#World_Technology
Published 16 September 2022
ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ဒက်ထရွိုက်မော်တော်ကားပြပွဲမှာ အမေရိကန်ကားကုမ္ပဏီကြီးတွေရဲ့ ဓာတ်ဆီသုံးကားများနဲ့ လျှပ်စစ်ကားများပြသခဲ့ကြပြီး သမ္မတ'ဂျိုးဘိုင်ဒန်'လည်း တက်ရောက်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 September 2022
မန္တလေးတိုင်းအတွင်းရှိ ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့
ပင်လယ်မြို့ဟောင်း (သို့မဟုတ်) မိုင်းမောကို မကြာမီတူးဖော်သုတေသနပြုလုပ်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင် ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-16 Setember 2022
လာမယ့် ခရီးသွားရာသီအစမှာ ပြည်တွင်းကို ဝင်ရောက်လာမဲ့ပြည်ပခရီးသွားဦးရေဟာ နည်းနိုင်သေးတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 September 2022
အခါကြီးရက်ကြီး ကာလတွေမှာ မိမိရဲ့ မြိုနယ်ကိုပြန်ကြမယ့်သူတွေ များပြားတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်နှုန်းထားတွေကို သာမာန်ထက် ဈေးတင်ရောင်းတာတွေမပြုလုပ်ကြဖို ညွှန်ကြားချက်ထုတ်ထားတယ်လို YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
Published 16 Sept 2022
တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်ရှား မြို့လယ်က အထပ်မြင့် ရုံးကြီး သောကြာနေ့ မွန်းလွဲပိုင်းက မီးကြီးလောင်ကျွမ်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းပေးပို့ပါတယ်။
အဲဒီအဆောက်အအုံဟာ အထပ်ပေါင်း ၄၂ထပ်ရှိပြီး ၆၅၆ ပေကျော်မြင့်မားတဲ့ တရုတ်တယ်လီကွမ်းအဆောက်အအုံကြီးဖြစ်ပါတယ်။ အထပ်ဒါဇင်ကျော်ဟာ မီးလောင်ကျွမ်းခံရပါတယ်။
ကနဦးစစ်ဆေးချက်များအရ အဆောက်အအုံရဲ့ ပြင်ပနံရံတွေမှာ မီးစတင်လောင်ကျွမ်းတာလို့ ဟူနန်မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိမှာ ပြင်ပကမီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိလို့သိရပါတယ်။
Source: Reuters
#China_ Hunan_ Changsha
#Changsha_Fire
#China_Telecom_building
#DailyNews
Published _ 16 September 2022
၁။ အခါကြီးရက်ကြီးများတွင် အဝေးပြေးကားလက်မှတ်များဈေးတင်ရောင်းချခြင်း မပြုလုပ်ကြရန် YRTC မှညွှန်ကြားထား
၂။ ပွင့်လင်းရာသီအစတွင် ပြည်ပခရီးသွားဧည့်သည့် နည်းနိုင်သေးဟု UMTA ဥက္ကဋ္ဌပြော
၃။ မန္တလေးတိုင်းအတွင်းရှိပျူခေတ်ပင်လယ်မြိုဟောင်း
တူးဖော်ရေးများစတင်မည်
၄။ ဘိုင်ဒင်တက်ရောက်ခဲ့သည့် ဒက်ထရွိုက်မော်တော်ကားပြပွဲတွင် လျှပ်စစ်ကားများပါပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
published _ 16 September 2022
နေပြည်တော်မှာ လတ်တလောပြုလုပ်နေလျှက်ရှိသည့် အိမ်ရာစီမံကိန်းတွေ၊ မြို့တွင်းထဲရှိ အထင်ကရနေရာတွေကို ပြန်လည်မွန်းမံမှုတွေပြုလုပ်နေကြတဲ့အတွက် အိမ်ခြံမြေစျေးကွက်ဟာလည်း အဝယ်လိုက်နေပြီး အတက်ဖက်ကို ဦးတည်နေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေရောင်းဝယ်ပြုလုပ်သူတွေက ဆိုပါတယ်။
#Yangon_Media_Group
Page 814 of 1033