၁၉ ဇူလိုင် ၂၀၂၄
ကမ္ဘာအနှံ့ မိုက်ခရိုဆော့ဖ် ပြတ်တောက်မှုကြီးဖြစ်ပွားခဲ့လို့ ကမ္ဘာတစ်လွှားရှိ လေယာဉ်ခရီးစဉ်တွေ၊ဘဏ်တွေ၊မီဒီယာလုပ်ငန်း တွေနှင့် ကုမ္ပဏီ တွေ လုပ်ငန်းတွေရပ်တန့်မှုကြုံတွေ့နေရပါတယ်။
မိုက်ခရိုဆော့ ရဲ့ Microsoft 365 အက်ပလီကေးရှင်းနှင့်ယင်းရဲ့ လုပ်ငန်းတွေဝင်ရောက်ဆောင်ရွက်တဲ့အပေါ် အကျိုးသက်ရောက်နေတဲ့အပေါ် တဖြည်းဖြည်းချင်းပြန်လည်ပြုပြင်နေပြီးလို့ ကုမ္ပဏီက ကြေညာခဲ့ပေမယ့် ပြတ်တောက်မှု တွေကတော့ နာရီများစွာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။
Visa၊ ADT security ၊ Amazonနှင့် အမေရိကန်လေကြောင်းလိုင်းနှင့် ဒဲလ်တာလေကြောင်းလိုင်းအပါအဝင် လေကြောင်းလိုင်းတွေမှာ ပြတ်တောက်မှုကျယ်ပြန့်လာနေတယ်လို့ DownDectector ဝက်ဘ်ဆိုက်က ထောက်လှမ်း ဖော် ထုတ်ထားပါတယ်။
ဩစတြေလျနိုင်ငံမှာ လေကြောင်းလိုင်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနှင့်ဘဏ်တွေ ပြီးတော့ အသံလွှင့်လုပ်ငန်းတွေဟာ ကွန်ပျူတာစနစ်ထဲ ဝင်ရောက်လို့မရတဲ့အတွက် အလုပ်တွေပြတ်တောက်နေပြီး နယူးဇီလန်မှာလည်း ဘဏ်တွေ အွန်လိုင်း ဝင်မရဖြစ်နေတယ်လို့ မီဒီယာတွေက သတင်းရေးသားပါတယ်။
မိုက်ခရိုဆော့ဖ်က ပြန်တောက်မှုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မဖြေရှင်းထားသေးပါဘူး။
လက်ရှိအခြေအနေမှာတော့ လေကြောင်းလိုင်းနှင့်လေဆိပ်တွေမှာ စနစ်ပြတ်တောက်မှုတွေပိုမိုများပြားလာနေပါတယ်။
အမေရိကန်မှာ ယူနိုက်တက်၊အမေရိကန်၊ဒဲလ်တာနှင့် အလီဂျိုင်းယန့်လေကြောင်းလိုင်းလေယာဉ်တွေအားလုံး မြေချထား ရပါတယ်။
ဗြိတိန်မှာ လေကြောင်းလိုင်းတွေ၊ရထားခရီးစဉ်တွေနှင့်ရုပ်မြင်သံကြားဌာနတွေမှာ ကွန်ပျူတာပြဿနာကြောင့် အလုပ်တွေ ပြတ်တောက်နေပါတယ်။
ဥရောပနှင့်ဂျာမနီနိုင်ငံတွေမှာလည်း အလားတူအခြေအနေတွေနှင့်ကြုံတွေ့နေရပါတယ်။
ဈေးဝယ်သူတွေဟာလည်း ဘဏ်ကတ်တွေနှင့်ငွေချေလို့မရဖြစ်နေပါတယ်။နယူးဇီလန်က ဘဏ်ကြီးနှစ်ဘဏ်ဖြစ်တဲ့ ASB နှင့် Kiwibankတွေ ရဲ့ဝန်ဆောင်မှုတွေရပ်သွားနေကြောင်းလည်းသိရှိရပါတယ်။
Source AP
၂၃ ဇွန် ၂၀၂၄
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံ တောင်ပိုင်း ဒေါင်ဂွမ်မြို့မှာကျင်းပတဲ့ ယင်းရဲ့ နှစ်ပတ်လည် developer ဒက်ဗလိုပါ ကွန်ဖရင့်မှာ နယ်ပယ်စုံသုံးလို့ရမယ့် ဉာဏ်ရည်တုနည်းပညာ အသုံးချမှု အသစ်တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။
Source CCTV+
၁၆ ဇွန် ၂၀၂၄
တရုတ်နိုင်ငံမှ ပုဂ္ဂလိက အာကာသကုမ္ပဏီတစ်ခုဟာ ထိုင်းတက္ကသိုလ်တစ်ခုနှင့် ပုးပေါင်းပြီး ပတ်လမ်းနိမ့် ဂြိုဟ်တု အင်တာနက် လှိုင်းကျယ်ဆက်သွယ်ရေး ကွန်ယက်တစ်ခုကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ပတ်လမ်းနိမ့် လှိုင်းကျယ် ဂြိုဟ်တုအင်တာနက်စနစ်တစ်ခုကို နိုင်ငံရပ်ခြားမှာ ပထမဦးဆုံးအဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV+
၅ ဇွန် ၂၀၂၄
ပါလက်စတိုင်းလူမျိုးတွေတင်တဲ့ အင်စတာဂရမ်ပို့စ်တွေကို နှိမ်နှင်းပစ်တဲ့ ကွန်ပျူတာပိုးBugတွေကို ပြင်ပေး တဲ့အတွက် သူ့ကိုအလုပ်ကထုတ်လိုက်တယ်လို့ဆိုပြီး အလုပ်ထုတ်ခံရတဲ့ Meta ကုမ္ပဏီရဲ့ အင်ဂျင်နီယာ တစ်ဦးက ကုမ္ပဏီကို ဇွန်လ ၄ရက်နေ့က တရားစွဲလိုက်ပါတယ်။
Meta ရဲ့ စက်သင်နည်းပညာ machine learning အဖွဲ့မှာ ၂၀၂၁ခုနှစ်ကတည်းက အလုပ်ဝင်ခဲ့တဲ့ မစ္စတာ ဖာရာ့စ်ဟာမက်က ကာလီဖိုနီးယားအခြေစိုက် ဖေ့စ်ဘုတ်နှင့်အင်စတာဂရမ်တွေရဲ့ မိခင်ကုမ္ပဏီ Meta ကို ပြည်နယ်တရားရုံးမှာ ခွဲခြားဆက်ဆံခြင်း၊မှားယွင်းစွာ အလုပ်ရပ်ဆိုင်းခြင်းနှင့် ဖေဖော်ဝါရီလက သူ့ကို အလုပ်ထုတ်ပစ်တဲ့အပေါ် မှားယွင်းပြုကျင့်မှုများအပေါ် တရားစွဲလိုက်တာဖြစ်ပါတယ်။
Meta ဟာ ဝန်ထမ်းတွေ ကုမ္ပဏီတွင်း အချင်းချင်းအပြန်အလှန်ဆက်သွယ်ပေးပို့ရာမှာ ဂါဇာမှာသေဆုံး ကြရတဲ့ သူတို့ဆွေမျိုးသားချင်းတွေအကြောင်းဖော်ပြတာတွေကို ဖျက်ပစ်ခဲ့ပါတယ်။အဲဒီအပြင် ပါလက် စတိုင်းအလံ အီမိုဂျီကိုသုံးတဲ့ဝန်ထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ကုမ္ပဏီဟာ အစ္စရေး ဒါမှမဟုတ် ယူကရိန်းအလံ အီမိုဂျီတွေတင်တဲ့ ဝန်ထမ်းတွေကိုတော့ မည်သည့် စုံစမ်းစစ်ဆေးမှုတွေမှမလုပ်ခဲ့ပါဘူးလို့ တရားစွဲဆိုတိုင်းတန်းချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဟာမက်ရဲ့တရားစွဲမှုနှင့်ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်အပေါ် ကုမ္ပဏီက မတုန့်ပြန်ပါဘူး။
၂၀၂၃ခုနှစ် စစ်ဖြစ်ကတည်းက Meta ဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဖော်ပြချက်တွေကိုနှိပ်ကွပ်တယ် ဆိုပြီး များလှစွာသောစွပ်စွဲချက်တွေနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ကုမ္ပဏီရဲ့ ဝန်ထမ်း၂၀၀နီးပါကးကလည်း အဲဒီပြဿနာကို အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ထံ နှင့် ကုမ္ပဏီခေါင်းဆောင်တွေထံ အိပ်ဖွင့်စာတစ်စောင်ပေးခဲ့ဖူးပါတယ်။
Source Reuters
၂ ဇွန် ၂၀၂၄
ဆားကိုလျှော့စားဖို့ အခက်အခဲဖြစ်နေရသူတွေအတွက် ဆားအငန်ဓာတ်အရသာကို လျှပ်စစ်လှုံ့ဆော် မှုမှတစ်ဆင့် တိုးမြှင့်ပေးနိုင်မယ့် ဇွန်းတစ်မျိုးကို ဂျပန်နိုင်ငံမှာ ကီရင်ဟိုးလ်ဒင်းကုမ္ပဏီက မေလမှာ ဈေး ကွက်တင်ရောင်းချနေပြီဖြစ်ပါတယ်။
“ လျှပ်စစ်ဆားဇွန်း” လို့အမည်ပေးထားတဲ့ အဲဒီဇွန်းဟာ ဇွန်းရဲ့ထိပ်ဖျားကနေတစ်ဆင့် အားနည်းတဲ့ လျှပ်စီး ဖြတ်စီးစေခြင်းဖြင့် အလုပ်လုပ်ပေးပါတယ်။ အသုံးပြုသူတွေဟာ သူတို့နှစ်သက်တဲ့ အငန်ဓာတ်အဆင့်ကို လေးဆင့် အထိရွေးချယ်ပေးနိုင်တယ်လို့ အဆိုပါကုမ္ပဏီကပြောပါတယ်။
ကုမ္ပဏီက အဆိုပါ တူလိုပုံစံမျိုး ကိရိယာကလေးကို တီထွင်ထားတယ်လို့ ၂၀၂၂ကပြောဆိုထားခဲ့ပါတယ်။ ယခု ဇွန်းတစ်ချောင်းကို ယန်းငွေ ၁၉၈၀၀ ( အမေရိကန်ဒေါ်လာ ၁၂၆ ) နှင့်ရောင်းချပေးနေပါတယ်။
အဲဒီ လျှပ်စစ်ဆားဇွန်းကို ယမန်နှစ်က အဟာရဆိုင်ရာနိုဗယ်ဆုပူးတွဲရရှိခဲ့တဲ့ မေဂျီတက္ကသိုလ် ပါမောက္ခ ဟိုမေ မီယာရှီတာနှင့်အတူပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီဟာ မေလ ၂၀ရက်ကစပြီး အွန်လိုင်းကနေ အမှာတွေလက်ခံပေးနပါတယ်။ ယခု လောလောဆယ် ဇွန်းအချောင်း ၂၀၀ ရောင်းဖို့ရှိနေပါတယ်။
ဂျပန်နိုင်ငံမှာ ဆားအလွန်အကျွံစားသုံးခြင်းဟာ အရေးတကြီး ကျန်းမာရေးပြဿနာဖြစ်လာနေပါတယ်။ အသက်၂၀နှင့်အထက် လူတစ်ယောက်ဟာ တစ်ရက်ကို ဆား ၁၀ဂရမ် ပျှမ်းမျှစားသုံးနေပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံပေးထားတဲ့ ပမာဏထက် ၅ ဂရမ်များနေပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကသိရပါတယ်။
ဒါပေမယ့် ဆားလျှော့ထည့်ဖို့ကြိုးစားတဲ့သူတွေဆီက “ဟင်းလျာတွေက ဘာမှအရသာမရှိဘူး” ဆိုတဲ့ ညည်းညူသံတွေကြားလာနေရပါတယ်လို့ ကီရင်ကပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်စစ်တမ်းမှာဖော်ပြထားပါတယ်။
“ ဒီကိရိယာကလေးကနေ လူတွေဟာ အရသာရှိတဲ့ နည်းလမ်းတစ်ခုအနေနှင့် လူ့ဘဝဟန်ပန်ကို တိုးတက် စေလာနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ ကုမ္ပဏီကပြောပါတယ်။
Source Japan Times
၂ ဇွန် ၂၀၂၄
ဘိုအင်းရဲ့ ပထမဆုံးသော အအာကာသယာဉ်မှူး ခရီးစဉ်ဟာ လွှတ်တင်ဖို့ မိနစ်အနည်းငယ်အလိုမှာ ဖျက်သိမ်းလိုက်ရပြီး အဲဒီလိုဖျက်သိမ်းလိုက်ရတာကြောင့် ဆက်တိုက်အလုပ်တွေနောက်ကျကုန်ပါတယ်။
ဘိုအင်းရဲ့ စတားလိုင်နာ အာကာသယာဉ်အခန်းထဲကို နာဆာရဲ့ အာကာသယာဉ်မှူးနှစ်ဦးက နေရာယူထားပြီးချိန် လွှတ်တင်ဖို့ သုံးမိနစ်နှင့် ၅၀စက္ကန့်အလိုမှာ ကွန်ပျူတာစနစ် ချို့ယွင်းသွားခဲ့တာဖြစ်ပါတယ်။
ဒုံးလွှတ်စင်အနီးမှာရှိတဲ့ ကွန်ပျူတာအများကြီးတွေထဲက တစ်ခုကြောင့် နှောင့်နှေးခဲ့ရတာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထပ်မံလွှတ်တင်ဖို့ ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။
နာဆာက ဘိုအင်းကို အာကာသစခန်းထဲ လူတွေကိုသယ်ပို့ပေးမယ့် ဒုတိယမြောက်ကုမ္ပဏီအဖြစ် သတ်မှတ်ဖို့ကြိုးစား နေတာဖြစ်ပြီး ပထမဆုံးအဖြစ် အယ်လ်လွန်မတ်စ်ရဲ့ စပေ့အိတ်ချ်က လွန်ခဲ့တဲ့လေးနှစ်က အလားတူခရီးမျိုး လွှတ်တင်ခဲ့ပြီး ဖြစ် ပါတယ်။
ဘိုအင်းဟာ ဒုတိယအကြိမ်မြောက်ကြိးစားမှုအဖြစ် ယခုလွှတ်တင်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဘိုအင်းရဲ့ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာနှောင့်နှေးနေခဲ့တာပါ။
Source: Wires
#RegionNews
၃၀ မေ ၂၀၂၄
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ အပူချိန်ကို ၅၂.၉ ဒီဂရီ ဆဲလ်ဆိယတ်စ် ရှိလာတယ်လို့ အိန္ဒိယ မိုးလေဝသဌာနရဲ့ အပူချိန်ထုတ်ပြန်မှုကြောင့် အကြီးအကျယ်တုန်လှုပ်သွားပြိး အဲဒီအပူချိန်ဖတ်ထားမှုကို ပြန်လည်စစ်ဆေးဖို့လိုအပ်ကာ ဒါဟာ အမှားတစ်ခုခုကြောင့်ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနနှင့် ပြည်ထောင်စုဝန်ကြီး ကီရင်ရီဂျီဂျူးက ပြောပါတယ်။
“ဒေလီရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၅.၂ မှ ၄၉.၁ ဒီဂရီဆဲဆိယတ်စ်ကြားရှိတယ်လို့ မြို့ရဲ့ ကွဲပြားတဲ့နေရာတွေကနေ ဖတ်ယူရရှိ ပေမယ့် မန်ဂက်စ်ဖာက အပူချိန်ဖတ်စခန်းက ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ အခြားစခန်းတွေနှင့်မတူပဲရရှိတယ်။ ဒါဟာ အပူချိန် တိုင်း အာရုံခံကိရိယာရဲ့ အမှားတစ်ခုခု ဒါမှမဟုတ် အခြားအကြောင်းအချက်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်” လို့ အိန္ဒိယ မိုးလေ ဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
“စခန်းတစ်ခုတည်းရဲ့အပူချိန်က အဲဒီလောက်မြင့်နေတယ်ဆိုတာ မဟုတ်လောက်တဲ့အတွက် အပူချိန်ဖတ်ထားတာတွေကို ပြန် ပြီးစစ်ဆေးရလိမ့်မယ်” လို့ ပြည်ထောင်စုဝန်ကြီးကီရင်က အရာရှိတွေကိုညွှန်ကြားပါတယ်။
အင်္ဂါနေ့က မန်ဂက်စ်ဖာမိုးလေဝသစခန်းက ဒေလီရဲ့အပူချိန်ကို ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ ကြေညာခဲ့တာဖြစ်ပြီး ယခင်ရက် ထက် ၃ ဒီဂရီခုန်တက်ခဲ့တာဖြစ်ပါတယ်။
Source NDTV
Page 2 of 20