#Local_News
Published_ 19 October 2022
စာရေးဆရာအကြည်တော် မကျန်းမာတဲ့အတွက် ဆေးကုသမှုခံယူနေရပြီး အောက်တိုဘာလ(၁၉)ရက်နေ့လည်ပိုင်းအထိတော့ သတိပြန်မလည်လာသေးဘူးလို့ ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို ပဲတင်ပို့မှုမှာ တန်ချိန် သုည ဒသမ ၈၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၀၁ သန်းဝင်ငွေရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Agriculture
Published 18 October 2022
ပြင်သစ်နိုင်ငံ ဟော့တီဆွန်းမှာ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေအောက်ကနေ ပဲပိစပ်တွေကို ကောက်ရိတ်စက်ဖြင့် အခက်အခဲမရှိ ရိတ်သိမ်းနိုင်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 18 october 2022
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ Down town မြို့နယ်တွေဖြစ်ကြတဲ့ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာ စတဲ့မြို့နယ်တွေမှာ အိမ်အဌားတွေပိုများလာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 18 Oct 2022
ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ရွှေကနေရီလို့အမည်ပေးထားတဲ့ ညိုဝါရောင် စိန်တစ်ပွင့်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆာသူဘီကုမ္ပဏီမှာ ပြသထားပါတယ်။ အဲဒီ ရွှေကနေရီစိန်ပွင့်ကြီးဟာ အလေးချိန်အားဖြင့် ၃၀၃.၁ ကာရက်ရှိပါတယ်။
အဆိုပါစိန်ကြီးဟာ အပြစ်အနာအဆာကင်းပြီး အမေရိက ကျောက်မျက်သိပ္ပံက အတွင်းမှာ အပြစ်အနာအဆာကင်းတဲ့ စိန် အဖြစ် အဆင့်အတန်းသတ်မှတ်ပေးထားပါတယ်။
ဒီလို ရင်သပ်ရှုမောစရာ စိန်ကြီးရဲ့အရွယ်အစားအတိုင်းက ကမ္ဘာပေါ်မှာ ရှာတွေ့ထားတာ စုစုပေါင်း စိန်ပွင့်ကြီးငါးပွင့်ပဲ ရှိပါသေးတယ်။ နောက်ပြီးထူးခြားချက်က ရွှေကနေရီစိန်ကြီးဟာ အဲဒီကြီးမားတဲ့ စိန်ပွင့်ကြီးထွေတဲက တစ်ပွင့်ကနေ ပြန်လည်ဖြတ်တောက်သွေးယူထားတာဖြစ်ပါတယ်။
Source AFP
#Golden_Canary
#Brownish-yellow_Diamond
#Sotheby_Dubai
#Local_News
Published_18 October 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ၂၀၂၂ ခုနှစ် မကုန်မီ တွေ့ဆုံမှာ ဖြစ်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကိုရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 766 of 1023