#Asia_News
Published 21 January 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က တရုတ်နှစ်သစ်ကူးမတိုင်မီမှာ လက်နက်ကိုင်တပ်များကို ရုပ်သံမှကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကိုကာကွယ်ရန် တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြား လိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 January 2023
တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ရိုးရာမုန့်တွေဖြစ်တဲ့ အီကွေ့မုန့်အပါအဝင် ပဲမုန့်၊ ဘဲဥမုန့်၊ ဖရုံမုန့်၊ မုန့်မျိုးစုံစတာတွေအော်ဒါမှာဝယ်ယူမှုတွေများတယ်လို့ မုန့်ကိုယ်စားလှယ်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Asia_Space
Published 19 January 2023
တရုတ်နိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်း သူတိုရဲ့အနာဂတ်ချန်အီလကမ္ဘာမစ်ရှင်များအတွက် အဓိကဆက်သွယ်ဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် ကွေ့ချောင်-၂ ဂြိုဟ်တုကို လာမယ့်နှစ်အစောပိုင်းမှာ လွှတ်တင်မှာဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသအဖွဲ့အစည်း(CNSA) က ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 January 2023
တရုတ်မှ ပြန်လည် ဝင်ရောက်လာသူပြည်တော်ပြန် ၁၀၀ ကျော်အနက် ၃ ဦးတွင် ဇန်နဝါရီ ၁၈ရက်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။
"၁၈ရက်နေ့က နန်းတော်ဂိတ်ပေါက်က မူဆယ်မြို့ကို ပြည်တော်ပြန် ၁၀၀ ကျော် ပြန်လည်ဝင်ရောက်လာတယ်။ စစ်လိုက်တော့ ၃ယောက် မှာ ကိုဗစ်ပိုးတွေ့တယ်။ သူတို့ကို ကိုဗစ်စင်တာမှာ စနစ်တကျ ကုသပေးနေတယ်"ဟုဆိုသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး ၃ဦးကို မူဆယ် ၁၀၅မိုင် ကုတင် ၁၀၀၀ဆေးရုံတွင် အသွားအလာကန့်သတ်၍ စနစ်တကျထားရှိကုသပေးနေကြောင်းလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်က သိရသည်။
ဇန်နဝါရီ ၈ရက်တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရ၏သဘောတူညီမှုဖြင့် နေရပ်ပြန်များ ပြန်လည်လက်ခံပေးနေပြီးဇန်နဝါရီလ (၁၄) ရက်ကလည်း နေရပ်ပြန် မြန်မာနိုင်ငံသားပြည်တော်ပြန် (၁၄၀) ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။
ပထမအကြိမ်ဝင်ရောက်လာသူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ၊ လဝကကိစ္စရပ်များအား စစ်ဆေးမှုများပြုလုပ်ပြီး မိမိတို့၏ နေရပ်များသို့ ပြန်လည်ထွက်သွားပြီးဖြစ်ကြောင်းနှင့် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ကိုဗစ်ကြောင့် ပိတ်ထားရသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်တွေကို ပြန်ဖွင့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
Published 10 Jan 2023
တရုတ်နှင့်မြန်မာနိုင်ငံတို့ရဲ့အကြီးဆုံးကုန်းပိုင်းနယ်စပ်ပေါက်ကို တရုတ်နိုင်ငံ အနောက်တောင်ပြည်နယ် ရွှေလီမြို့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံက ယင်းရဲ့ ကိုဗစ်ကပ်ရောဂါစည်းကမ်းသတ်မှတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက် နယ်စပ်တွေပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ရွှေလီနယ်စပ်ပေါက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
နယ်စပ်ပေါက်ပြန်လည်ဖွင့်လှစ်ခြင်းအဖြစ်တရုတ်ဘက်မှာ တရုတ်နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့နယ်စပ်ပေါက်ရဲ့ အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းအဆင့်မြှင့်တင်ပြင်ဆင်ဖို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆငရေးတွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့်ကွန်ယက်ပစ္စည်းတွေ ပြန်လည်ပြုပြင်ရေးဖြစ်ပါတယ်” လို့ ရွှေလီလူဝင်မှုကြီးကြပ်ရေးစခန်းက အရာရှိ ကျွာယူဖေးက ပြောပါတယ်။
ရွှေလီဘက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်လာရှာကြတဲ့ မြန်မာနိုင်ငံသားတော်တော်များများဟာ မိသားစုနှင့်ပြန်တွေ့ကြဖို့ အကြာကြီးစောင့်ဆိုင်းခဲ့ကြရတာပါ။
“ကျွန်မအတော်စိတ်လှုပ်ရှားမိတယ်။ မြန်မာနိုင်ငံမပြန်ရတာအတော်ကြာပြီ” လို့ မြန်မာအမျိုးသမီးပြုံးပြုံးစိန်ကပြောပါတယ်။
လူအုပ်ကြီးဟာ အကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ကာလတွေကိုဖြတ်သန်းခဲ့ကြရတပါ။ သူတို့ဟာ ဓာတ်ပုံတွေရိုက်ကြပြီး အွန်လိုင်းကနေ ဗွီဒီယိုတွေ လိုက်ဖ်တင်ကာ သူတို့ရဲ့အပျော်တွေကို မိတ်ဆွေတွေထံ ဝေမျှပေးခဲ့ကြပါတယ်။
ဒီဝင်ထွက်ပေါက်ဖွင့်လိုက်တဲ့အတွက် အပြုသဘောပြောင်းလဲမှုတွေအများကြီးဖြစ်လာမှာပါ။
“ လူတွေရဲ့ဘဝ၊စီးပွာရေးနှင့် မြို့ရဲ့ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲကြီးတွေဖြစ်လာမှာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကျွန်တော်တို့ မြန်မာဘက်နှင့် အလုပ်သမားဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမှာပါ။ ဒါဟာ ရွှေလီမှာအခြေစိုက်နေတဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုး လုပ်သားအခြေပြု လုပ်ငန်းတွေအတွက် အကူအညီဖြစ်စေမှာပါ” လို့ ရွှေလီဒုမြို့တော်ဝန် ကန်ပေါင်တေးက ပြောပါတယ်။
နှစ်နိုင်ငံအကြား အခြားသောယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ကြံဆမယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။ ဥပမာအားဖြင့် နယ်စပ်ကုန်စည်ပြပွဲတွေ၊ နယ်စပ်ဖြတ်ကျော်မာရသွန်ပြေးပွဲတွေနှင့် နှစ်ပတ်လည် ကာနင်ဗယ် ပွဲတော်တွေလိုမျိုးဖြစ်တယ်လို့ သူကပြောကြားလိုက်ပါတယ်။
Source CCTV+
#China_Myanmar_Border_Gate
#Rulli_border_port_opened
#China_Myanmar
Published 12 Dec 2022
တရုတ်ပြည်တွင်းထုတ် C919 လေယာဉ်ဟာ နိုင်ငံတကာ ဂျက်လေယာဉ်ကြီးဈေးကွက်မှာ ဘိုအင်းနှင့်အဲယားဘတ်စ် ကုမ္ပဏီနှစ်ခုပဲ ကြီးစိုးထားတာကို အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်ပြီး ဖောက်သည်တွေအတွက် ရွေးချယ်စရာ ပိုများလာစေလိမ့်မယ်လို့ အဆိုပါလေယာဉ်ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် ဝူကွမ်ဟွေ့က ပြောလိုက်ပါတယ်။
ပထမဆုံး C919 လေယာဉ်ကို ပထမဆုံးဖောက်သည်ဖြစ်တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းကို သောကြာနေ့က ပေးပို့ ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက်မှာ ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ်ကြီးစတင်ရရှိလိုက်တာပဲဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ခရီးသည်မပါဘဲ နာရီ၁၀၀ စမ်းသပ်ပျံသန်းမှုတွေပြုလုပ်မှာပါ။အဲသလိုပျံသန်းတဲ့အခါ ရှန်ဟိုင်း၊ပေကျင်း နှင့် ကွမ်ကျိုးတို့မှာ ရပ်နားပါလိမ့်မယ်။
၂၀၂၃ခုနှစ် နွေဦးမှာတော့ လေယာဉ်ကို ခရီးစဉ်တွေစတင်ပျံသန်းဖို့ မျှော်မှန်းထားကြပါတယ်။
“ ၂၀၁၇ခုနှစ်မှာ C919 ကိုပထမဆုံးပျံသန်းခဲ့တာကနေ လေကြောင်းပျံသန်းခွင့်လက်မှတ် ၂၀၂၂မှာရခဲ့တဲ့အထိ ကျွန်တော်တို့ ငါးနှစ်တာကာလပတ်လုံး စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အဲဒီအထဲမှာ မြေပြင်နှင့်ဝေဟင်စမ်းသပ် မှဒတွေကနေ လေယာဉ်အန္တရာယ်ကင်းရှင်းမှု အသေအချာဖြစ်စေဖို့အထိပါဝင်ပါတယ်” လို့ တရုတ်ဗဟိုရုပ်သံနှင့် တနင်္ဂနွေနေ့က အင်တာဗျူးမှာ ဝူက ပြောခဲ့ပါတယ်။
တရုတ်လေကြောင်းလိုင်းတွေဟာ C919 ကို နိုင်ငံတကာခရီးစဉ်တွေမှာ ပျံသန်းနိုင်မယ်လို့ သူကမှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အကယ်၍ နိုင်ငံခြားလေကြောင်းကုမ္ပဏီတွေက C919 ကို ဝယ်ယူပျံသန်းချင်ရင် သူတို့ရဲ့မိခင်နိုင်ငံတွေဆီက လေယာဉ်ပျံသန်းခွင့်လက်မှတ်အရင်ရယူဖို့လိုမယ်လို့လည်းသူကပြောပါတယ်။
အခြားနိုင်ငံတွေဆီက ပျံသန်းခွင့်လက်မှတ်ကို ခပ်မြန်မြန်ရနိုင်သမျှရယူသွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်တွေ အတွက် ရွေးချယ်စရာပိုများလာမှာဖြစ်တယ်လို့ ဝူကပြောပါတယ်။
“လေယာဉ်ပျံကြီးတွေရဲ့ဈေးကွက်ဟာ အလွန်ကြီးတယ်။ပြီးတော့ အလွန်လျင်မြန်စွာဖွံ့ဖြိုးနေတယ်။ တရုတ်လေယာဉ် တွေ အဲဒီဈေးကွက်ထဲရောက်ရှိလာပြီး လာမယ့် အနှစ်(၂၀)အတွင်း အရေအတွက်နှစ်ဆတိုးလာလိမ့်မယ်။ အဲသလို ဖွံဖြိုးမှုနှုန်းနှင့် ဈေးကွက်ဟာ တတိယနှင့် စတုတ္ထမြောက် လေယာဉ်ကြီးထုတ်လုပ်သူတွေအတွက် လုံလောက်တဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ဒီဈေးကွက်မှာ အားလုံးအောင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်မယ်လို့ယုံကြည် တယ်” လို့လည်း သူကပြောပါတယ်။
C919 ဟာ အားသာချက်တွေအများကြီးရှိပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးခရီးသည်တင်လေယာဉ်တွေထဲက တစ်စီး ဖြစ်တယ်လို့ ဝူကပြောပါတယ်။
“ C919ဟာ ဒီဇိုင်းအသစ်တွေ အများကြီးသုံးထားတယ်။ တည်ဆောက်ပုံ၊အသုံပြုတဲ့ပစ္စည်းနှင့်အင်ဂျင်အရ ပြောရရင် ခေတ်အမီဆုံးလေယာဉ်တွေထဲမှာ ပါဝင်နေတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အပေါ် ကျွန်တော်တို့ ယုံကြည်မှုအပြည့်အဝ ရှိတယ်။ C919 ကိုကမ္ဘာ့နိုင်ငံတွေကို ရောင်းနိုင်ပြီးတစ်နေ့နေ့မှာ လေယာဉ်ဟာ ကမ္ဘာအနှံ့ပျံသန်းနေတဲ့လေယာဉ်ဖြစ်လာ မယ်လို့မျှော်လင့်ယုံကြည်ထားတယ်” လို့လည်း သူကပြောပါတယ်။
ခေတ်အမီဆုံးလေယာဉ်တွေထဲက တစ်ခုဖြစ်တဲ့ C919 ဟာ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အခြား ကုမ္ပဏီတွေက အသားကျပြီး လေယာဉ်တွေနှင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
လွယ်ကူလှတဲ့အလုပ်မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ အတော်အပင်ပန်းခံကြိုးစားခဲ့ရပြီး ယခုထက်ထိ ပြဿနာကြီးကြီးကျယ်ကျယ်မကြုံခဲ့ရဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံကို ဝူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
#C919_Jet
#China_Made_Jet_Liner
#China_Aviation
Page 38 of 42