Published 20 October 2022
ဂျာကာတာအစ္စလမ်မစ် စင်တာရဲ့ ဧရာမ ဗလီကြီးမှာ မီးကြီးလောင်ကျွမ်းတဲ့အတွက် ကြီးမားလှတဲ့ လိပ်ခုံးပုံအမိုးကြီးဟာ ပြိုကျခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ အဆိုပါဗလီကြီးဟာ ဗုဒ္ဓဟူးနေ့မှာ နာရီပေါင်းများစွာ ကြာအောင် မီးကြီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
ဗလီကြီးဟာ ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ အချိန်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်လို့ရဲတွေက ပြောပါတယ်။ အနည်းဆုံး လုပ်သား (၄)ဦးကို ရဲက ခေါ်ယူမေးမြန်းနေပါတယ်။
“ဗလီထဲက လူတွေအားလုံးကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ရပါမယ်။ တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့လို့” လို့ မြောက်ဂျာကာတာရဲချုပ် ကွမ်းဘီးဝီဘိုဝိုက သတင်းထောက်တွေကို ပြောပါတယ်။
Source AFP
#Grand_Mosque_fire_Jakarta
#Giant_dome
#Jakarta_Indonesia
#Local_News
Published_ 20 October 2022
ကျေးရွာနေပြည်သူတွေကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး လိုအပ်သူတွေကို နားကြားကိရိယာတွေ အခမဲ့ပေးနေတယ်လို့ နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာဒေါ်ခင်လှလှက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 20 October 2022
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငရုပ်သီးအစိုတွေကို ခူးပြီးတဲ့ ၁ရက်၊ ၂ရက်အတွင်းမှာပဲ ဖြန့်ချီရောင်းချလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 October 2022
၁။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထား
၂။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ငရုတ်သီးအစိုဝယ်လိုအားကောင်းနေ
၃။ ကျေးရွာနေပြည်သူများကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး နားကြားကိရိယာများ အခမဲ့ပေးနေ
၄။ ဂျပန်ဒီဇိုင်နာပညာရှင်ကြီးများဖြစ်သည့် 'ကင်ဇို'နှင့်'မီယာကဲ'တို့ဆုံးပါးပြီးနောက် ဖက်ရှင်လောကအပြောင်းအလဲဖြစ်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 October 2022
ထိုင်းနိုင်ငံကို MoU နဲ့ သွားကြတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ကျော်ဟာ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေကြပါတယ်။
#Yangon_Media_Group
Published 19 Oct 2022
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒီကနေ့ အောက်တိုဘာ ၁၉ ရက်မှာ စတင်ပြသတဲ့ ၂၀၂၂ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ ပထမဆုံး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပြပွဲဖွင့်ပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နစက အဖွဲ့ဝင်တွေ၊ပြည်ထောင်စုဝန်ကြီးတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူတွေနှင့်ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရတာဖြစ်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲတွေကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတို့ဖြင့်ပေးချေနိုင်ပါတယ်။ ကျောက်မျက်ကျောက်စိမ်းအတွဲတွေကို ကြမ်းခင်းဈေး ယူရိုငွေဖြင့်သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်တွေက အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်ငွေ၊ထိုင်းဘတ်ငွေတွေနှင့် ပေးချေရမှာဖြစ်ပါတယ်။ ပြည်တွင်းက မြန်မာကုန်သည်တွေကတော့ ကျပ်ငွေနှင့်ပေးချေနိုင်ကြမယ်လို့ သိရှိရပါတယ်။
ပုလဲအတွဲတွေရဲ့ အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ဖြစ်ပြီး ကျောက်မျက်အတွဲတွေအတွက် အနိမ့်ဆုံး အခြေခံဈေးကတော့ ယူရို ၅၀၀ဖြစ်ပါတယ်။ ကျောက်စိမ်းအချောထည်အတွက် အနိမ့်ဆုံးအခြေခံဈေး ယူရို ၁၀၀၀နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ ၅၀၀၀ဖြစ်တယ်လို့ သိရှိရပါတယ်။
ယခုပြပွဲကို အောက်တိုဘာ ၂၅ရက်အထိခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
-ymg/knl
#Myanmar
#Myanmar_Gem_Emporium
#Myanmar_Business
Page 764 of 1023