#Local_News
Publised 11 April 2024
တရုတ်-မြန်မာပူးပေါင်းပြီး အွန်လိုင်းလောင်းကစားမှုများအပြင် အွန်လိုင်းလိမ်လည်မှုများကိုလည်းပူးတွဲ၍ ဆက်လက်တိုက်ဖျက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
ယင်းကဲ့သို့ တိုက်ဖျက်မည့်အကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဧပြီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုးတက်မှုများရရှိခြင်းကို အပြုသဘောဆောင်စွာ သုံးသပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိုင်းစွာဖော်ဆောင်သွား၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #တရုတ်-မြန်မာ #အွန်လိုင်းလောင်းကစားမှု #tthl #Yangon_Times
၅ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် Chen Hai သည် မြန်မာအတာသင်္ကြန် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူးဂါရဝပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ထို့အပြင် တရုတ်သံရုံး ဒုတိယသံအမတ်ကြီး Cao Jing သည် ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် မြန်မာတရုတ်ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းအောင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ကြောင်းသိရပါတယ်။
-ymg/knl
၄ ဧပြီ ၂၀၂၄
တရုတ်နိုင်ငံ တောင်ပိုင်းတိုင်းတပ်ပေါင်းစုဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်တလျောက်မှာ အင်္ဂါနေ့ကမြေပြင်နှင့်ဝေဟင် ကျည် အစစ်သုံး စစ်ရေးလေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကို အင်္ဂါနေ့ မနက် ၈နာရီမှာစတင်ခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီအထိ ကြာမြင့်မယ်လို့ ရည်မှန်း ထားကြပါတယ်။ စစ်ရေးလေ့ကျင့်ရာမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တယ်ဟုန်နှင့်ဂျင်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တွေဖြစ်တဲ့ ရှီမာ၊နွန်ကျန်း၊ လောင်ပါနှင့် ကျန်ဖန်းတို့ ပါဝင်ပါတယ်လို့ တောင်ပိုင်းတိုင်း တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Source CCTV+
၂ ဧပြီ ၂၀၂၄
မြန်မာရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို မတ်လ ၃၁ရက်က တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာနှင့်တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးအတွက် ပထမဆုံး ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာမှာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုသံသယတရားခံ ၈၀၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV+
၁ ဧပြီ ၂၀၂၄
နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်သို့ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်ကို ဧပြီလ(၁)ရက် နံနက် ပိုင်းတွင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ ပါဝင်ဆောင်ရွက်ပေးနေမှုများအပါအဝင် မြန်မာ့ နိုင်ငံရေးအခြေအနေများ ဆွေးနွေးခဲ့ကြပါတယ်။
နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပတဲ့ အဆိုပါတွေ့ဆုံမှုမှာ နစကအစိုးရဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်ထွန်းနောင်၊ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှရေး ရာအထူး ကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ အနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှု များနှင့် အွန်လိုင်းလိမ် လည်မှုများပပျောက်စေရေးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာရှရေးရာအထူးကိုယ်စားလှယ်သည် တရုတ်နိုင်ငံ၊ကူမင်းမြို့တွင်ကျင်းပလျက်ရှိနေသည့် မြန်မာနိုင်ငံ၏ အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေး နေသူဖြစ်ကြောင်းသိရှိရ ပါတယ်။
-ymg/knl
၁၀ မတ် ၂၀၂၄
ရုရှားရဲ့ပထမဦးဆုံး ပြည်တွင်းမှာမွေးဖွားတဲ့ ပန်ဒါပေါက်ကလေး ကက်ယူရှားကို သောကြာနေ့က မော်စကို တိရိစ္ဆာန်ဥယျဉ်မှာ အများပြည်သူတွေကို ထုတ်ပြပြီး ပရိဿတ်တွေနှင့်ပေးတွေ့ခဲ့ပါတယ်။
အဲဒီပန်ဒါပေါက်ကလေးဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက မော်စကိုကိုရောက်ရှိလာတဲ့ ပန်ဒါမကြီး တင်တင်နှင့် ပန်ဒါထီးကြီး ရုယီတို့က နှင့်မွေးဖွားလာတာဖြစ်ပါတယ်။
Video:CCTV+
တရုတ်ပြည်အစိုးရရဲ့ အကြီးမားဆုံး အဖွဲ့အစည်းယန္တရားဖြစ်တဲ့ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်(NPC)က ဒုတိယအစည်းအဝေးကို အင်္ဂါနေ့နံနက်ပိုင်းက ပေကျင်းရှိ ပြည်သူ့ခန်းမကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုတပ်မတော်ကော်မရှင် ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖင်၊ အခြားသော တရုတ်ခေါင်းဆောင်များနဲ့ အတူ NPC ပုဂ္ဂိုလ်ပေါင်း ၂၈၇၂ ဦးတို့ ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
#Asia_Politics
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 11 of 39