#Health_Matters
Published - 19 Nov 2022
ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ကျင်းပတာ ခုဆို ၃၅ နှစ်ရှိပါပြီ ။ ၃၅နှစ်အတွင်း ခုခံအားကျဆင်းမှုရောဂါကို ဘယ်လောက်အထိတိုက်ဖျက်နိုင်ကြပြီလဲ??
#Yangon_Media_Group
Published 18 Nov 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ်လုပ်တဲ့ ဒုံးပျံတစ်စီးကို သောကြာနေ့က ကမ္ဘာ့လေထုရဲ့အထက်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ တွန်းအားပေးဆောင်ရွက်နေမှုမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
တန်တစ်ဝက်ရှိတဲ့ အဲဒီ Vikram-S ဒုံးပျံဟာ သောကြာနေ့ နေ့လယ်မတိုင်ခင် ပစ်တင်ခဲ့တာဖြစ်ပြီး စက်ဝိုင်းပြတ်ထဲမှာ ရွေ့လျားခဲ့ပါတယ်။
အဲဒီလွှတ်တင်မှုတွေကို အိန္ဒိယအာကာသသုတေသနဌာနရဲ့ တိုက်ရိုက် ဗွီဒီယိုထုတ်လွှင့်မှုမှာ မြင်တွေ့ကြရပါတယ်။
ခြောက်မိနစ်အကြာမှာ အဲဒီဒုံးပျံဟာ ပင်လယ်ထဲကို ဆင်းသက်ခဲ့တယ်လို့ အေဂျင်စီကနေသိရပါတယ်။
ယခုဒုံးပျံကို ပြည်တွင်းက Skyroot Aerospace ကုမ္ပဏီက ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၅၅ မိုင်အမြင့်အထိ ရောက်ရှိပါတယ်။ အဲဒီအမြင့်ဟာ ကမ္ဘာမြေကြီးနှင့် ပြင်ပအာကာသတို့ကိုပိုင်းခြားထားတဲ့ ၁၀၀ ကီလိုမီတာ ကာမန်မျဉ်းရဲ့ အောက်ဖြစ်ပါတယ်။
Source: AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook >>> https://fb.watch/gTlVii-a23/
#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Sports
Published 18 November 2022
ကာတာနိုင်ငံမြောက်ပိုင်း သဲကန္တာရတွေမှာ ကလေးတွေက ဘယ်ဘက်လက်အိတ်ပေါ်မှာ သိမ်းငှက်များတင်ထားရင်း ရိုးရာဓလေ့ဖြစ်တဲ့ အမဲလိုက်ငှက်တွေကို ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 November 2022
လာမယ့်ဒီဇင်ဘာလမှာ မိုင်းတွင်းတွေကနေ ပစ္စည်းအသစ်တွေထွက်ရှိမှာဖြစ်တဲ့အတွက် ရွှေပြတ်လပ်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 18 November 2022
လတ်တလောမှာ မီးစက်သုံးဖို့လိုအပ်ချက်တွေရှိနေကြပေမယ့်လည်း မရှိမဖြစ်လိုတဲ့ သူတွေပဲဝယ်ယူနိုင်တဲ့အတွက် မီးစက်ဈေးကွက်သိသိသာသာရောင်း အားတက်လာတာမရှိသေးဘူးလို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 18 November 2022
ပြည်တွင်းသကြားလက်ကျန် များပြားနေတဲ့အတွက် ကြံရာသီစချိန်မှာ သကြားဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 730 of 1023