#Local_News
Published_ 12 October 2022
ခွင့်မပြုတဲ့ ပိုးသတ်ဆေးတစ်မျိုးပါဝင်လို့ စင်္ကာပူအစားအစာအေဂျင်စီ(SFA)က ပြန်လည်သိမ်းဆည်းဖို့ ကြေညာထားတဲ့ Mie Sedaap တံဆိပ်ခေါက်ဆွဲ အမျိုးအစား(၆)မျိုး မြန်မာဈေးကွက်အတွင်းရှိ မရှိ မြန်မာနိုင်ငံ FDA က ကွင်းဆင်းစစ်ဆေးခြင်းတွေ စတင်နေပြီလို့သိရပါတယ်၊၊
#Yangon_Media_Group
#World_Achievement
Published 12 October 2022
အိန္ဒိယနိုင်ငံဟာ အမျိုးသမီးလေယာဉ်မှူးအများဆုံးရှိရာ နိုင်ငံဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 Oct 2022
ယူကရိန်းနိုင်ငံရဲ့ အနောက်ဘက်က ကျောထောက်နောက်ခံပေးနေသူတွေဟာ ရုရှားရဲ့ နိုင်ငံအနှံ့ ဒုံးကျည်တိုက်ခိုက်နေတာတွေကို ကာကွယ်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထပ်ပြီး ပံ့ပိုးပေးမယ်လို့ နေတိုးအကြီးအကဲ ယန်းစတိုးတင်ဘတ်က ကတိပေးလိုက်ပါတယ်။ ယူကရိန်းကိုထောက်ခံအးပေးဖို့ ဘယ်လို တိုးမြှင့်ဆောင်ရွက်ရမယ်ဆိုတာကို ကျွန်တော်တို့ဆွေးနွေးကြမယ်။ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ထိပ်တန်းဦးစားပေးဖြစ်လိမ့်မယ်လို့သူကပြောကြားလိုက်ပါတယ်။
Source AFP
#Local_News
Published – 12 October 2022
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး သြဂုတ်လထက်တင်ပို့မှုလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 12 October 2022
အခြေခံစားသောက်ကုန်ဈေးကွက်ထဲ ကြက်သားနဲ့ ကြက်ဥဈေးနှုန်းတွေ ပြန်မကျတာမရှိသေးပဲ ဈေးကွက်ထဲမှာ ကြက်သားတစ်ပိဿာကို ကျပ်တစ်သောင်းနဲ့ အချို့သောနေရာတွေမှာ ကျပ်တစ်သောင်းထက်ပိုပေးရတဲ့ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 October 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့က နှစ်နိုင်ငံကုန်သွယ်ရာ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောမှာ ကိုဗစ်စစ်ဆေးတဲ့လုပ်ငန်းကို ထပ်တိုးလုပ်ဆောင်လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 12 October 2022
၁။ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောင်းတွင် ကိုဗစ်စစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်
၂။ ကြက်သားနှင့် ကြက်ဥစျေးနှုန်းများ ကျဆင်းမှုမရှိသေး
၃။ စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့
၄။ အိန္ဒိယအမျိုးသမီးလေယာဉ်မှူးများအတွက် ရှေ့ဆောင်လမ်းပြလေယာဉ်မှူး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 773 of 1023