#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)
နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 December 2022
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင်ဒေသအချို့မှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးကြည်ဝင်း( လောကအမွန်)နှင့်အတူ
-"၂၀၁၁ ခုနှစ်မှာ" လောကအမွန်"စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
-ကိုယ်ပိုင်စာအုပ်တစ်သောင်းကျော်ကို အခြေပြုစတင်ခဲ့ရာက ယခုဆိုရင်စာအုပ်ပေါင်းနှစ်သောင်းကျော် စုဆောင်းထားရှိပြီးဖြစ်ကြောင်း
-"လောကအမွန်"ဆိုတဲ့နာမည်ကို စွဲလမ်းနေမိခဲ့တာကြောင့် လောကအမွန် စာကြည့်တိုက်လို့ နာမည်ပေးခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 December 2022
မွန်ပြည်နယ်မှာ လာမယ့်၂၀၂၃ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ဘက်ဂျက်နဲ့တစ်ပတ်ကို မျက်စိအတွင်းတိမ်လူနာ(၁၅)ဦး အခမဲ့ခွဲစိတ်ကုသပေးနိုင်တော့မယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_24 December 2022
မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံကျော်ရရှိထား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Pet
Published 24 December 2022
ပြင်သစ်မြောက်ပိုင်းရွာအပြင်က စပျစ်ခြံခြေရင်းမှာ 'ဆယ်ဘင်းရူအာစ်'နဲ့ အလေးချိန်ပေါင် ၃ ထောင်ခန့်ရှိ သူမရဲ့နွားထီးကြီး 'အက်စ်တန်'တိုဟာ နာမည်ကြီးနေပါတယ်။
#Yangon_Media_Group
Published 24 December 2022
ရက်စက်လှတဲ့ သမိုင်းဝင်ဆောင်းမုန်တိုင်းကြောင့် သောကြာနေ့က အမေရိကန်တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းခန့်ရှိတဲ့ လူပေါင်း သန်း၂၄၀ခန့်ဟာ အင်မတန်ပြင်းထန်တဲ့ ရာသီဥတုသတိပေးချက်တွေရဲ့အောက်မှာ နေထိုင်နေကြရပါတယ်။
အလုပ်ပိတ်ရက် ခရီးသွားကြတာတွေ ကသောင်းကနင်းဖြစ်ကုန်ကြပီး လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာကိုဖျက်သိမ်းလိုက်ကြ ပါတယ်။ အဓိက အဝေးပြေးလမ်းမတွေကိုလည်းပိတ်လိုက်ကြရပါတယ်။
ထူထဲလှတဲ့နှင်းတွေနှင့် တဝေါဝေါတိုက်ခိုက်နေတဲ့လေတွေကြောင့် ခရစ္စမတ်ရောက်ဖို့ ရက်အနည်းငယ်လိုတော့တဲ့ အလုပ်အများဆုံးအချိန်တွေထဲက အချိန်ဖြစ်နေတဲ့ ဒီကာလမှာ သန်းပေါင်းမျာစွာသော ခရီးသွားအစီအစဉ်တွေ ရပ်တန့်ကုန်ကြပါတယ်။
အချို့နေရာတွေမှာ -၄၀ ဒီဂရီဆဲဆိယတ်စ်ရောက်အောင် အေးခဲနေပါတယ်။
“ ဆောင်းရာသီဘေးအန္တရာယ်ဟာ ကနေဒါနယ်စပ်မှသည် မက္ကဆီကိုနယ်ခြားမြစ်အထိ၊ပင်လယ်ကွေ့မှသည် အလယ်ဖလော်ရီဒ်ကျွန်းဆွယ်အထိ၊ ပစိဖိတ်အနောက်မြောက်မှသည် အရှေ့ဘက် ကမ်းခြေပိုင်းအထိ ကျရောက်နေတာ ဖြစ်ပါတယ်လို့ အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။ဒီကြေညာချက်ဟာ အမေရိကန်ဆောင်းတွင်း မိုးလေဝသသတိပေးချက်တွေထဲမှာ တစ်ခါမှမကြုံဘူးတဲ့ အကြီးမားဆုံးဖြစ်ပါတယ်။
အမေရိကန်တောင်ပိုင်းနှင့်အရှေ့ပိုင်းက လူဦးရေတစ်သန်းကျော်ဟာ သောကြာနေ့မနက်ပိုင်းအထိ လျှပ်စစ်မီးမရရှိဖြစ်နေကြရပါတယ်။ လူသန်း၁၀၀ခန့်က ကားလမ်းတွေကို အသုံးပြုဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ လမ်းတွေဟာ စိတ်မချရသေးတဲ့ အခြေအနေမှာပဲရှိနေပါသေးတယ်လို့ အမေရိကန်ကားအသင်းကပြောပါတယ်။
မြောက်နှင့်တောင် ဒါကိုတာ၊အိုကလာဟိုမား၊အိုင်အိုဝါနှင့် နေရာအနှံ့မှာ မြင်နိုင်စွမ်းဟာ သုညအဆင့်ရောက်ရှိနေတယ်လို့ သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။ ရေခဲတွေဟာ လမ်းတွေမှာဖုံးလွှမ်းနေလို့ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ ရှိနေတာဖြစ်ပါတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၃၅၂၀ခန့် ဖျက်သိမ်းလိုက်ရပြီး ခရီးစဉ်၁၉၀၀ခန့် နှောင့်နှေးကုန်ပြီး နိုင်ငံတကာလေကြောင်းအချက်အခြာလေဆိပ်တွေဖြစ်တဲ့ နယူးယောက်၊ဆီတဲလ်နှင့် ချီကာဂိုတို့မှာ လူတွေအများကြီး သောင်တင်နေပါတယ်။
အိုင်-၉၀ (အိုင်နိုင်တီး) အမြန်လမ်းမကြီးဟာ တောင်ဒါကိုတာမှာ ပိတ်ထားရပြီး သောကြာနေ့နှောင်ပိုင်းတိုင် ပြန်ဖွင့်ဖို့ မလွယ်သေးဘူးလို့အရာရှိတွေကပြောပါတယ်။
ခရီးသွားလို့ရဖို့အတွက် လမ်းတွေကိုသန့်ရှင်းဖို့ ဝန်ထမ်းတွေ ရနိုင်သမျှစုစည်းလုပ်ဆောင်နေတယ်” လို့ တောင်ဒါကိုတာ သယ်ယူပို့ဆောင်ရေးဌာနကပြောကြားထားပါတယ်။
Source AFP
#US_Historic_Winter_Storm
#70_percent_US_under_Storm
#Climate_change
Page 691 of 1023