက်ကြပါတယ်။ လက်ရှိအချိန်မှာတော့ ရထားတွေအားလုံးရပ်တန့်ထားလို့ အမြဲတမ်း လူတွေစည်ကားနေတဲ့ ကင်းခရော့ဘူတာရုံမှာ ခရီးသွားတွေ သောင်တင်နေကြရပါတယ်။
#Source_AFP
#UK_Heatwave
#UK_breaches_40C_for_first_time
#Climate_Change
#Local_News
Published_20 July 2022
ဒေါ်လာဈေး အတက်ကြမ်းလာတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ပို့လုပ်ငန်းတွေ ရပ်သလောက် ဖြစ်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
#Yangon_Media_Group
Page 890 of 1044