#Local_News
Published_ 9 January 2023
လတ်တလောမှာ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကို မကျွေးမွေးမစောင့်ရှောက်နိုင်တော့လို့ လမ်းဘေးမှာပစ်သွားတာမျိုးတွေအဖြစ်များနေတယ်လို့ မြဆည်းဆာဘိုးဘွားရိပ်သာ၊အကျိုးတော်ဆောင် ကိုဇင်မိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_9 January 2023
လက်တလောမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ပိတ်ထားပေမယ့် လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမယ်ဆိုပြီး လိမ်ညာမှုတွေ ရှိနေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 9 January 2023
၁။ လူမှုကွန်ရက်တွင် ပတ်စ်ပို့လုပ်ပေးမည်ဟု ကြေညာပြီး လိမ်လည်မှုများရှိနေ
၂။ သက်ကြီးရွယ်အိုဘိုးဘွားများကို လမ်းဘေးတွင်ပစ်သွားခြင်းများအဖြစ်များနေ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မတ်ပဲနှင့်ပဲတီစိမ်း အများဆုံးတင်ပို့ထား
၄။ (၈,၀၀၀)ကီလိုမီတာကွာဝေးသည့် တောင်အမေရိကမှဖရန့်ချ်ပိုလီနေရှာသို့ အမျိုးသမီး(၆)ဦးလှေလှော်ခရီးစတင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 9 January 2023
တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းမှာရှိတဲ့ မူဆယ်-ရွှေလီ ရဲ့ နယ်စပ်ဂိတ်(၃)ခု ကို တရုတ်ဘက်က ဖွင့်တယ်လို့ ကြေညာပေမဲ့ မြန်မာနိုင်ငံဘက်က ပေးမဖွင့်သေးပါဘူး။
#Yangon_Media_Group
#Local_News
Published_ 9 January 2023
ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ၄င်းတို့စုဆောင်းထားသည့် ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခု ထိန်းသိမ်းခွင့်ပေးအပ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှသိရသည်၊၊
အဆိုပါ ထိန်းသိမ်းခွင့်ပေးအပ်သည့်'ရှေးဟောင်းဝတ္တုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ( ၅)ရက်က ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များနှင့် Bagan Myanmar Group of companies မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ဌာနခွဲညွှန်ကြားရေးမှူးမှ ဦးအောင်ကြည်(အထွေထွေမန်နေဂျာ၊ Bagan Myanmar Group of Companies) ထံသို့ ၎င်းတို့စုဆောင်းထားသည့်ရှေးဟောင်းဝတ္တုပစ္စည်း(၄၆၇)ခုနှင့် ကျောက်ဖြစ်ရုပ်ကြွင်း(၂၂၅)ခုတို့အတွက် ထိန်းသိမ်းခွင့်လက်မှတ်နှင့် ရှေးဟောင်းဝတ္တုပစ္စည်းစာရင်း မှတ်တမ်းစာအုပ်တို့ကိုပေးအပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ၊ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 8 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးမျိုးသော် ဥက္ကဌ(အနော်ရထာပန်းချီပြခန်း) Chairman of Milky Way Group နှင့် အတူ
-"အနော်ရထာပန်းချီပြခန်း"ကို ပန်းချီဆရာတွေအတွက်ဆုံဆည်းရာအဖြစ် 2019 မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း
-မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် နိုင်ငံကျော်ပန်းချီဆရာကြီးများ၏ အဖိုးတန်ပန်းချီကားများနှင့် ရှေးဟောင်းပန်းချီကားကြီးများ သီးသန့်စုစည်းထိန်းသိမ်းပြသထားမည့်"Anawrahta Premium Lounge"ကို အနော်ရထာပန်းချီပြခန်းကြီးမှာ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 January 2023
(၂၀၂၃) ခုနှစ်အတွက် ခွင့်ပြုဘက်ဂျက်နဲ့ မန္တလေးတိုင်း၊ မွန်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးက ဆေးရုံတွေ၊ ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေကို အိတ်ဖွင့်တင်ဒါခေါ်ပြီး ဝယ်ယူလျက်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 674 of 1022