#DailyNews
Published _ 11 October 2022
၁။ ကြက်သွန်ဈေးငြိမ်နေပြီး အရောင်းအဝယ်အေးစက်နေဟုဆို
၂။ လူတစ်သိန်းတွင် တီဘီရောဂါရှိသူ(၁၁၅)ယောက်ရှိနိုင်သဖြင့် စီမံချက်ဖြင့် ရှာဖွေကုသပေးနေ
၃။ လယ်ယာထွက်ကုန်တင်ပို့မှုမှ ဒေါ်လာတစ်ဘီလီယံကျော်ရရှိထား
၄။ လက်ကိုင်ဖုန်းအသုံးပြုချိန်လျှော့ချနိုင်ရန် ဘိုလစ်ဗီယာနိုင်ငံမှ ကလေးများကို စစ်တုရင်သင်ပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 October 2022
ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရတဲ့ တနင်္သာရီရိုးရာပွဲတော်တွေ ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 10 Oct 2022
အမေရိကန်သမ္မတဟောင်းက တတိယကမ္ဘာစစ်နှင့်အဆုံးသတ်ကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အာရီဇွန်နာ ပြည်နယ်၊ မီဆာမြို့က လူထုဟောပြောပွဲတစ်ခုမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ “ယူကရိန်းက စစ်ပွဲကို ငြိမ်းချမ်းစွာအဆုံးသတ်ဖို့ လက်ငင်းစေ့စပ်ညှိနှိုင်းမှုတွေ ကျွန်တော်တို့ တောင်းဆိုရမယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တတိယကမ္ဘာစစ်ပွဲနှင့် အဆုံးသတ်ကြရလိမ့်မယ် “လို့ ထရမ့်က သတိပေးခဲ့ပါတယ်။
Source AFP
#Donald_Trump
#World_War_Three
#Russia_Ukraine
#LocalNews
Published_10 October 2022
လာမယ့် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျှော့ရောင်းပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 October 2022
အင်ဒိုနီးရှားထုတ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲတွေမှာ ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရလို့ ဘေးမကင်းကြောင်း နိုင်ငံရပ်ခြားကသတင်းတွေကို မြန်မာFDA ရရှိထားပြီဖြစ်လို့ မြန်မာနိုင်ငံက ဈေးကွက်အတွင်းတွေ့ရှိပါက ပြန်သိမ်းခိုင်းဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ ပြည်ပကို ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၃၇ ဒသမ ၁၄ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 775 of 1023