#Local_News
Published _ 2 November 2022
ပို့ကုန်ဝင်ငွေတင်ပြမှ သွင်းကုန်ခွင့်ပြုမယ်လို့ ညွှန်ကြားချက်က နယ်စပ်ကုန်သွယ်ရေးတွေကို အနည်းငယ်ထိခိုက်နိုင်ပြီး ကားသမားတွေအတွက် အလုပ်တွေပိုလာနိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 November 2022
၁။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ ဘီလီယံရရှိထား
၂။ ပို့ကုန်ဝင်ငွေတင်ပြမှ သွင်းကုန်ခွင့်ပြုမယ်လို့ ညွှန်ကြားချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး၌ အနည်းငယ်ထိခိုက်နိုင်ဟုဆို
၃။ တန်ဆောင်မုန်းလပြည့်နေ့ ည(၆)နာရီကျော်တွင် ဓနသိဒ္ဓိနက္ခတ်အချိန်ကောင်းကျရောက်ဟုဆို
၄။ တောင်အာဖရိကတွင် ဇူလူဘုရင်အသစ်နန်းတက်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _2 November 2022
ငှက်ကြည့်ရာသီမရောက်သေးပေမဲ့ မိုးယွန်းကြီးအင်းကို သွားရောက်လည်ပတ်သူတွေ ရှိနေပါတယ်။
#Yangon_Media_Group
Published 1 Nov 2022
၁၇ ကြိမ်မြောက် ကမ္ဘာ့ဆဲလ်ဆာပွဲတော် World Salsa Festivalကို ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ ကျင်းပသွားခဲ့ပါတယ်။
ကချေသည်တွေပါတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့(၂၀)ကျော်ဟာ ဆဲလ်ဆာပွဲတော်မှာ လာရောက်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပွဲတော်မှာ အမျိုးအစားများစွာပါဝင်ပြီး ပညာရှင်အဆင့်အစ၊ အပျော်တမ်းအဆင့်အလယ်၊ ကလေးသူငယ်အဆင့်အဆုံး များပြားလှပါတယ်။
အဲဒီများပြားလှတဲ့ အမျိုးအစားအလိုက် ကချေသည်ပေါင်း လေးထောင်ခန့် ယှဉ်ပိုင်ကြပါတယ်။ အိမ်ရှင်ဒေသတွေဖြစ်တဲ့ ကျူဘားနှင့် ကာဘရက်တို့က ကာလေနိုလို့ အကအမျိုးအစားတွေလည်း ပါဝင်ပါတယ်။
ပွဲတော်ကို အောက်တိုဘာ ၂၆ မှ အောက်တိုဘာ ၃၀ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့ကြပြီး ယခုပွဲဟာ ကျင်းပခဲ့သမျှ ထဲမှာ လူအများဆုံးတက်ရောက်ကြတဲ့ပွဲလို့ စီစဉ်သူတွေကပြောပါတယ်။
ပြိုင်ပွဲဝင်အများဆုံးနိုင်ငံတွေထဲမှာ ပေါ်တိုရီကိုကထိပ်ဆုံးက ဖြစ်ပြီး ကချေသည် ၁၀၀ ဦး ယှဉ်ပြိုင်ပါတယ်။ ဗင်နီဇွဲလားက ၆၂ ဦးနှင့် အီကွေဒေါက ၁၅ ဦးယှဉ်ပြိုင်ကြပါတယ်။
အကပြိုင်ပွဲကိုတော့ ကာလီမှာ (၂)ရက်ကြာ ကျင်းပခဲ့ရာမှာ ဆန်းကြယ်အံ့မခန်းစရာ အကတွေနှင့် စိတ်လှုပ်ရားစရာ တင်ဆက်သွားခဲ့ကြပါတယ်။
ဆဲလ်ဆာဟာ တောင်အမေရိကားနှင့် ကာရစ်ဘီယံတို့မှာ အလွန့်ကိုလူကြိုက်များပါတယ်။ ကျူဘား ဆဲလ်ဆာစတိုင်နှင့် ဆဲလ်ဆာ ရူအီဒါတို့ဟာ အဓိကစတိုင်(၆)မျိုးထဲက နှစ်မျိုးဖြစ်ပါတယ်။
Source: AFP
#World_Salsa_Festival
#Salsa_dances
#Cali_Colombia
#Local_News
Published _1 November 2022
တန်ဆောင်တိုင် ပွဲတော်ကာလအတွက် ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင် ၊ ချောင်းသာနဲ့ ငပလီကမ်းခြေတွေက ဟိုတယ်တွေမှာ အခန်းလွတ်မရှိတော့လောက်အောင် ဘွတ်ကင်ပြည့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#FIFA_WorldCup
Published 1 Nov 2022
လာမယ့် ၃ ပတ်အတွင်းကျင်းပတော့မယ့် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အခြေခံအဆောက်အအုံနေရာများ ထားရှိထားပြီဖြစ်ကြောင်း ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
Page 749 of 1023