#Local_News
Published- 25 August 2022
ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းသွင်းကုန် တင်သွင်းမှုတွေလျော့ကျလာတဲ့အပြင် တချို့ကုန်သည်တွေကတော့ ရပ်နားမှုတွေရှိလာတယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 25 Aug 2022
အသက်၁၇နှစ်သာရှိသေးတဲ့ ဗြိတိန်-ဘယ်လ်ဂျီယမ် မက်ရူသာဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ အပေါ့စားလေယာဉ်ငယ်ကလေး ဘူဂေးရီးယားကို ဆင်းသက်ပြီးနောက် တစ်ဦးတည်း
ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်တဲ့ အသက်အငယ်ဆုံးလေယာဉ်မှူး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
သူဟာ ဘူဂေးရီးယားကနေ မတ်လက စတင်ပျံသန်းထွက်ခွာခဲ့တာဖြစ်ပြီး ငါးလနှင့်တစ်ရက်အကြာမှာ မြို့တော်ဆိုဖီယာကနေ တစ်နာရီကြာသွားရတဲ့ ရာဒိုမီယာမြို့ရဲ့ လေဆိပ်အသေးလေးတစ်ခုကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
“ လူငယ်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်နောက်ကိုလိုက်ပါဆောင်ရွက်ရုံမျှနှင့် ခြားနားမှုတွေလုပ်နိုင်ကြပါတယ်ဆိုတာကို ကျွန်တော့် ဒီခရီးစဉ်နှင့်ပြသဖို့ကြိုးစားတာပါ” လို့ သူက လေယာဉ်ဆင်းသက်ပြီးပြီးချင်းပြောပါတယ်။
သူဟာ မိုင်ပေါင်း ၃၄,၀၀၀ ရှိတဲ့ နိုင်ငံပေါင်း ၃၀ကို ပျံသန်းချိနန် ၂၂၁နာရီနှင့် ဖြတ်ကျော်ပျံသန်းခဲ့တာဖြစ်ပါတယ်။
Source: AFP
#Mack_Rutherford
#Youngest_Pilot
#Fly_around_the_world
#World_Climate
Published 25 August 2022
ခရီးသွားဧည့်သည်အများအပြားဟာ ဂရင်းလန်းဒေသရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ရေခဲစိုင်များနဲ့ သဘာဝအလှတရားများကို ကြည့်ရှုခံစားဖို့ လာရောက်လည်ပတ်လေ့ရှိကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 25 August 2022
မွေးမြူရေး ကြက်ပေါက်ဈေးနှုန်းနှင့် ကြက်အစာဈေးတက်နေလို့ ကြက်သားတစ်ပိဿာကို ကျပ် ၉၀၀၀ ကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24August 2022
လတ်တလောမှာ သန်လျင်သဘာဝတရားရိပ်သာမှာ လာရောက်ခိုလုံသူတွေ များပြားနေတဲ့အတွက် ရိပ်သာအတွင်းကုတင်အပြည့်လူအပြည့်ဖြစ်နေပြီး နေရာအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရိပ်သာအုပ်ချုပ်ရေးမှူးဒေါ်ခင်စမ်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_25 August 2022
ကာတာနိုင်ငံကနေ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် မြန်မာလုပ်သားတွေခေါ်ယူနေတယ်လို့ ပြည်ပအေဂျင်စီတွေက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 August 2022
၁။ ကာတာနိုင်ငံက မြန်မာလုပ်သားများ ခေါ်ယူနေ
၂။ သဘာဝတရားရိပ်သာတွင် ကုတင်အပြည့်လူအပြည့်နှင့် ထားစရာနေရာအခက်အခဲများဖြစ်ပေါ်နေ
၃။ မွေးမြူရေး ကြက်ပေါက်ဈေးနှင့် အစာဈေးတက်လာ၍ ကြက်သားတစ်ပိဿာ ၉၀၀၀ ကျော်အထိရှိနေ
၄။ ရေခဲစိုင်များအရည်ပျော်လာသည့် ဂရင်းလန်းဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု လျှော့ချထိန်းချုပ်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 850 of 1044