အခုရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ တောင်ကျရေများ စီးဝင်လာနိုင်တာတို့ကြောင့် ရေလှောင်ပမာဏသေးငယ်တဲ့ တမံငယ်တွေ ရုတ်တရက်ရေအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်လို တာဝန်ရှိသူတွေက အနီးကပ်စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများဆောင်ရွက်ဖို့နဲ့ ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့တင်ပြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမှာကြားထားတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#ရေလှောင်တမံ #အနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြား
#YMG/tthl #Yangon_Times
ရာဂိမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွေမှာ မိုးသည်းထန်းစွာရွာသွန်းပြီး ရေဆက်ကြီးနေတဲ့အတွက် ဒီကနေ့မနက်ပိုင်းအထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်
လက်လုပ်ဆောင်နေတယ်လို့ ပရဟိတအသင်းနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
#Local_News
Published 12 September 2024
#ရာဂိမုန်တိုင်းငယ် #ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်
#YMG/NN #Yangon_Times
လေပွေလှိုင်းကြောင့် ဒေသအချို့ သဘာဝဘေးထပ်ကြုံနိုင်တယ်လို့ အထူးမိုးလေဝသသတင်းအဖြစ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 September 2024
#လေပွေလှိုင်း #သဘာဝဘေးထပ်ကြုံနိုင်
#YMG/tthl #Yangon_Times
https://www.facebook.com/share/v/ojevXb3gdTDQhde9/?mibextid=oFDknk
အခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်နေပြီးအခုလအတွင်းမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ဆီက သိရပါတယ်။
#Local_News
Published 11 September 2024
#ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်
#YMG/NN #Yangon_Times
https://www.facebook.com/share/v/2PZ3fVC4YQUMjpk1/?mibextid=oFDknk
ပုပ္ပါးတောင်ဒေသကို ယူနက်စကိုအသိအမှတ်ပြုတဲ့ကမ္ဘာ့အဆင့် ကမ္ဘာလုံးဆိုင်ရာဘူမိဥယျာဉ်ဖြစ်အောင် ဘူမိနယ်မြေ(၁၅)ခုတိုးချဲ့ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 September 2024
#ပုပ္ပါးတောင်ဒေသ #ယူနက်စကိုအသိအမှတ်ပြု
#YMG/tthl #Yangon_Times
https://www.facebook.com/share/v/wsjjqsogzunNhiyW/?mibextid=oFDknk
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးမှာ တည်ရှိတဲ့ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာလေး နှစ်ကောင်အားကြည့်ရှုရန် အပါဝင်သဘာဝအလှများခံစားရန် ပိတ်ရက်မရှိဖွင့်လှစ်ပေးနေတယ်လို့ ယင်းဆင်စခန်းက သိရပါတယ်။
#Local_News
Published 11 September 2024
#ဝင်္ဂဘော်ဆင်စခန်း #ပိတ်ရက်မရှိဖွင့်လှစ်
#YMG/NN #Yangon_Times
https://www.facebook.com/share/v/wCFKcVTJtfXHcAgz/?mibextid=oFDknk
လာမယ့်အောက်တိုဘာ(၁၃)ရက်မှာ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်က တော့ ရုပ်ရှင်သက်ကြီးပညာရှင် (၁၄၀၀)ကျော် (၁၅၀၀)လောက်ကို ပူဇော်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။
#Local_News
Published 11 September 2024
#ရုပ်ရှင်သက်ကြီးပူဇော်ပွဲ #ရုပ်ရှင်သက်ကြီးပညာရှင်
#YMG/tthl #Yangon_Times
Page 7 of 888