Published 13 April 2023
ပြင်သစ်မှ လိုင်စင်လွတ်မော်တော်ယာဉ်ထုတ်လုပ်ရေး 'လီဂျီယာ'ကုမ္ပဏီဟာ ငွေကြေးတတ်နိုင်တဲ့ လူငယ်တွေ ကနေစတင်ပြီး ဈေးကွက်အသစ်ရှာနိုင်ဖို့ ပထမဆုံးလျှပ်စစ်ကားကို ထုတ်လုပ်ပြသလိုက်ပါတယ်။
အရှိန်များလွန်းခြင်း၊ အရက်သေစာကိစ္စတွေကြောင့် ယာဉ်မောင်းလိုင်စင်သိမ်းခံရတဲ့ ယာဉ်မောင်းတွေအတွက် အခွင့်အရေးရလာမှာဖြစ်ပါတယ်။
လိုင်စင်မရှိတဲ့လူတွေအပြင် အရှက်တကွဲမဖြစ်ချင်တဲ့ ဖောက်သည်တွေလည်းရှိနေတာကြောင့် သူတို့နဲ့ကိုက်ညီမယ့် ယာဉ်တွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်လို့ ကုမ္ပဏီစီအီးအို'ဖရန်ဆွိုက်လီဂျီယာ'က ပြောပြခဲ့ပါတယ်။
Source: AFP
#လိုင်စင်လွတ်ပြင်သစ်လျှပ်စစ်ကား
#လီဂျီယာလျှပ်စစ်ကား
#YangonMediaGroup
#Myanmar_News
Published_ 14 April 2023
ရန်ကုန်မြို ဆင်ခြေဖုံးရပ်ကွက်တွေက မြိုနယ်များတွင် ရေကစားသူများကိုတွေ့ရပြီး ရေပက်ခံထွက်သူများနည်းပါးပေမယ့် စတုဒီသာ အလှူအတန်းပြုလုပ်သူများ များပြားလျှက်ရှိကြောင်း သိရပါတယ်။လူနေရပ်ကွက်တချိုနဲ့ ရပ်ကွက်လမ်းသွယ်များတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားတဲ့အုန်းလက် ရေကစားမဏ္ဍပ်များတွက်လူငယ်များနှင့် ကလေးငယ်များ ရေကစားခဲ့ကြပါတယ်။
#Myanmar_News #ymg/ppk
#Yangon_Media_Group #YMG
Published 14 April 2023
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ကို ဧပြီ၁၁ ရက်က သွားရောက်ခဲ့ပြီး တရုတ်စစ်တပ်ရဲ့ မျက်နှာစာအားလုံးမှာ ခေတ်မီအောင် အဆင့်မြှင့်တင်ကြဖို့ အလေးပေး ပြောဆိုသွားတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအပြင် ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ရှီ က မျက်နှာစာအားလုံးခေတ်မီအောင်အဆင့်မြှင့်ဖို့နှင့် လေ့ကျင့်ရေးနှင့် တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင် တိုးမြှင့် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။
Source CCTV+
#တရုတ်သမ္မတရှီကျင့်ဖျင်
#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်_တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)နှင့် အတူ...
တစ်ခေတ်တစ်ခါက ရန်ကုန်သင်္ကြန်မှာ နာမည်ကြီးခဲ့တဲ့ သံချပ်မင်းသားကြီးတွေဖြစ်တဲ့ ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)တို့က သူတို့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ် ရန်ကုန်သင်္ကြန်အကြောင်း ဗဟုသုတဖြစ်စရာ ပြန်ပြောင်းပြောဆိုထားကြပါတယ်။
-သံချပ်ကို ၁၉၈၈ခုနှစ်က စလုပ်ခဲ့တာဖြစ်ပြီး သံချပ်ရေးသူတွေက ပြည်သူတွေခံစားနေရတဲ့အကြောင်းအရာအမှန်ကို တင်ပြခြင်းမျှသာဖြစ်ပြီး သံချပ်ယဉ်ကျေးမှု မပပျောက်စေလိုကြောင်း
-၂၀၁၉ခုနှစ်မှာ "ပြည်သူ့မော်ကွန်း " သံချပ်အဖွဲ့ ဖွဲ့ပြီး အနှစ်သာရရှိတဲ့ သံချပ်ဆက်လက်ရှင်သန်ဖို့ လူငယ်တွေကို သင်ကြားပေးလျှက် ရှိကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
Published_ 13 April 2023
သင်္ကြန်အကြိုနေ့ဧပြီလ(၁၃)ရက်မှာရခိုင်တိုင်းရင်း သားတိုရဲ့ ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြိုရှိရခိုင်ပြည်နယ်ဓမ္မာရုံမှာရိုးရာအစဥ်အလာမပျက်ကျင်းပခဲ့ပါတယ်၊၊
ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲဖွင့်ပွဲကိုနမောတဿသုံးကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်၊၊
ymg/ppk
Yangon-Media-Group
#ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ
#မြန်မာသင်္ကြန်၂၀၂၃
Page 584 of 1019