#LocalNews
Published_ 11 December 2022
နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၀၀)ဦးကိုBank of China(Hong Kong)၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းအနေဖြင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့အတူ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen ၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao ၊ Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဌ Mr. Liu Ying နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာ၌ Bank of China က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသစ်များကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် တရုတ်ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် လူမှုရေးတာဝန်များ တက်တက်ကြွကြွ ထမ်းဆောင်မှု၊ ပြည်သူများအား အကျိုးပြုမှုကို ထင်ဟပ်နေကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းများနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးရန် ထောက်ခံအားပေးကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယင်းစီမံကိန်းသည် အကျိုးခံစားခွင့်ရသော ကျောင်းသားကျောင်းသူများကို အကျိုးပြုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အားဖြည့်ပေးသည့်အတွက် မြန်မာနိုင်ငံမှ များစွာချီးကျူးကြောင်း ပြောကြားသည်။
Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao က ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Published 9 Dec 2022
ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ရီယတ်မှာရှိတဲ့ အယ်ယာမာမား အိမ်တော်မှာ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟာမက်ဘင်ဆယ်မန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်းဟာ ဘုရင်ဘင်အက်ဒူလာဇစ်အယ်ဆော့ ကိုယ်စား သမ္မတရှီကို နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး တရုတ်ကွန်မြူနနစ်ပါတီရဲ့ အကြိမ်(၂၀)ကြိမ်မြောက်ပါတီညီလာခံအောင်မြင်မှုနှင့် တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ဆက်အရွေးခံရတဲ့ ရှီကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ အာရပ်နှင့် အစ္စလမ်ကမ္ဘာရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောဆိုခဲ့တဲ့အပြင် ဝင်ရိုးစုံ ကမ္ဘာကြီးအတွက် အဓိကကျပြီး အမှီအခိုကင်းတဲ့ အင်အားတစ်ခုနှင့် တရုတ်နိုင်ငံရဲ့ အရေးကြီးပြီး မဟာဗျူဟာမြောက်တဲ့ အရှေ့အလယ်ပိုင်းမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း ရှီက အလေးပေးပြောဆိုခဲ့ပါတယ်။
မကြာသေးခင်နှစ်များအတွင်းတရုတ်နှင့် ဆော်ဒီအာရေဗျ ဆက်ဆံရေးဟာ အဆင့်မြင့် ဖွံဖြိုးတိုးတက်မှု ထိန်းသိမ်း ထားတယ်။ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အခြေအနေတွေက အလွန်လေးနက်သိမ်မွေ့ပြီး ရှုပ်ထွေးနေတာတွေက တရုတ်နှင့်ဆော်ဒီအာရေဗျဆက်ဆံရေးမှာ မဟာဗျူဟာမြောက်နှင့်ဆက်စပ်လွှမ်းခြုံအရေးပါမှုတွေဟာ ပိုပြီး ထင်ရှားပေါ်လွင်လာတယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်ကပြောပါတယ်။
ဆော်ဒီအာရေဗျရဲ့ အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့်တည်ငြိမ်ရေးမြှင့်တင်ဆောင်ရွက်နေတာတွေနှင့် နိုင်ငံအခြေအနေနှင့်ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆောင်ရွက်နေတာတွေကို တရုတ်က ထောက်ခံအားပေးတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
တရုတ်ဟာစွမ်းအင်မူဝါဒနှင့်ပတ်သက်လို့ ဆော်ဒီအာရေဗျနှင့် ပူးပေါင်းဆောင်ရွက်ဆက်ဆံမှုတွေတိုးမြှင့်သွားမှာဖြစ်ပြီး ရေနံစိမ်းကုန်သွယ်မှုတွေတိုးမြှင့်မယ်လို့ ရှီကဆက်လက်ပြောပါတယ်။ တရုတ်-ဆော်ဒီ ဂူလိုင်း အီသာလင်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်မယ်လို့ သူကပြောပါတယ်။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်းကလည်း ဆော်ဒီအာရေဗျနှင့် တရုတ်တို့ဟာ အလွန်ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေးကို အကျိုးခံစားနေကြတယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျဟာ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့ ပြည့်စုံကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း အိမ်ရှေ့ မင်းသားက ဆက်လက်ပြောဆိုပါတယ်။
တရုတ်စီးပွားရေးဟာ ရှင်သန်အားကောင်းနေပြီး ဆော်ဒီအာရေဗျဟာလည်း ၂၀၃၀ မျှော်မှန်းချက်ကို အကောင်အထည် ဖော်နေတယ်လို့ အိမ်ရှေ့မင်းသားက ပြောပါတယ်။ အဲဒီအပြင် ဆော်ဒီအာရေဗျနှင့် တရုတ်နှစ်နိုင်ငံအကြား အပြန်အလှန်ထောက်ခံအားပေးမှုမြှင့်တင်ဖို့ နှင့် ကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်ကို ပိုမြင့်မားတဲ့အဆင့် မြှင့်တင်ဖို့လည်း အိမ်ရှေ့မင်းသား ကဆက်ပြောပါတယ်။
တရုတ်သမ္မတရှီရဲ့ ခရီးဟာ ဆက်ဆံရေးသမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်လာပြီး နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေးပိုမို အောင်မြင်မှု ဖြစ်ထွန်းလိမ့်မယ်လို့လည်း အိမ်ရှေ့မင်းသားက ပြောပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲရေး စောင့်ကြပ်နေတာတွေကို ဆော်ဒီအာရေဗျကထောက်ခံတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တရုတ်နှင့်ဆော်ဒီအာရေဗျတို့ဟာ အဆင့်မြင့် ပူးတွဲကော်မတီကို ဝန်ကြီးချုပ်အဆင့်တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီ့အပြင် Belt and Road ပူးပေါင်းဆောင်ရွက်မှု၊ တရားရေး၊ပညာရေး၊ဟိုက်ဒရိုဂျင်စွမ်းအင်၊ရင်းနှီးမြှပ်နှံမှု၊ အိမ်ရာ တည်ဆောက်ရေးအပါအဝင်အခြားနယ်ပယ်များမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရှီဟာ ကင်းဆော့ တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို တော်ဝင်နန်းတော်မှာ လက်ခံခဲ့ပြီး အဲဒီပွဲကို ဆော်ဒီအိမ်ရှေ့မင်းသားလည်း တက်ရောက်ခဲ့ပါတယ်။
Source: CCTV+
#Saudi Arabia-Xi_Visit
#Mohammed_bin_Salman
#Saudi_China_Relations
Published 1 December 2022
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဒီဇင်ဘာ (၁)ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ အထူးလေယာဉ်ဖြင့် မြို့တော်ဘေဂျင်းကို သယ်ဆောင်လာခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်နှင့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်တွေဟာ ကျန်ရဲ့ ရုပ်အလောင်းကို လေဆိပ်မှာ လက်ခံရယူခဲ့ကြပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း ကျန်ဇီမင်း အောက်မေ့ဘွယ်အခမ်းအနားကို လာမယ့် အင်္ဂါနေ့မှာ ဘေဂျင်းမြို့တော်တွင် ကျင်းပသွာမှာဖြစ်ပါတယ်။
ဘေဂျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ အဲဒီနေ့ မနက်၁၀နာရီမှာ အခမ်းအနားစတင်မှာဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မယ်လို့ ဈာပနကော်မတီကပြောပါတယ်။
Source CCTV+/CGTN
#Jiang_Zemin's_remains
#Jiang_Zemin-Memorial
#Xi_Jinping
Published 30 Nov 2022
✅ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ နိုဝင်ဘာ (၃၀)ရက် ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်ခဲ့
✅ သူဟာ သွေးကင်ဆာနှင့် အခြားသော ကိုယ်တွင်းအင်္ဂါတွေချို့ယွင်းမှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးချိန်မှာ (၉၆)နှစ်ရှိပြီဖြစ်ကြောင်း တရုတ်မီဒီယာကသတင်းထုတ်ပြန်
✅ ကျန်ဟာ မွန်းလွဲ ၁၂နာရီ ၁၃မိနစ်မှာ သူ့ဇာတိရှန်ဟိုင်းမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ကြောင်းကို တရုတ်ကွန်မြူနစ်ပါတီ၊ ပါလီမန်၊အစိုးရအဖွဲ့နှင့် တပ်တို့က ပြည်သူများထံကြေညာခဲ့
✅ “ ရဲဘော်ကျန်ဇီမင်းကွယ်လွန်ခြင်းဟာ ကျွန်ုပ်တို့ပါတီ၊ စစ်တပ်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ကြီးမားပြီး နှိုင်းဆမရသော ဆုံးရှုံးမှုကြီးဖြစ်ပါတယ်” လို့ စာထဲမှာဖော်ပြပြီး အလွန်ကြေကွဲဝမ်းနည်းရတယ်လို့ထုတ်ပြန်
✅ “ ကျွန်ုပ်တို့၏ ချစ်လှစွာသော ရဲဘော်ကြီး ကျန်ဇီမင်းသည် အလွန်ထူးချွန်ပြောင်မြောက်ပြီး ဂုဏ်မြင့်မားသော ခေါင်းဆောင်တစ်ဦး၊ ကြီးမြတ်သော မက်စ်ဝါဒီတစ်ဦး၊ နိုင်ငံအရေးသမားတစ်ဦး၊စစ်မဟာဗျူဟာသမားတစ်ဦးနှင့် ရေရှည်အစမ်းသပ်ခံသည့် ကွန်မြူနစ်တိုက်ပွဲဝင်သူတစ်ဦး” လို့လည်းဖော်ပြထား
Source Reuters
#Jiang_Zemin_Dies
#Jiang_Zemin
#China_Politics
နိုဝင်ဘာ ၁၅ ရက်နေ့တွင် G-20 ခေါင်းဆောင်များရဲ့ (၁၇) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပခဲ့ရာ တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်ပြီး အရေးပါ သည့် အမှာစကားကို ပြောကြားခဲ့ပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီ(၂၀) ကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ကရက် အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံထိပ်သီးခေါင်းဆောင်အနေနဲ့ ပထမဦးဆုံး အကြိမ် ကမ္ဘာ့ထိပ်သီးနိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဉာဏ်အမျှော်အမြင်နဲ့ လက်ရှိကမ္ဘာ့အခြေအနေများကို ဘက်စုံသုံးသပ်ကာ တစ်ကမ္ဘောလုံးရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဘို့ “အတူတကွအားကောင်းပြီး၊ ပြန်လည်ဦးမော့လာရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပတဲ့ G-20 ခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် လာခြင်းလည်း ဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံအသီးသီးက မျှော်လင့်မှုများ ရှိနေ ပါတယ်။ အားလုံးရဲ့စိတ်ဝင်တစား စောင့်ကြည့်မှုများကြားမှာ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အရေးပါ တဲ့ အမှာစကားပြောကြားခဲ့ကာ တရုတ်နိုင်ငံရှုထောင့်ကနေ လက်ရှိနိုင်ငံတကာအခြေအနေများကို သုံးသပ်တင်ပြခဲ့သလို လက်ရှိအခြေအနေကို “ဘယ်လို သုံးသပ်မလဲ။” ၊ “ဘယ်လိုလုပ်ကိုင်ကြမလဲ” ဆိုတဲ့ အရေးကြီးပြဿနာများကို ရှင်းလင်းတိကျစွာ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် “ ခေတ်ရဲ့ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်၊ လှပတဲ့အနာဂတ်ကို အတူတကွ တည်ဆောက်” ဆိုတဲ့ တရုတ် နိုင်ငံရဲ့ဆော်ဩချက်ကိုလည်း ကမ္ဘာက သိအောင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကြီးမှာ ရာစုနှစ်ပေါင်းများစွာ မကြုံစဖူးတဲ့ အပြောင်းအလဲများနှင့် ရင်ဆိုင်နေချိန်မှာ “ဘယ်လို လက္ခဏာတွေ ဖော်ပြနေသလဲ” ဆိုတဲ့ မေးခွန်အပေါ် တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ကမ္ဘာ့အပြောင်းအလဲ ခေတ်စနစ်အပြောင်းအလဲ သမိုင်းကြောင်း အပြောင်းအလဲတို့ကို အတွင်းကျ ကျ သုံးသပ်တင်ပြခဲ့ပါတယ်။ ကိုဗစ်(၁၉) ကပ်ရောဂါတစ်ငွေ့ငွေ့ ဆက်လက်ဖြစ်ပွားနေချိန် ကမ္ဘာ့ စီးပွားရေး အထိမခံနိုင် ပိုမိုဖြစ်လာနေချိန် ပထဝီနိုင်ငံရေးပိုမိုတင်းမာလာချိန် ကမ္ဘာ့အုပ်ချုပ်မှုစနစ် လိုအပ်ချက် ပိုမိုသိသာလာချိန် ကမ္ဘာ့အုပ်ချုပ်မှုစနစ်လိုအပ်ချက် ပိုမိုသိသာလာချိန် စားနပ်ရိက္ခာနဲ့ လောင်စာပြဿနာကြီးထွားလာချိန်မှာ အန္တရာယ်ရန်စွယ်တွေ ရှုပ်ထွေးပွေလီနေသလို လူသားများရဲ့ တိုးတက်မှုဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လမ်းဆုံလမ်းခွရောက်နေတဲ့ ကျွန်တော်တို့ကမ္ဘာ့ကြီး “ဘယ်လမ်းရွေးမလဲ” ဆိုတဲ့ မေးခွန်အပေါ် တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် လမ်းမှန်တစ်ခုကို ညွှန်ပြခဲ့ပါတယ်။ သူက “လူသားများရဲ့တူညီတဲ့ အနာဂတ်အတွက်ဆိုတဲ့အသိစိတ်နဲ့ ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အတူတကွ အောင်မြင်ဖြစ်ထွန်းရေးဆိုတဲ့ လမ်းကြောင်းကို လျှောက်လှမ်းကြဘို့ သွေးကွဲမှုကို စည်းလုံးခြင်းနဲ့အစားထိုး အပြန်အလှန်ထိုးနှက်မှုကို ပူးပေါင်းဆောင် ရွက်မှုနဲ့အစားထိုး တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့စိတ်ဓာတ်ကို ထွေးပိုက်မှုနဲ့ အစားထိုးဖို့။” “ တို့ ကမ္ဘာ့ကြီးဘာလဲ၊ ဘယ်လဲ။” ဆိုတဲ့ ကျွန်တော်တို့ ပုခုံးပေါ်ကျရောက်လာတဲ့ သမိုင်းပေးမေးခွန်းပုဒ် စာကို အတူတကွ အဖြေရှာကြဖို့၊ အတူတကွ အခက်အခဲများကို ဖြတ်ကျော်ပြီး အနာဂတ်ကို လက်တွဲတည်ဆောက်ကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။
“G-20နိုင်ငံများ ဘယ်လိုလုပ်ဆောင်ကြမလဲ” ဆိုတဲ့ မေးခွန်းအပေါ် တရုတ်သမ္မတရှီကျင့်ဖျင် က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြရန် ဆော်ဩခဲ့ပါတယ်။ သူက “G-20နိုင်ငံများဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံများ ဖြစ်ကြသလို နိုင်ငံကြီးများဟာ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်နဲ့ စံပြ လုပ်ကိုင်ဘို့လိုကြောင်း နိုင်ငံတိုင်း တိုးတက်ဘို့၊ လူသားများ သုခချမ်းသာနဲ့ နေထိုင်နိုင်ဘို့၊ ကျွန်တော်တို့ ကမ္ဘာ့ကြီး ရှေ့သို့လျှောက်လှမ်းနိုင်ဘို့ ကြိုးစား ဆောင်ရွက်သွားရန်” ဆော်ဩခဲ့ပါတယ်။
တရုတ်ဝိသေသလက္ခဏာဆောင်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ တိုးတက်ရေးလမ်းကြောင်းမှာ ကြုံ တွေ့နေရတဲ့ အခက်အခဲပြဿနာများကို ကျော်လွှားကာ “ဘာကြောင့် တိုးတက်ဖို့လိုသလဲ။”၊ ကျွန်တော်တို့အနေနဲ့ “ဘယ်လို တိုးတက်မှုကို လိုအပ်သလဲ” ဆိုတဲ့ မေးခွန်းကို တင်ပြဆွေးနွေးခဲ့ပါ တယ်။
ကိုဗစ်(၁၉)ကပ်ရောဂါဟာ နှစ်များစွာ တိုးတက်ခဲ့တဲ့ ကမ္ဘာ့အောင်သီးအောင်ပွင့်တွေကို ဝါးမျို ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၃၀ ခုနှစ် အစဉ်မပြတ်တိုးတက်ရေး အဆိုပြုချက်ဟာလည်း အဟန့်အတားတွေနဲ့ ရင်ဆိုင်နေသလို မြောက်ပိုင်းနိုင်ငံများဖြစ်ကြသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများနဲ့ တောင်ပိုင်းနိုင်ငံများဖြစ်ကြသော ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများအကြားရှိ ကွာဟချက် ချောက်ကမ်းပါးဟာလည်း နက်သထက်နက်လာနေပြီး စားနပ်ရိက္ခာနဲ့လောင်စာ လုံခြုံရေးအန္တရာယ် တို့ကြောင့် “ပိုမိုထွေးပိုက်နိုင်တဲ့ ကမ္ဘာ့တစ်ဝှမ်းတိုးတက်မှု”၊ “ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့တစ်ဝှမ်းတိုးတက်မှု”၊ “ပိုမိုတန်ပြန်နိုင်စွမ်းကောင်းတဲ့ ကမ္ဘာ့တစ်ဝှမ်းတိုးတက်မှု” ဆိုတဲ့ ကိစ္စရပ်များကို လူအများ ပိုမိုအလေးထား တွေးခေါ်လာနေကြတာတွေ့ရပါတယ်။ ဒီအတွက် တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ရှင်းရှင်းလင်းလင်း ရှိလှတဲ့ အကြံပြုချက် (၃) ချက်ကို တင်ပြခဲ့ပါတယ်။ သူက “တရုတ်နိုင်ငံဟာ တရုတ်ဝိသေသ လက္ခဏာဆောင်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ လက်ရှိတစ်ကမ္ဘာ့လုံးကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကို ကျော် လွှားသွားမှာ ဖြစ်သလို၊ ရေရှည်အတွက် ကမ္ဘာ့ဖွဲ့စည်းပုံပြဿနာကို ရင်ဆိုင်သွားမှာဖြစ်ပြီး၊ ကမ္ဘာ့ တစ်ဝှမ်း စီးပွားရေးအရှိန်အဟုန်နဲ့ တိုးတက်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေး အရာရာကို ထွေးပိုက်ပြီး တန်းတူတိုးတက်ရေးတို့အတွက် ဉာဏစွမ်းအင်အားများ ထည့်သွင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပိုမိုထွေးပိုက်နိုင်တဲ့ ကမ္ဘာ့တိုးတက်မှုအတွက် နိုင်ငံများအကြား အပြန်အလှန်လေးစားဖို့လိုမှာ ဖြစ်သလို မတူတာထား၊ တူတာလက်တွဲလို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရမှာ ဖြစ်ပါတယ်။ ထို့အတူ တံခါးဖွင့်တဲ့ ကမ္ဘာ့စီးပွားရေးစနစ်တည်ဆောက်ရမှာဖြစ်ပြီး အိမ်နီးချင်းအကြား ချောက် ကမ်းပါးမခြား၊ ခြံစည်းရိုးအမြင့်ကာပြီးဝန်းထဲ မနေဘို့၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာ လှောင်ပိတ် ပြီး တစ်ပါးသူကိုငြင်းဆန်နေတာ မလုပ်ဘို့လိုပါတယ်၊ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အင်ဒိုနီးရှားရဲ့ “ကြံဟာအုံလိုက်ကျင်းလိုက် ပေါက်ရောက်တဲ့ ဓလေ့ရှိသလို၊ စပါးလင်ဟာလည်း အစုအပြုံလိုက် ပေါက်တဲ့ အမျိုးဖြစ်တယ်။” ဆိုတဲ့ ဆိုရိုးစကားနဲ့ “သွေးကွဲမှု၊ ထိုးနှက်မှုတွေဟာ ဘယ်သူ့အတွက်မှ မကောင်းဘူး။ စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဆိုတဲ့ ရိုးရှင်းလှတဲ့ အမှန်တရားကို မီးမောင်းထိုးပြ ခဲ့ပါတယ်။
“ပိုမိုကျယ်ပြန့်တဲ့ကမ္ဘာတစ်ဝန်းတိုးတက်မှု” ကို တည်ဆောက်ရေးဆိုရာမှာ နိုင်ငံတိုင်းအတူ တကွ တိုးတက်ရေးဖြစ်ပြီး၊ ရှေ့ရောက်နေတဲ့နိုင်ငံများက စိတ်ထားဖြူစင်စွာ အခြားနိုင်ငံများ တိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်သလို အများအတွက် ကဏ္ဍသစ်များ ပိုမိုလမ်း ဖွင့်ပေးရာမှာ ဖြစ်ပါတယ်။ နိုင်ငံကြီးတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်သလို၊ ကမ္ဘာ့ တိုးတက်ရေးအတွက် ကိုယ်ဖိရင်ဖိကြိုးစားလုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။
“ပိုမိုတန်ပြန်နိုင်စွမ်းကောင်းတဲ့ ကမ္ဘာ့တစ်ဝန်းတိုးတက်မှုကို တည်ဆောက်နိုင်ရေးဆိုတာကို ခါတိုင်းအချိန်များထက် တိုးတက်ရေးပြဿနာကို ပိုမိုအလေးထားဘို့လိုပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည် နိုးထလာရေးတည်ဆောက်မှုမှာ မိတ်ဖက်ဆက်ဆံရေးရရှိမှာဖြစ်သလို၊ တိုးတက်ရေးကို ဦးစားပေးတဲ့၊ ပြည်သူသာပဓာနဆိုတဲ့ခံယူချက်နှင့် တိုးတက်ဆဲနိုင်ငံများရဲ့ အခက်အခဲကို အစဉ် အလေးထားကာ တိုးတက်ဆဲနိုင်ငံများက ဦးစားပေးအလေးထားတဲ့ မူဆိုင်ရာကိစ္စရပ်များကိုလည်း လေးစားဘို့ လိုပါတယ်။ တရုတ်နိုင်ငံအနေနှင့် လူသားများရဲ့တိုးတက်ရေးမှာ တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်နဲ့လုပ်ကိုင်သွားမှာဖြစ်ပြီး၊ ခေတ်မီနိုင်ငံလမ်းကြောင်းပေါ်သို့ စဉ်ဆက်မပြတ် လျှောက်လှမ်းနေတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် အခွင့်အလမ်းတွေ ပိုမိုပေးစွမ်းနိုင်မှာ ဖြစ်သလို၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အားသစ်ပိုမိုလောင်းပေးနိုင်မှာ ဖြစ်ကာ၊ လူသားအားလုံး တိုးတက်ရေးအတွက် ဆထက်ထမ်းပိုး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီလို အားရှိစေတဲ့ စကားတွေပြောကြားသွားတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က “တရုတ်နိုင်ငံ အနေနဲ့ မိမိတို့ နိုင်ငံတိုးတက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းအခွင့်အလှမ်းများရရှိလာစေမှာ ဖြစ်ကြောင်း၊ လူသားအားလုံး တိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ကိုင် သွားဘို့ စိတ်သဘောထားရှိကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ နိုင်ငံခြားရေးဆွေးနွေး ပွဲများဖြစ်တဲ့ နှစ်နိုင်ငံဆွေးနွေးပွဲများ၊ နိုင်ငံအများတွေ့ဆုံပွဲများကို ခပ်စိတ်စိတ် တက်ရောက်သလို တရုတ်ကွန်မြူနစ်ပါတီာ ၂၀ ကြိမ်မြောက်ပြည်လုံးကျွတ်ကွန်ကရက်က ချမှတ်ထားသည့် တရုတ်နိုင်ငံ အနာဂတ်တိုးတက်ရေး ရည်မှန်းချက်နှင့် ပေါ်လစီလမ်းညွှန်ချက်များကို နိုင်ငံအများ သိရှိနားလည်အောင် မိတ်ဆက်ပေးခဲ့ပါတယ်။ ခေါင်းဆောင်များအကြား ကျယ်ပြန့်နက်နဲစွာ ဆွေးနွေးမှုများကြောင့် ခေတ်သစ်တရုတ်နိုင်ငံရဲ့ အနာဂတ်တိုးတက်ရေး လမ်းကြောင်းများကို နိုင်ငံအများပိုမိုသိရှိနားလည် ထားသလို တရုတ်နိုင်ငံကိုယ်တိုင်တိုးတက်မှုကနေ ကမ္ဘာကြီးကို တိုးတက်ရေးဆိုတဲ့ ရည်မှန်းချက် အပေါ် ပိုမိုမျှော်လင့်ချက်ထား ယုံကြည်အားကိုးလာခဲ့ပါတယ်။
ကမ္ဘာဘဏ်ရဲ့ နောက်ဆုံးစာရင်းထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပျှမ်းမျှတိုးတက်မှုဟာ ကမ္ဘာတစ်ဝှမ်းစီးပွားရေးတိုးတက်မှုအတွက် (၃၈၆) စွမ်းဆောင် နိုင်ခဲ့ပြီး နိုင်ငံရဲ့ ဒေသပေါင်း ၁၄၀ ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သလို ကုန်သွယ်မှုပမာဏမှာ လည်း ကမ္ဘာမှာဗိုလ်စွဲနေပါတယ်။ မကြာသေးခင်ကဘဲ တရုတ်နိုင်ငံဟာ (၅) ကြိမ်မြောက်သွင်း ကုန်ပြပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီး နိုင်ငံဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၄၅ နိုင်ငံ တက်ရောက်ပါဝင်ခင်းကျင်းပြသခဲ့ကာ တစ်နှစ်လုံးရဲ့ ရည်မှန်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း၉၇၃၅၂၀) ရှိခဲ့ပါတယ်။
လက်ရှိ “BRI”စီမံကိန်းသတင်းကောင်းများစွာ ကြားနေရပြီးဖြစ်ပါတယ်။ အင်ဒိုနီးရှား ဂျာကာတာ- ဗန်တောင်း အမြန်ရထားလမ်းတစ်စိတ်တစ်ပိုင်း စမ်းသပ်ပြေးဆွဲမှုစတင်ခြင်း၊ ကမ္ဘောဒီးယား ဖနွမ်ပင်-သီဟာနုပြည်နယ်ဆိပ်ကမ်း အမြန်လမ်းဖွင့်လှစ်ခြင်း၊ တရုတ်-လာအိုရထားလမ်း၊ ကုန်တင်ပြေးဆွဲ ခြင်းစတဲ့ “BRI”စီမံကိန်းလက်တွဲအကောင်အထည်ဖော်မှုများဟာ လူအများ ဝမ်းပန်းတသာ ကြိုဆိုကြတဲ့ အပြည်ပြည်ဆိုင်ရာအများအကျိုးပြုစီမံကိန်းတွေဖြစ်လာနေသလို အပြည်ပြည်ဆိုင်ရာပူးပေါင်းရွက် အတွက် စင်မြင့်တစ်ခုလည်းဖြစ်လာနေသော သန်းပေါင်းများစွာ ပြည်သူလူထုများလည်း ဒီအောင် သီးအောင်ပွင့်တွေကို ခံစားကြမှာဖြစ်ပါတယ်။ တရုတ်ဝိသေသလက္ခဏာဆောင်တဲ့ ခေတ်မီတိုးတက်မှု အောင်သီးအောင်ပွင့်များဟာ တစ်ကမ္ဘာလုံးခံစားခွင့်ရခဲ့သလို ကမ္ဘာကြီး ငြိမ်းချမ်းနိုင်ဘို့ ဒီထက် ကောင်းတဲ့၊ ဒီထက်တန်းတူညီမျှတဲ့ တိုးတက်မှုများရရှိဘို့ အရေးကြီးစွမ်းဆောင်မှုများ ပြုနိုင်ခဲ့ပါ တယ်။ ပြင်သစ်သမ္မတ အီဗန်နျူယက်မက်ခွန်းက ဘာလီကျွန်းတွင် တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံရာမှ တရုတ်ဝိသေသလက္ခဏာဆောင်တဲ့ ခေတ်မီ တိုးတက်မှုပုံစံဟာ အားကျဖွယ်ကောင်း ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားပညာရှင်တစ်ယောက်ပြောသွားခဲ့သလိုပါပဲ..၊ ကမ္ဘာ့လူသားတွေဟာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ခေတ်ကြီးထဲ ရောက်နေသလို အဲဒီခေတ်ကြီးဟာလည်း မျှော်လင့်ချက်အပေါင်းနဲ့ ပြည့်နှက်နေတဲ့ ခေတ်ကြီးလည်း ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံတိုးတက်မှုက ကမ္ဘာကြီးအတွက် အခွင့် အလမ်းတွေ ပိုမိုရရှိအောင် နိုင်ငံတိုင်းနှင့် လက်တွဲပြီး အောင်သီး အောင်ပွင့်များမျှဝေခံစားနိုင်ဘို့၊ စိန်ခေါ်မှုများကို ကျော်ဖြတ်ရင်း လူသားအားလုံးရဲ့ တူညီသော လှပတဲ့အနာဂတ်အတွက် တရုတ်နိုင်ငံက နိုင်ငံအားလုံးနှင့်အတူ လက်တွဲရင်ဆိုင်လျှောက်လှမ်း သွားဖို့ အချိန်ဖြစ်ကြောင်းတင်ပြရပါတယ်။
KZ -ရေးသားသည်
Published 27 Nov 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ်က ယူလင်းပြည်နယ်က ကြက်မွေးမြူရေးစခန်းတစ်ခုမှာ မွေးမြူရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် စက်ရုပ်နှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို စတင်အသုံးပြုနေပါတယ်။
မွေးမြူရေးစခန်းမှာ စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် နိုဝင်ဘာလကစပြီး ဒစ်ဂျစ်တယ် ပလက်ဖောင်းကို စတင်အသုံးပြု ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကြက်လှောင်အိမ်ထဲမှာရှိတဲ့ အတန်းတစ်တန်းစီက ကြက်တွေကို စက်ရုပ်တစ်ရုပ်က မျက်မြင်စစ်ဆေးပေးပါတယ်။ အပူချိန်၊စိုထိုင်းဆ၊အလင်းရောင်အခြေအနေနှင့် နေမကောင်းတဲ့၊သေသွားတဲ့ကြက်တွေရဲ့ အနေအထားစတာတွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်းကနေ ပြသပေးနေပါတယ်။အဲဒီသတင်းအချက်အလက်တွေဟာ ဝန်ထမ်းတွေရဲ့လက်ကိုင်ဖုန်းတွေဆီမှာ ထည့်သွင်းထားတဲ့ အက်ပလီကေးရှင်းတွေဆီ စဉ်ဆက်မပြတ်ပို့လွှတ်ပေးနေပါတယ်။
“ အရင်တုန်းက ကြက်အကောင်ငါးထောင်ကို မျိုးဖောက်သူတစ်ဦးထားခဲ့ရာက အခု ကြက်အကောင် တစ်သိန်းရှစ်သောင်းကို တစ်ယောက်အထိ ရလာပါတယ်”လို့ စိုက်ပျိုးရေးနှင့် တိရိစ္စ္ဆာန် မွေးမြူရေးခြံများရဲ့ နည်းပညာ ဒါရိုက်တာ လီဖားရှန်းက ပြောပါတယ်။
သေနေတဲ့ကြက်တွေရဲ့ ၉၉ရာခိုင်နှုန်းလောက်အထိ စက်ရုံတွေက သိနိုင်ကြတယ်လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ စက်ရုပ်ပေါ်မှာရှိတဲ့ အမှတ်အသားကနေ အလုပ်သမားတွေဟာ ဖျားနာနေတဲ့ သေနေတဲ့ကြက်တွေကို ရှာနိုင်ကြတာ ဖြစ်ပါတယ်။
ကွမ်ရှီးက စိုက်ပျိုးရေးလုပ်ငန်းတွေကို big data(ဘစ်ဒေတာ)နှင့်ပေါင်းစပ်ဖို့အတွက် ဉာဏ်ရှိတဲ့ မွေးမြူရေးသုံး စက်ရုပ်တွေကို ရွေးချယ်အသုံးပြုတာဟာ အထင်ကရ စီမံကိန်းတစ်ခုဖြစ်နေပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၉.၈၁ သန်းနှင့်ညီမျှတဲ့ ရင်းနှီးမြှပ်နှံမှု ယွမ် သန်း၇၀ကျော်ရှိတဲ့ အလိုအလျောက်ထိန်းချုပ်သည့် ဉာဏ်ရည်ရှိစိုက်ပျိုးမွေးမြူရေး ဂေဟနည်းကျလူ့အသိုက်အဝန်းစီမံကိန်းကြီးရဲ့ အစိတ်အပိုင်းလည်းဖြစ်ပါတယ်။
“ ကြက်ဥတွေနှင့် မွေးမြူရေးလုပ်ငန်းအတွက် ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုပလက်ဖောင်း သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငငန်းဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို သိသာစွာလျှော့ချပေးပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရည်အသွေးမြင့် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးတိုးတက်မှုနှင့်အတူ လုပ်ဆောင်ဖို့ ကျွန်တော်တို့အားပေးနေပါတယ်” လို့ အဲဒီ ခြံရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ တန်ရှန်ဆောင်းက ပြောပါတယ်။
Source: CCTV Plus
#Robots_and_Digital_platforms_in _livestock
#China_ Guangxi
#China_Modern_farming
Published 23 Nov 2022
တရုတ်နိုင်ငံက မင်သက်ရှုမောဘွယ်ရာ နေရဲ့မျက်နှာပြင် သိပ္ပံနည်းကျ ပုံရိပ်တွေကို တနင်္လာနေ့က ထုတ်ပြန်ပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စက်ဖြစ်တဲ့HXI လို့ခေါ်တဲ့ တောင့်တင်းသော အိတ်စ်ရေးပုံရိပ်စက်ကနေ ပထမဆုံးထုတ်လုပ်ပေးလိုက်တဲ့ ပုံတွေလည်းဖြစ်ပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီရဲ့ ခရမ်းတောင်တန်း နက္ခတ်တာရာ စူးစမ်းလေ့လာရေးဌာနက ထုတ်ပြန်လိုက်တဲ့ ယခုပုံတွေကို အောက်တိုဘာလကလွှတ်တင်ခဲ့တဲ့ တရုတ်ရဲ့ ကောဖူး-၁ ဂြိုဟ်တုနှင့် ယင်းရဲ့ ခေတ်မီအကာကာသအခြေခံ နေစူးစမ်းလေ့လာရေးအဖွဲ့တို့ ကနေ ဖမ်းယူ ရရှိခဲ့တာပါ။
ယခုထုတ်ပြန်တဲ့ပုံတွေထဲမှာ ယခုနှစ် နိုဝင်ဘာ ၁၁ရက်နေ့ နေ့လယ်တစ်နာရီမှာ နေကနေဖြာထွက်လာတဲ့ အမ်အဆင့် အလင်းတန်းတွေကို တွေ့ကြရမှာဖြစ်ပါတယ်။
Source CCTV+
Page 39 of 42