#Local_News
Published-27 August 2022
တရုတ်-မြန်မာ ဝမ်တိန်ဘက်ခြမ်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 27 Aug 2022
လျှပ်စစ်ဓာတ်အားခနှင့် ဓာတ်ငွေ့ခတွေ ၈၀ ရာခိုင်နှုန်းတက်မယ်လို့ ဗြိတိန်က ကြေညာပြီးတဲ့နောက် ဒါဇင်ပေါင်းများစွာသော လူတွေဟာ လန်ဒန်က စွမ်းအင်ဌာန အောက်ဖ်ဂျမ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြကြပါတယ်။ အဲဒီဆန္ဒပြပွဲကို “ မပေးနှင့် ယူကေ” လှုပ်ရှားမှု အဖြစ် လုပ်ဆောင်ကြတာဖြစ်ပါတယ်။ “ မပေးနှင့် ယူကေ” ဆိုတာ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ရက်ကစပြီး ပေးဆောင်ရမယ့် မီတာခနှင့် ဓာတ်ငွေ့ဖိုးတွေကို မပေးဆောင်ကြဖို့ လူတွေကို နှိုးဆော်တာဖြစ်ပါတယ်။ နှုန်းထားတွေက အဆမတန်ကြီးမြင့်နေလို့ ပေးဆောင်ဖို့ မတတ်နိုင်လို့ ဘီလ်တွေကို ဒီအတိုင်းထားကြဖို့ သူတို့ကပြောပါတယ်။
လန်ဒန်မြို့ ကာနရီဝါ့ဖ်လမ်းပေါ်က အဲဒီဆန္ဒပြပွဲမှာ လူတွေဟာ “ တော်လောက်ပြီ တော်လောက်ပြီ” လို့ အော်ဟစ်ကြပါတယ်။ ပြီးတော့ “ အမြတ်တွေကိုသာ ရပ်ဆိုင်းပါ လူတွေကိုမရပ်ဆိုင်းပါနှင့်” လို့လည်း လှုံ့ဆော်စာတမ်းတွေ ကိုင်ဆောင်ကြပါတယ်။
အောက်ဂျမ်ဌာနက စွမ်းအင်ခတွေကို ၈၀.၀၆ ရာခိုင်နှုန်းတက်မယ်လို့ သောကြာနေ့က ကြေညာလိုက်တဲ့အတွက် မိသားစုတစ်စုအတွက် တစ်နှစ်တာ စွမ်းအင်ခတွေဟာ ၁၉၇၁ ပေါင်စတာလင်ပေးဆောင်နေရာကနေ အောက်တိုဘာလမှာ ၃၅၄၉ ပေါင်စတာလင်မြင့်တက်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လက်မှတ်တွေ တစ်သိန်း တစ်သောင်းကိုးထောင်ကနေ တစ်သိန်းနှစ်သောင်းရထားပြီးပြီ။ အဲဒါကြောင့် ပြည်သူတွေ လက်မှတ်ထိုးပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ လက်မှတ်ပေါင်း တစ်သန်းရတာနှင့် ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေနှင့် ဆက်သွားမယ် လို့ “မပေးနှင့် ယူကေ” အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လျမ်က ပြောပါတယ်။
လမ်းပေါ်က ကျွန်တော်တို့အသံတွေကြားနိုင်တယ်။ လမ်းပေါ်က ကျွန်တော်တို့ဟာ တစ်ဦးချင်းစီမဟုတ်ပဲ စုပေါင်းထားကြတယ်ဆိုတာ သိနိုင်တယ်။ကျွန်တော်တို့ဟာ အလုပ်သမားလူတန်းစာဖြစ်တယ်။ ကျွန်တော်တို့အသံတွေဖော်ထုတ်နိုင်တယ်။ ကြားစေနိုင်ရမယ် လို့လည်း အသက် ၂၄နှစ်အရွယ် သမိုင်းကျောင်းသား နက်သန် ဝီလျံကပြောပါတယ်။
“စွမ်းအင်ဈေးနှုန်းတွေ တက်သွားတယ်။ ပေါင်၃၅၀၀ကျော်ဆိုတာကြီးက ဗြိတိန်မှာ အလုပ်လုပ်နေတဲ့ လူတွေအတွက် ၊ဆင်းရဲသားတွေအတွက်၊ အလုပ်လက်မဲ့ဖြစ်နေသူတွေအတွက် သည်းမခံနိုင်စရာပဲ။ ပါလီမန်နိုင်ငံရေးပါတီတွေ လေဘာပဲဖြစ်ဖြစ် ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ် ကျွန်တော်တို့အပေါ် ပျက်ကွက်လို့၊ ဆက်လက်ပျက်ကွက်နေလို့ ကျွန်တော်ဒီကိုရောက်လာတာဖြစ်တယ်။ ဆင်းရဲမွဲတေပြီး အခြေအနေဆိုးထဲ ရောက်နှင့်ကြပြီဖြစ်တဲ့ ပြည်သူတွေအတွက် သူတို့မှာ အဖြေမရှိဘူး။ အောက်တိုဘာမှာ ဒီဈေးနှုန်းတွေထပ်တက်ရင် လူတွေဟာ ထပ်ပြီး ဆင်းရဲမွဲတေလာကြဦးမယ်” လို့လည်း သူကပြောပါတယ်။
အငြိမ်းစား ကူးစက်ရောဂါပညာရှင် ဂျိန်း ဖာရီကလည်း ဒီမှာလူတွေအဆိုပြုနေတာဟာ တစ်ခုတည်းသော ချည်းကပ်မှုပါ။ ကျွန်မတို့ ပိုပြီး အခြေခံကျကျရှိကြဖို့လိုတယ်လို့ထင်တယ်။ စွမ်းအင်ကုမ္ပဏီတွေကိုမြင်တွေ့နေရတာဟာ အရင်းရှင်စနစ်မှာ မျှော်လင့်ထားတာတွေပဲဖြစ်တယ်။ ဒီနိုင်ငံမှာ သူတို့ဟာ ကုမ္ပဏီတွေ အမြတ်တွေအများကြီးထွက်ဖို့ပဲလုပ်နေကြတယ်။ ပြည်သူတွေဖက် သိပ်မကြည့်ကြဘူး လို့ပြောပါတယ်။
ဗြိတိန်နိုင်ငံအပါအဝင် ဥရောပမှာ ရုရှား-ယူကရိန်းပြဿနာကြောင့် စွမ်းအင်ဈေးနှုန်းတွေမြင့်တက်နေမှုတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
Source AFP
#UK_Energy
#Don’t_Pay_UK
#Ofgem
#World_Technology
Published 27 August 2022
ဂျာမနီနိုင်ငံဟာ ဗုဒ္ဓဟူးနေ့က ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမီးရထားလိုင်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 27 August 2022
-အိုမီခရွန်ဗီဇပြောင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့အန္တရာယ် ဘယ်လောက်ကြီးသလဲ??
#Yangon_Media_Group
#Local_News
Published_27 August 2022
စစ်ကိုင်းတိုင်းရှိ မေတ္တာရိပ်ဂေဟာမှာ မိဘမဲ့ကလေးငယ်တွေနဲ့ဘိုးဘွားတွေကိုစောင့်ရှောက်ထားပြီး လတ်တလောမှာ အလှူရှင်တွေနည်းပါးတာနဲ့ ကျန်းမာရေးအရကိစ္စတွေအတွက် သွားလာရခက်ခဲတာတွေကြုံတွေ့နေရတယ်လို့ မေတ္တာရိပ်ဂေဟာတည်ထောင်သူ ရှင်ချမ်းကပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 27 August 2022
- အိုမီခရွန်ဗီဇပြောင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့အန္တရာယ် ဘယ်လောက်ကြီးသလဲ??
#Yangon_Media_Group
#DailyNews
Published - 27 August 2022
၁။ စစ်ကိုင်းတိုင်းရှိ မိဘမဲ့ကလေးငယ်နှင့် ဘိုးဘွားများအတွက် အလှူရှင်များလိုအပ်နေ
၂။ တရုတ် ဝမ်တိန်ဘက်ခြမ်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်
၃။ အခေါက်ရွှေ ၂၈ သိန်းခွဲအထိရှိလာပြီး ဒေါ်လာဈေး ၃၀၀၀ ကျော်အထိရှိနေ
၄။ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမီးရထားများအား ဂျာမနီမှစတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 847 of 1043