#Local_News
Published_2 August 2022
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွှေ့ပြောင်းပြီးသွားတဲ့ အိမ်ထောင်စုတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လက်ခံဖို့ အစီအစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 August 2022
လတ်တလောမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံနဲ့ပျူမြို့ဟောင်းဗိဿနိုးတို့မှာ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စီမံဘဏ္ဍာ၊ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 2 August 2022
၁။ ကမ္ဘာ့အမွေအနှစ်ဒေသများဖြစ်သော ပုဂံနှင့် ဗိဿနိုးတွင် တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
၂။ ရွှေ့ပြောင်းဘင်္ဂါလီများအား လက်ခံရေးအစီအစဉ် အဆင်သင့်ရှိနေပြီဟုဆို
၃။ အိမ်သုံး Gas ဈေးနှုန်းမြင့်တက်ဖို့ရှိဟုဆို
၄။ မာဆေးလ်မြို့ရှိ ဆင်းရဲနွမ်းပါးသည့် ကလေးများအား ပန်းချီရေးဆွဲခြင်းနှင့် ရေကူးခြင်းပညာများ အခမဲ့သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_2 August 2022
ပြီးခဲ့တဲ့ တစ်ပတ်က ဖျက်ဆီးခံထားရတဲ့ ရွှေလီ-မံစန်-ရွှေစာရံ ၂၃၀ KV ဓာတ်အားလိုင်းတာဝါ ပြုပြင်ပြီးရင်တော့ လက်ရှိ အနေအထားထက် လျှပ်စစ်ပိုပြီးတော့ ရလာတော့မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 August 2022
ဆန်စပါးအထွက်နှုန်း တိုးတက်လာစေဖို့ လျာထားဆောင်ရွက်ချက်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုနှစ် မိုးစပါး စိုက်ပျိုးရာသီမှာ ဧကပေါင်း ၁၁ သိန်းကျော်အထိ စိုက်ပျိုးနိုင်ဖို့ လျာထားပေမယ့် ဧက ၈၉၀၀၀၀ အထိသာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#World_Discovery
Published 1 August 2022
ပနားမားအတ္တလန်တိတ် ဆိပ်ကမ်းတစ်ခုက အလုပ်သမားတွေက စပိန်ကနေ သင်္ဘောနဲ့ပြန်ပါလာတဲ့ ကွန်တိန်နာအလွတ်တစ်ခုကို ဖွင့်ကြည့်လိုက်ရာမှာ အသက်ရှင်နေသေးတဲ့ ခွေးလေးတစ်ကောင်ကို အံ့အားသင့်စရာတွေ့ရှိခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 August 2022
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC (အိုင်စီစီ)ကို ဖိလစ်ပိုင်အနေနှင့် ပြန်ဆက်သွယ်ဖို့ အစီအစဉ် မရှိဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျုနီယာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ ကြောက်မက်ဖွယ် မူးယစ်စစ်ပွဲအတွက် သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုကို တရားလိုရှေ့နေတွေက ပြန်လည်စတင်ဖို့ ကြံဆနေကြချိန်မှာ သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ ဖိလစ်ပိုင်အနေနှင့် အိုင်စီစီကို ပြန်ဆက်သွယ်ဖို့ ရည်ရွယ်ချက်မရှိဘူး” လို့ စုံစမ်းစစ်ဆေးမှုတွေကို သူပူးပေါင်းမှာ မဟုတ်တဲ့အကြောင်း ယခင်ကတည်းက အရိပ်အယောင်ပြပြောဆိုခဲ့ဖူးတဲ့ သမ္မတမားကို့စ်ဂျူနီယာ က သတင်းထောက်တွေကို ပြောခဲ့တာပါ။
Source AFP
#Philippines_ICC_Probe
#Drug_War_Philippines
#Ferdinand_Marcos_Jr
Page 878 of 1044