#Local_News
Published_ 22 December 2022
အစ်မတော်မြနန်းနွယ်ရဲ့(၁၁၅)ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးမှာ ကျင်းပသွားဖို့ရှိတယ်လို့ ဂေါကပအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 21 December 2022
အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်မှာမီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ကြုံတွေ့နေရပြီး လတ်တလောမှာမီးဘေးသင့်လို့ အိုးအိမ်မဲ့သွားတဲ့အိမ်ထောင်စု(၁၃)စု ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Heritage
Published 21 December 2022
အီရတ်အမျိုးသားပြတိုက်ရဲ့ဘေးအခန်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်တစ်ဦးက ၁၇ ရာစုလက်ရေးစာမူကို အလေးထားပြီး အဖိုးတန်စာသားပေါင်း ၄၇,၀၀၀ ကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းရန် ပြန်လည်မွမ်းမံရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်။
#Yangon_Media_Group
Published 21 December 2022
ရုရှားရေတပ်ဟာ ဟိုက်ပါဆိုနစ် ဇိုင်ယာကွန် ခရုစ်ဒုံးကျည် အသစ်တွေကို လာမယ့် ဇန်နဝါရီလစောစောပိုင်းကနေ စတင်ပြီး ရရှိတော့မယ်လို့ သမ္မတဗလက်ဒီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်ကပြောပါတယ်။ အဲဒီလက်နက်ကို ရုရှားက သိပ်မကြာသေးခင်နှစ်တွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။
“ ဇန်နဝါရီကစပြီးတော့ အက်ဒ်မိုင်ရယ်လ် ဂေါ့ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောကြီးကို ဇိုင်ယာကွန်ဟိုက်ပါဆိုနစ်ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်နှင့် အဆင့်တူတာ ဒီကမ္ဘာမှာ မရှိသေးပါဘူး” လို့ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးတွေနှင့်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Source: AFP
#Russsia_Military_Power
#New_hypersonic_Zircon_cruise_missiles
#Vladimir_Putin
#Local_News
Published_ 21 December 2022
ဂျပန်အပါအဝင်အာဆီယံနိုင်ငံအတွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိမှုများတဲ့အတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းကြီးမှူးကျင်းပတဲ့ ITPEC စာမေးပွဲဖြေဆိုသူ ရာချီတိုးလာတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_21 December 2022
ယခုဘဏ္ဍာနှစ်ရဲ့ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
၂၀၂၃ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းတဲ့အခါ လူစီးယာဉ်တွေကို အစောဆုံး ၂၀၂၂ ခုနှစ်ထုတ် ယာဉ်တွေသာ ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ကြေငြာစာထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 694 of 1022